Chapter 50

2.3K 193 1
                                    

တောင်သူကြီးရဲ့ဇနီးလေး - ၅၀

အပြင်ဘက်တွင် နေ့တိုင်း နှင်းများပိုပိုပြီး ကျလာလေသည်။ ရွှီချောင်နှင့် ဖူကွေ့တို့သည် ထိုနေ့များတွင် အပြင်မထွက်ဘဲ နေကြသည်။ အိမ်ထဲတွင် ပစ္စည်းများအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ နှစ်သစ်ကူးအတွက် နှုတ်ခွန်းဆက်စကား လာပြောကြသော ကလေးများအတွက် စားစရာများအဖြစ် အချို့သော အဆာသွတ်မုန့်များနှင့် ပျားရည်များကိုလည်း စီစဉ်ထားလေသည်။

ဒီနှစ်ကျသော နှင်းများသည် မနှစ်ကထက် ပို၍နည်းလေသည်။ အပြင်သို့သွားခြင်း (သို့) အလည်အပတ်သွားခြင်း စသည်ဖြင့် မည်သည့်အမှားအယွင်းမှ မရှိပေ။ ရွှီချောင်သည် မုန့်ပေါင်း၊ အသားပေါင်းနှင့် အာလူးပေါင်းများကို လွန်ခဲ့သည့် နှစ်ရက်ထဲက လုပ်ထားလေသည်။

၂၉ ရက်မြောက်နေ့တွင် အိမ်‌၏အတွင်းနှင့်အပြင်ဘက်တွင် ရေဆိုးရေညစ်များကို သန့်စင်စေခဲ့သည်။

၂၉ ရက်မြောက်နေ့ညတွင် ညစာစားပြီးသည်နှင့် လီသည် ရှောင်ရှန်းကို တစ်ခဏကြာအောင် ဖက်ထားချိန်တွင် အာ့ယာ၊ စန်းယာနှင့် အဖေရွှီတို့သည် အိမ်သို့ ရောက်လာကြသည်။ မိသားစုသည် မီးလင်းဖိုအနားတွင် ထိုင်ကာ ကိတ်မုန့်နှင့် သစ်သီးများကို စားကြရင်း ပျော်ရွှင်စွာ စကားစမြည်ပြောနေကြသည်။ ပြီးနောက် ညသန်းခေါင်မတိုင်မီ ပြန်သွားကြလေသည်။

နောက်တစ်နေ့က ‌နှစ်သစ်ကူးအကြိုနေ့ဖြစ်သည်။ ရွှီချောင်သည် မုန့်ပေါင်း၊ အာလူးပေါင်းနှင့် အသားပေါင်းတို့ကို အပူပြန်ပေးကာ မနက်စာ အပြည့်စားလေသည်။ မနက်စာစားပြီးနောက် ရွာတွင် နှစ်သစ်ကူးပုံများ ကပ်ခြင်းဖြင့် အလုပ်များနေလေသည်။ နှစ်သစ်ကူးပုံများ ကပ်ပြီးနောက် သန့်စင်ထားသော ငါးအချို့နှင့် အသားပေါင်းများကို ယူကာ မြောင်မြောင်ကိုခေါ်၍ ဖူကွေ့နောက်သို့လိုက်ပြီး ယန်မိသားစု၏အိမ်သို့ ပြန်သွားခဲ့သည်။

ဒီနှစ် နှစ်သစ်ကူးအကြိုနေ့တွင် အတူတကွ ညစာစားကြဖို့ရန်အတွက် စုဝေးကြသည်။ မိသားစုမှ ခွဲထွက်၍ အဝေးမှာနေကြသောသူများသည် အိမ်သို့ စောစီးစွာ ပြန်လာ၍ ကူညီလုပ်ကိုင်ပေးကြသည်။ ယန်မိသားစုရဲ့အနီးနားမှာနေသော ရွှီချောင်တို့နှင့် အခြားသူများသည် ခဏအကြာ‌တွင် ရောက်ရှိလာကြသည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Dove le storie prendono vita. Scoprilo ora