Chapter 18

3.1K 238 0
                                    

Chapter 18

အခန်း ( ၁၈ )

ချန်က ချန်မောင်နှင့် လိုက်သွားခဲ့သည်။ ရွှီချောင်နှင့် ရှန်တို့က ကြည့်ပြီး သူတို့နှင့် မသက်ဆိုင်ရာ သူတို့ရဲ့ အလုပ်ကိုသာ ဆက်လုပ်ခဲ့သည်။ သိပ်မကြာလိုက်၊ ရှောင်အန်းက သူ အပြင်သွားမည့် အကြောင်း ပြောလာသည်။

“ယိစောင် ကျွန်မ ကျွမ်းကျီနဲ့ မြို့ကို သွားလိုက်ဦးမယ်၊ နေ့လယ်ကျ ပြန်လာမယ်” (ယိစောင် - ပထမ ယောက်မ)

ရွှီချောင်က ပြုံး၍ ပြန်ဖြေလိုက်သည်။ “သွားလေ၊ အမ မင်းရဲ့ ဒုတိယ ယောက်မနဲ့ အိမ်စောင့်နေမယ်၊ စိတ်မပူနဲ့”

ရှောင်အန်းနှင့် ကျွမ်းကျီက မြို့သို့သွားရာ အိမ်တွင် ဇနီးတို့သာ ကျန်ခဲ့သည်။ နျိုရဲ့ အခန်းက တိတ်ဆိတ်နေသည်။ သူတို့လည်း သူမ ဘာလုပ်နေသည်လဲ မသိကြပေ။ မကြာလိုက် ရွှီချောင့်ထံ ဝမ်ချောင်းအာက လာလည်ခဲ့သည်။ ရွှီချောင်က ဝမ်ချောင်းအာကို တွေ့တော့ ထရပ်၍ နှုတ်ဆက်လိုက်သည်။ “ချောင်းအာ၊ လာလေ၊ ထိုင်ဦး”

ချောင်းအာက အပြုံးလေးနှင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။ “ရွှီချောင်၊ မင်းနဲ့ အမရှန်က အဝတ်ချုပ်နေတာလား”

ရှန်က ပြန်ဖြေလိုက်သည်။ “ချောင်းအာ လာတာကိုး၊ ထိုင်ဦး၊ ဒါက ယောက်မ ကျွန်မကို ပေးထားတဲ့ ပိတ်စတွေလေ၊ ရာသီဥတု အေးရင် ဝတ်ဖို့ ရှန့်ကုန်း(ခင်ပွန်း)နဲ့ ကျွင်းကျွင်းအတွက် အဝတ်ချုပ်ပေးမလို့လေ”

ချောင်းအာက ပြုံးကာ “တိုက်ဆိုင်ချက်ပဲ၊ ကျွန်မလည်း ရွှီချောင့်ကို ခေါ်ပြီး မြို့ထဲမှာ လျှောက်ပတ်မလားလို့၊ ရာသီဥတုက အေးလာပြီမလို့ အနွေးထည်ချုပ်ဖို့ ပိတ်စနဲ့ ဂွမ်းတွေ ဝယ်ဖို့လေ”

“ဒါဖြင့် ယောက်မ၊ ချောင်းအာနဲ့ လိုက်သွားလေ၊ ကျွန်မ အိမ်ကို ကြည့်ထားပေးမယ်”

“ဒုတိယ ယောက်မရေ၊ ဒါဆိုလည်း ကျွန်မ ချောင်းအာနဲ့ လိုက်သွားလိုက်ဦးမယ်၊ မိသားစုကိုတော့ ယောက်မ ဂရုစိုက်ထားပေးပါဦး” ရွှီချောင်သည်လည်း မြို့ထဲသွားရန် ရှိပေမဲ့ ယခုတော့ ချောင်းအာနှင့် အတူ သွားဖြစ်သွားသည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now