Chapter 58

2.2K 192 1
                                    

အပိုင်း (၅၈)

ညနေခင်းပြန်ရောက်သည့်အချိန်တွင် မိုယွီပိုင် ဖူကွေ့နှင့် ရွှီချောင်အား ပေကျင်းပြန်သွားခိုင်းမည့်အကြောင်းကို မပြောတော့ချေ။ တစ်ညတာအနားယူပြီး နောက်တစ်နေ့မနက်စောစောတွင် ဖူကွေ့နှင့် ရွှီချောင်က မိုယွီပိုင်အား မိုရီဝမ်၏အုတ်ဂူဆီသို့ အဖော်လိုက်ပို့ပေးလိုက်သည်။ သုံးယောက်သား အိမ်ပြန်ရောက်လာပြီးနောက်တွင် ကိုယ်ရံတော်များက သူတို့အား လာရှာကြသည်။

ရွာသားများမှာ သံချပ်ကာဝတ်ဆင်ပြီး ဓားများလွယ်ကာ မြင်းရှည်ကြီးများစီးလာကြသည့် ကိုယ်ရံတော်တပ်ဖွဲ့ကို မြင်သည့်အချိန်တွင် အံ့အားသင့်ကုန်ကြသည်။ ထိုလူများ ဖူကွေ့အိမ်ရှေ့တွင် ရပ်သွားကြသည်ကို မြင်လျှင်

"ဒီလူတွေက ဘယ်သူတွေလဲ? မြို့က အရာရှိတွေပုံစံနဲ့လည်း မတူဘူးနော်"

"မဟုတ်သေးပါဘူးကွာ၊ ဖူကွေ့မိသားစု တစ်ခုခုကြီးကြီးမားမားများ အပြစ်ပြုမိထားကြသလား? လွန်ခဲ့တဲ့နှစ်ရက်ကပဲ ဖူကွေ့မိန်းမကို ဖမ်းသွားခဲ့သေးတယ်မလား? ကြည့်ရပုံဆိုရင်တော့ အပြစ်က ကြီးလေးတဲ့ပုံပဲ၊ ငါတို့တွေ ဝင်မပတ်သက်မိအောင် ဝေးဝေးရှောင်နေသင့်တယ်"

မိုယွီပိုင်က ကိုယ်ရံတော်တစ်ဦး၏လက်ထဲမှ တော်ဝင်အမိန့်ပြန်တမ်းကို ယူကာ ဖွင့်ဖတ်ပြလိုက်သည်။

တော်ဝင်အမိန့်ပြန်တမ်းဆိုသည့်အတိုင်း ရှုပ်ထွေးပွေလီလှပါဘိ။ ရွီချောင်မှာ နားထောင်ရင်း ခေါင်းရှုပ်မိသော်လည်း ယေဘုယျထင်မြင်ချက်တစ်ခု ရလာခဲ့သည်။ ဖြစ်တန်သည့် အဓိပ္ပာယ်ကား သူ(မ)က အာလူးအား အောင်မြင်စွာ စိုက်ပျိုးနိုင်၍ အသရည်ရှိမင်းကြီးက သူ(မ)အား ရွှေနှင့် ငွေ၊ ပိုးထည်နှင့် ဖဲထည်နှင့် ဧကတစ်ရာသောမြေအား ချီးမြှင့်လိုက်သည်ဟု။ ရွှီချောင်မှာ အရှေ့ရှိဆုလာဘ်များနှင့် ပတ်သက်၍ များများစားစားမတွေးသော်လည်း မြေဧကတစ်ရာဟူသော အသံကို ကြားသည့်အချိန်တွင်တော့ အစစ်အမှန် ပျော်ရွှင်သွားမိသည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Donde viven las historias. Descúbrelo ahora