Chapter 11

3.2K 307 1
                                    

ာင်သူကြီးဇနီး - ၁၁
 
 
ရွှီချောင်သည် ငွေတုံး ၁၀ တုံး ရရှိခဲ့‌သောကြောင့် အလွန်ပျော်ရွှင်နေလေသည်။ သူမ ဖြတ်သန်းလာခဲ့သော ၁၃ နှစ်နီးပါးအတွင်းတွင် သူမ၏ လက်ထဲ၌ ငွေစ အနည်းငယ်သာအများဆုံး ရှိခဲ့လေသည်။ ထိုငွေစများကို ပေးခဲ့သူမှာ သူမ၏အဖေ ရွှီ ဖြစ်လေသည်။ ယခုလို ငွေ ၁၀ တုံးကို ပထမဆုံးအနေဖြင့်ရရှိသောကြောင့်  သူမ စိတ်မလှုပ်ရှားဘူးဟု ပြောလျှင်လိမ်ရာကျနေပေလိမ့်မည်။
 
အရင်ဘ၀တွင် သူမ၏ မိသားစုသည် အရမ်းမချမ်းသာပါဘူး။ကောလိပ် ပြီးသွားပြီးနောက် သူမ၏ ကိုယ်ပိုင် အသုံးစရိတ်အတွက် အပြင်၌ အချိန်ပိုင်း အလုပ်များ လုပ်ခဲ့လေသည်။သူမက ရိုးရှင်းတဲ့ဘဝမှာ နေထိုင်ခဲ့သည်။ ဘဝတွေထဲမှာမှ ဒီဘဝက ပိုပြီးဝောာ့တောင် ဆင်းရဲလေသည်။ လုံလောက်အောင် စားနိုင်ဖို့ထိတောင် ခက်ခဲလေသည်။ သည်လို အခြေအနေကနေ ပိုကောင်းလာဖို့ရာအတွက် အလွန် ခက်ခဲလေသည်။သူမ၏ ပထမဦးဆုံး အတွေးသည်  သူမ၏ လက်ထဲ၌ ရှိသောငွေဒဂ်ါး ၂ ခုနှင့်အတူ ဈေးဝယ်ထွက်ဖို့ ဖြစ်လေသည်။
 
သူမသည် ၁၅ ယွမ်အတွက် တစ်စုံတစ်ခုကို ဝယ်လိုက်လေသည်။ သူမသည် ခါးပိုက်နှိုက်ခံရမှာ‌စိုးရိမ်သောကြောင့် မယွမ်ဝေ၏အမေ(သို့) ယု၏အမေကို ငွေစလေးများဖြင့် အစားထိုးပေးဖို့ တောင်းဆိုခဲ့လေသည်။ အမေ ယုသည် ပြုံးတုံ့တုံ့ဖြင့် ငွေစလေးများဖြင့် အစားထိုးပေးလေသည်။ ထိုမှသာ ရွှီချောင်သည် ငွေစလေးများအဖြစ်ပြောင်းလဲသွားသော ငွေ ၁၀တုံးနှင့် ဈေးဝယ်သွားလေသည်။
 
မြောင်မြောင်တွင် အဝတ်အစား လုံးဝ မရှိပေ။ ဆောင်းဦးကာလ ရောက်လေပြီ ဖြ‌စ်လေသည်။ သူမသည် မြောင်မြောင်အတွက် ဂွမ်း အနွေးထည်များ ချုပ်ပေးရန် ဂွမ်းအထည်စအချို့ကို ဝယ်မည်။ ဒုတိယ အစ်ကိုနှင့် အစ်မ၏ ရှန်ညီအစ်ကိုများတွင် အဝတ်အစားများ သိပ်မရှိသဖြင့် အဝတ်အစားအချို့ကို ဝယ်မည်။ အဖေ ယန်နှင့် ချန် မိသားစုအတွက်အခြားသော ပစ္စည်းများကိုလည်း ဝယ်မည်။
 
ထို့ကြောင့် သူမသည် အထည်ဆိုင်သို့ သွားကာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ယွမ် ၂၀၀ တန် သာမန် အထည်စတစ်စကို မေးလိုက်လေသည်။ ထိုအထည်စလေးသည်မိသားစုရှိ လူအားလုံးအတွက် အဝတ်အစား များစွာကို ချုပ်လုပ်နိုင်ပြီး ပိတ်စ အနည်းငယ် ကျန်ရှိနေသေးလေသည်။မြောင်မြောင်နှင့် သူမ (ရွှီချောင်) အတွက် အဝတ်အစားများ ထပ်ဝယ်လေသည်။
 
သူမသည် အထည်ဆိုင်သူဌေးနှင့် အထည်စလေးတစ်စ ဝယ်ရန်အတွက် အချိန် အတော်ကြာအောင် စကားများစွာ ဖောင်ဖွဲ့ ပြောဆိုနေခဲ့ရလေသည်။ ထို့နောက် ဝက်မိလ္လာများ၊ဝက်အူများနှင့် ဝက်ရိုးများကို ဝယ်ခဲ့သည်။ ဤအရာများသည် ဈေးသက်သာ၍ ချက်ရလွယ်ကူပြီး အရသာ ရှိလေသည်။
 
ထိုသို့ တွေးမိပြီးနောက် သူမသည် ခေါက်ဆွဲကြမ်းအနည်းငယ်၊ ဆားကြမ်း အနည်းငယ်နှင့် အရည်အသွေး အနည်းငယ်ကောင်းသော ရှာလကာရည် ၂ ဗူးကို ဝယ်ခဲ့သည်။
 
ဆား တစ်ထုတ်လျှင် ပြား ၇၀ လောက်ရှိပြီး အလွ‌န်ဈေးကြီးလေသည်။ ဆားဈေးသည် အလွန်အမင်း မြင့်မားလေသည်။
 
သူမသည် အခြားသော ပစ္စည်းများကို မဝယ်ရဲတော့ဘဲ ထိုပစ္စည်းများကို ဝယ်ကာ အိမ်သို့ ပြန်လာခဲ့လေသည်။
 
သည်ပစ္စည်းများသည် ယွမ် ၄၀၀ လောက် ကုန်ကျစေရာသူမ ပြန်ရောက်ချိန်တွင် မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒုတိယ ယောင်းမ၊ အမေ ချန်၊ အဖေ ယန်၊ ဒုတိယအစ်ကို၊ တတိယ အစ်ကိုနှင့် ရှောင်အန်းတို့သည် မြေဆီလွှာများ တူးနေကြပြီး မိသားစုထဲတွင် နျိုတစ်ယောက်ပဲ ရှိလေသည်။ ရွှီချောင်သည် အိမ်ထဲသို့ ဝင်လာချိန်တွင်အိပ်ပျော်နေသော ကျန်းရှောင်၊ မြောင်မြောင်နှင့် တူလေး ကျွင်းကို တွေ့လေသည်။
 
ရွှီချောင်သည် သူတို့ ၂ ယောက်အား အနှောင့်အယှက် မပေးဘဲ မီးဖိုချောင်ထဲသို့ ဝက်အူခေါက်ဆွဲလုပ်ဖို့ရန် သွားလေသည်။ သူမသည် မဖြုန်းတီးရဲသောကြောင့် ဝက်အူများပေါ်ရှိ လက်တစ်ဆုပ်စာ ရှိသော အညစ်အကြေးများကို ဂရုတစိုက် ဆေးကြောလေသည်။ ထိုဝက်အူများသည် အကြိမ်များစွာ ဆေးကြောပြီးနောက် သန့်စင်သွားလေသည်။ ထိုဝက်အူသည် အလွန်ဈေးသက်သာပြီး လူများသည် ပုံမှန်နေ့တွင်သိပ်မစားကြရပေမဲ့ ထိုဟင်းသည် အမြဲတမ်း အရသာရှိသောကြောင့် မစားဘဲ မနေနိုင်ကြပေ။ သူမသည် ရွှီအိမ်တွင် ဂျုံမှုန့်ကိုပါ ထည့်၍ ဆေးကြောလေသည်။ ထိုသို့ချက်သည်ကို ရွှီလောင် နင်မြင်သည့်အခါတိုင်း သူမ (ရွှီချောင်) ကို ရိုက်ကာ အစားအစားများကို မဖြုန်းတီးသင့်ကြောင်း ပြောလေသည်။ ထိုအချိန်မှစ၍ သူမသည်တစ်ခါတစ်ရံမျှသာ ဂျုံမှုန့် အကြမ်းကို သုံး၍ ဆေးကြောလေသည်။ ထို့နောက် ရေနွေးပူပူဖြင့် အကြိမ်ပေါင်းများစွာဆေးကြောပြီးမှ စားလေသည်။ ထိုသို့ သေချာချက်ပြုတ်တာတောင်မှ အနံ့တစ်ချို့က အမြဲတမ်းကျန်ရှိနေသောကြောင့်သူမသည် တစ်ခါတစ်ရံမှသာ စားလေသည်။
 
ညဘက်၌ သူမသည် ဝက်၏ ဗိုက်သားကိုလည်း ထိုနည်းအတိုင်း ဆေးကြောလေပြီး ဝက်နံရိုးများဖြင့် စွပ်ပြုတ်ချက်လေသည်။
 
ဝက်နံရိုးစွပ်ပြုတ်သည် အချိန်ကြာအောင် ဆူပွက်တဲ့အထိထားလျှင် မွှေးကြိုင်သော ရနံများထွက်လာပေလိမ့်မည်။သူမသည် ဝက်အူများ၊ ဝက် ဝမ်းဗိုက်သားတို့နှင့် ဝက်နံရိုးများကို ဆေးကြော‌ပြီးနောက် ၎င်းတို့အား ရေနွေးပူပူဖြင့်ထပ်မံ၍ ပြုတ်လေသည်။ ထို့နောက် ၎င်းတို့အား အိုးတစ်ခုထဲသို့ ထည့်ကာ ဆူပွက်အောင် ပြုတ်လေသည်။
 
ဝက်နံရိုးများ ပြုတ်ပြီးနောက်တွင် သူမသည် ခြံနောက်ဘက်သို့ သွား၍ မုန်လာဥဖြူ တစ်ခုကို ယူလာကာ မကြာခင်အသုံးပြုဖို့အတွက် ဆေးကြောလေသည်။
 
ထိုအရာများ ပြီးသောအခါ ရွှီချောင်သည် ဘာမှလုပ်စရာများ မရှိတော့ပေ။ သူမသည် အခန်းထဲသို့ ပြန်ဝင်ကာ ကျန်ရှိနေသော ပိုက်ဆံများကို သော့ခပ်ကာ သိမ်းထားလိုက်ပြီး တစ်ခဏ အနားယူရန် သစ်သား ကုတင်ကို မှီကာနေလေသည်။
 
သိပ်မကြာခင်မှာပဲ သစ်သားကုတင်ခေါင်းရင်းတွင် အိပ်ပျော်နေသော မြောင်မြောင်သည် နိုးလာပြီး ရွှီချောင်ကို မြင်သောအခါ ချက်ချင်းဆိုသလိုပင် ပါးစပ် အကျယ်ကြီးဖွင့်ကာအော်ခေါ်လေသည်။
" မေမေ…. မေမေ "
 
ရွှီချောင်သည် မြောင်မြောင်ကို အလျင်အမြန် ချီလိုက်ပြီးသစ်သားကုတင်ကို စမ်းကြည့်လိုက်ရာ သေးပေါက်ထားခြင်း မရှိပေ။ ထို့ကြောင့် ‌မြောင်မြောင်အား အမြန် သေးလိုက်တည်ပေးရလေသည်။ လှုပ်ရှားသံများကို ကြား၍ ဒုတိယညီမ၏သား (တူလေး) နိုးလာသည်ကို သိလိုက်သောအခါ တူလေးအားအမြန် ချီကာ သေးတည်ပေးရလေသည်။ ထို့နောက် သူမသည် သစ်သားကုတင်ပေါ်သို့ အရုပ် ၂ ရုပ်အား ပစ်တင်လိုက်ကာ ကလေး ၂ ယောက်ကို သူတို့ဘာသာ သူတို့ ကစားစေလေသည်။
 
တူလေး ကျွင်းသည် တစ်နှစ်ခွဲကျော်လောက် ရှိပြီး မြောင်မြောင်ထက် လ အနည်းငယ် ငယ်လေသည်။ သူ (တူလေးကျွင်း) သည် လူတွေကို မှတ်မိနိုင်လေပြီဖြစ်သည်။ ရွှီချောင်ကို‌ တွေ့လျှင် အန်တီလို့ ခေါ်ရမယ်ဆိုတာကို သိလေသည်။ သူသည် စကားသေချာ မပြောတတ်‌သေးသောကြောင့် သူ၏ အသံထွက်သည် မပီမသ ဖြစ်နေလေသည်။
 
သူမသည် ကလေး ၂ ယောက်အား ကြည့်ကာ အတွေးလွန်နေချိန်တွင် မီးဖိုချောင်ထဲရှိ ဝက်နံရိုးစွပ်ပြုတ်ရနံ့ကို ‌ရရှိလိုက်လေသည်။ ရွှီချောင်သည် သွားကြည့်ပြီး မုန်လာဥဖြူကိုအပိုင်းပိုင်းတုံးကာ လှီးထားပြီးသော ဝက်ဗိုက်သားများနှင့်အတူ ဟင်းအိုးထဲသို့ ထည့်လိုက်လေသည်။
 
နျိုသည် မွှေးပျံ့သော ရနံ့ကြောင့် နိုးလာကာ မီးဖိုချောင်ထဲသို့ ရောက်ရှိလာလေသည်။ မီးဖိုချောင်ထဲတွင် ရွှီချောင်ဖြစ်နေသည်ကို မြင်သောအခါ အပြင်သို့ ပြန်ထွက်လာခဲ့သည်။
 
မကြာခင်မှာပဲ ရှန်၊ အမေ ချန်နှင့် အဖေ ရန်တို့သည် အိမ်သို့ပြန်ရောက် လာလေသည်။ ရှန်သည် မွှေးပျံ့သောရနံ့ကိုရရှိသည့်အခါ ပြုံးလျက် "ယောင်းမပြန်လာပြီလား၊မီးဖိုချောင်ထဲမှာ ဘယ်လိုမျိုးအရသာရှိတဲ့ ဟင်းကို ချက်နေတာလဲ"
 
ရွှီချောင်သည် မြောင်မြောင်နှင့် တူလေးကျွင်းကိုကြည့်ကာ ပြုံးလျက် ပြောလေသည်။
"ဒီနေ့ ယိုရောင်းတာ ငွေ အနည်းငယ် ရလာတယ်၊ အဲ့ဒါကြောင့် ဝက်စွပ်ပြုတ် လုပ်ဖို့အတွက် ဝက်နံရိုးနဲ့ ဝက်ဗိုက်သား အနည်းငယ်ကို ဝယ်လာခဲ့တယ်၊ အဖေ၊ အမေနဲ့ယောင်းမတို့တွေက ခဏစောင့်ရင်း လက်ဆေးနှင့်ကြ၊ ပြီးရင် ငါတို့အတူ ညစာ စားကြတာပေါ့ "
 
ရှန်သည် ပြုံးလျက် အရှေ့သို့ တိုးကာ တူလေးကျွင်းကို ချီလိုက်ပြီး ပြောလေသည်။ "ယောင်းမလေးကို ကျေးဇူးတင်ပါတယ်၊ တူလေး ကျွင်းနဲ့ မြောင်မြောင်ကို စိတ်မချနိုင်ဘဲ အိမ်မှာထားခဲ့ရတယ်လေ၊ ဒါပေမဲ့ အိမ်ကို စောစော ပြန်လာနိုင်လို့ကံကောင်းတယ် ပြောရမယ်၊ တူလေးကျွင်းကလိမ္မာရေးခြားရှိပြီး နာခံမှုလည်း ရှိတယ်၊ ကျွန်မ တူလေး ကျွင်းကို သဘောကျပါတယ်။ ဒါပေမဲ့ အဲ့ဒါက နောက်ကျသွားပြီ"
 
နှစ်ယောက်သား စကား စမြည်ပြောရင်း ရယ်မောနေချိန်တွင်အမေ ချန် (‌ယောက္ခမ) က စကားပြောနေသည်ကို ရပ်လိုက်လေသည်။ သူတို့ ၂ ယောက်ပြောနေတဲ့ အကြောင်းအရာကိုကြားပြီး မျက်မှောင်ကြုံ့ကာ အခန်းထဲသို့ ဝင်သွားလေသည်။ခဏအကြာတွင် အဖေ ယန် (ယောက္ခထီး) လည်း လိုက်ဝင်လာလေသည်။
 
အမေ ချန်သည် ၎င်းကို‌ မြင်သောအခါ အဖေ ယန်အား အထဲသို့ အမြန်ဆွဲခေါ်ကာ အပြင်ကိုကြည့်လိုက်ပြီးတိုးတိုးတိတ်တိတ်ဖြင့် ပြောလေသည်။
"ယောကျာ်း၊ အဖိုးကြီးရဲ့ယိုဘူးအတွက် ပိုက်ဆံဘယ်လောက်ရမယ်လို့ ရှင် ထင်လဲ၊ သူမက ကျွန်မတို့ကို ဘယ်လို အရိုအသေပြုရမယ် ဆိုတာတောင် ဘာလို့ မသိရတာလဲ"
 
အဖေ ယန်သည် သူမ (အမေ ချန်) ကို စိုက်ကြည့်နေလေသည်။ ထိုသို့ စိုက်ကြည့်နေရင်းဖြင့် ဒေါသတကြီးပြောဆိုလေသည်။
 
"မင်း မျက်လုံးထဲမှာ ပိုက်ဆံ တစ်ခုပဲ ရှိတာလား၊ ဖူကွေ့က ငါတို့ မိသားစုကို ပိုက်ဆံ ဘယ်လောက်ထောက်ပံ့ထားလဲ၊ မင်းကိုလည်း လစဉ် ပိုက်ဆံအများကြီး ပေးခဲ့တယ်၊ သူ (ဖူကွေ့) မိန်းမယူတဲ့အချိန်တုန်းက မင်း သူ့ (ဖူကွေ့) ကို ပိုက်ဆံတစ်ပြား တစ်ချပ်တောင် ပေးခဲ့လို့လား၊ အကြီးဆုံး သားကအိမ်ထောင်ပြုတဲ့အခါ ပိုက်ဆံ အများကြီးကို သုံးစွဲနိုင်ခွင့်ရှိတယ်၊ ဘာလို့ဆိုတော့ အဲ့ဒါ သူ့ပိုက်ဆံလေ၊ အဲ့ကိစ္စအတွက်မင်း သူ့ (ဖူကွေ့) ကို အပြစ်တင်နေတုန်းပဲ၊ အခုလည်း သားကြီး မိန်းမရဲ့ပိုက်ဆံကို မင်းစိတ်ထဲမှာ လိုချင်နေတယ်၊ မင်းမှာအရှက်ရောရှိရဲ့လား"
 
အမေ ချန်သည် ဒေါသတကြီးဖြင့် "ကျွန်မက ဘာလို့သူမ(ရွှီချောင်)ကို အနိုင်ကျင့်တယ် ဖြစ်ရတာလဲ၊ သူမအိမ်ထောင်ပြုပြီးတော့ ယန်မိသားစုဝင်ဖြစ်လာတယ်လေ၊အဲ့‌တော့ သူမနဲ့ ပတ်သက်တဲ့အရာ အားလုံးကလည်း ယန်မိသားစုနဲ့ သက်ဆိုင်တာပေါ့၊ အခုလို ရပိုင်ခွင့်တွေကို ခွဲခြားထားတာမျိုး မရှိဘူး၊ အဲ့တော့ ထုံးစံအတိုင်း သူတို့ ပိုက်ဆံကလည်း တစ်မိသားစုလုံး ပိုင်တာပဲ၊ ငါ့ရဲ့ ဆီလျော်တဲ့အကြောင်းပြချက်ကို သူမကို ပြောပြလို့ရတာပဲ"
 
"ဟေး…." အဖေယန်သည် အသံ ကျယ်လောင်စွာ အော်လိုက်ပြီးနောက် အပြင်က ကလေးတွေ ကြားသွားမှာ စိုးရိမ်သောကြောင့် သူ့အသံကို ပို၍တိုးလိုက်ကာ "ငါတို့က ဖူကွေ့ကို မွေးခဲ့ဝာာမဟုတ်ဘူး၊ ငါတို့ လတိုင်း ပင်စင်လစာ အနည်းငယ် ရနေတာပဲ၊ မင်း သားကြီးမိန်းမရဲ့ပိုက်ဆံအတွက် စိုးရိမ်မနေနဲ့၊တကယ်လို့ သားကြီးမိန်းမရဲ့ပိုက်ဆံကို တောင်းရဲတောင်းကြည့်၊ ဒီနေ့ ငါသူတို့ကို အိမ်ကနေ မောင်းထုတ်လိုက်မယ်၊ သူတို့မိသားစုကို ခွဲထုတ်လိုက်ပြီး သူတို့ဘာသာသူတို့ နေခိုင်းလိုက်မယ်"
 
ထိုသို့ ကြားသောအခါ အမေ ချန်သည် အဖေ ယန်ကို အကြည့်စူးစူးဖြင့် ကြည့်ကာ " ရှင်က အရမ်းဘက်လိုက်တာပဲ၊သူမရဲ့သားမို့လို့မလား၊ သူမ သေသွားတာ နှစ်ပေါင်းများစွာ ကြာနေပြီကို ရှင် အခုထိသူမကို မမေ့‌သေးဘူးပဲ"
 
သူမသည် လိုအပ်သော ငွေနှင့် ပတ်သက်ပြီး မမေးရဲတော့ဘဲထိုစကားလုံးများကိုသာ ပြောဆိုရဲတော့သည်။ နောက်ပြီး ‌ဖူကွေ့သည် မိသားစုအတွက် များစွာ အထောက်အကူ ဖြစ်စေရာ မိသားစုထဲမှ ခွဲထွက်သွားမည်ဆိုလျှင် သူမအတွက်ဆုံးရှုံးမှု ဖြစ်လာပေလိမ့်မည်။
 
ထိုစကား ကိုကြားသောအခါ အဖေ ယန်သည် ပို၍ ဒေါသထွက်လာကာ သူ့ရဲ့အသံသည် ပို၍ ကျယ်လာပြီး " မိန်းမတွေက သေသွားတဲ့သူတွေအတွက် အတော် ဂရုစိုက်ကြတာပဲ၊ ဖူကွေ့ကလည်း ဒုတိယ ကလေးနဲ့ တတိယ ကလေး ရှောင်အန်းလိုပဲ ငါ့သားသမီးပဲကွ၊ ဘက်လိုက်တယ်ဆိုတာ ဘယ်လိုအပြုအမူမျိုးကို ပြောတာလဲ"
 
အဖေ ယန်သည် ‌အလွန် ဒေါသထွက်နေပြီး အမေ ချန်သည်ဘာမှ မပြောရဲတော့ပေ။ သူမသည် ကိုယ်ကို လှည့်ကာသစ်သားကုတင်ပေါ်တွင် စိတ်ဆိုး‌နေသော်လည်း တိတ်တဆိတ် ထိုင်နေလေသည်။
ရွှီချောင်သည် အပြင်မှ ထိုအသံများကို ကြားသောအခါစွပ်ပြုတ်အိုးထဲသို့ ဆားအနည်းငယ် ထပ်ထည့်ရန်မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ အဖေ(ယောက္ခထီး)နှင့် အမေ(ယောက္ခမ)တို့ စကားများရန်ဖြစ်နေကြပြီး သူတို့အတွက်က လျစ်လျူရှုထားခြင်းကသာလျှင် အကောင်းဆုံးဖြစ်လေသည်။  
 
ဝက်စွပ်ပြုတ်အိုး ဆူပွက်လာသည့်အချိန်တွင် ဖူကွေ့သည်သူ့ရဲ့ပုခုံးပေါ်၌ ရစ်ငှက် ၂ ကောင်ကို ထမ်းလျက် ပြန်လာလေသည်။ သူ(ဖူကွေ့)သည် ရွှီချောင်ကို မြင်သောအခါပြုံးဖြီးဖြီးဖြင့် "သီးနှံအများကြီး မရိတ်သိမ်းရသေးဘူး၊ အဲ့ဒါကြောင့် အပြန်မှာ ရစ်ငှက် ၂ ကောင်ကို အမဲလိုက်ခဲ့တယ် " 
 
‌ရွှီချောင်သည် ပြုံးလျက် သူ့(ဖူကွေ့)လက်ထဲမှ ရစ်ငှက်ကို ယူကာ "ပင်ပန်းသွားပြီ၊ သွားနားလိုက်ဦး၊ ရှင့်အတွက် ရေဖြည့်ပေးထားတယ် " 
 
ရွှီချောင်သည် သူမ၏ ခေါင်းကို လှည့်လိုက်ရာ ငှက်၏ခြေထောက်တွင် ချည်နှောင်ထားသော တန်းဇီ(ကြိုး)ကို မြင်လိုက်ရသဖြင့် အနည်းငယ်ရင်းနှီးသည်ကို ခံစားရလေသည်။
 

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now