Chapter 29

2.2K 203 1
                                    

အခန်း ( ၂၉ )

ချန်ရွီသည် တုန်ယင်နေခဲ့ပြီး ရွှီချောင်က သူမကို မြင်သော် "ဝမ်းကွဲ..၊ ဘာလို့ မအိပ်သေးတာလဲ၊ မအေးဘူးလား၊ အထဲဝင်ပြီး ခဏလောက် ထိုင်ပါဦးလား" 

ချန်ရွီက ရယ်၍ သူမလက်ထဲတွင် ကိုင်ထားသည့် ပစ္စည်းကို ရွှီချောင့် လက်ထဲသို့ ထည့်ပေးလိုက်ကာ "မဝင်တော့ပါဘူး၊ ကျွန်မ မြောင်မြောင်နဲ့ ကျွင်းကျွင်းအတွက် ဖိနပ်နှစ်ရံ လုပ်ထားတာလေ၊ နေ့ခင်းတုန်းက ပေးဖို့ မေ့သွားလို့၊ ဒါက မြောင်မြောင့်အတွက်ပါ၊ ကြီးနေမလားတော့ မသိဘူး၊ ကျွန်မ နည်းနည်း ကြီးကြီး လုပ်ထားတာဆိုတော့၊ သူ အနာဂတ်မှာ စီးလို့ ရမှာပါ၊ ကျွန်မ... ဝမ်းကွဲတို့ကို အနှောင့်အယှက် ပေးမိပါပြီ" သူမက အပြုံးလေးနှင့် တောင်းပန်ဟန် ဆိုလေပြီး လှည့်၍ ထွက်သွားခဲ့သည်။

ရွှီချောင်က ဖိနပ်လေးကို ပိုက်ရင်း စိတ်ရှုပ်ထွေး နေခဲ့သည်။ ဖူကွေ့က သူမရဲ့ တုံးအအ ပုံစံလေးကို မြင်လျှင် အခန်းထဲသို့ အမြန်ဆွဲခေါ်ခဲ့​၏။ "သူလည်း ပြန်သွားပါပြီ၊ မင်း ဘာလုပ်ဦးမလို့လဲ၊ မြန်မြန်ဝင်တော့၊ အေးမှာ ကြောက်ဘူးလား"

ဖိနပ်ကိုလည်း ဖူကွေ့ပဲ ယူလိုက်ပြီး ဘေးနား ပစ်ထားလိုက်သည်။ "ဇနီးလေးရေ.. အိပ်ကြရအောင်ပါ"

ဇနီးလေးရဲ့ အန်တီကြီးလည်း နောက်ဆုံးတော့ ပြန်သွားခဲ့လေပြီ။ သူသည်လည်း ဇနီးလေးနှင့် ကောင်းကောင်းမွန်မွန် အိပ်နိုင်တော့မည် ဖြစ်သည်။ သူမအန်တီ လာစဉ်ကဆိုလျှင် သူမက ညအိပ်သည့်အခါတိုင်း တောင့်တင်းနေပြီး အဖက်ခံရလျှင်လည်း သက်တောင့်သက်သာ မဖြစ်ပေ။

ဖူကွေ့က သူ့အဝတ်အစားတို့ကို ချွတ်၍ ခန်ပေါ် တက်သွားပြီးနောက် သူမက ဖူကွေ့ ပစ်လိုက်သည့် ဖိနပ်လေးကို ကောက်ယူခဲ့သည်။ ဒါလေးက လှပသည့် အနွေးစီး အဝတ်ဖိနပ်လေး ဖြစ်သည်။ ကြည့်ရတာ ကြီးမည့်ပုံပေမဲ့ တစ်နှစ်လောက် စောင့်ပြီးလျှင် မြောင်မြောင် စီးလို့ရမည်ပင်။ သူမက ထရပ်၍ ခန်ပေါ်မှ ဆင်းလိုက်ပြီး ဖိနပ်လေးကို သေတ္တာထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် သူမက အဝတ်တို့ကို ချွတ်၍ ခန်ပေါ် ပြန်တက်ခဲ့သည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Donde viven las historias. Descúbrelo ahora