Chapter 12

2.4K 260 1
                                    

တောင်သူကြီးဇနီး - ၁၂
 
 
ကြိမ်ကို အပင် တစ်ပင်၏ ပင်စည်များ၊ သစ်ရွက်များဖြင့်ရစ်ပတ်ထား‌သည်။ ပင်စည်သည် သုံးမြှောင့်ဆန်ဆန်၊အမွှေးများ၊ အရွက်များ၊ ပန်းအဖူးများဖြင့်ဖြစ်သည်။
 
ရွှီချောင်သည် မျက်တောင် ပုတ်ခက်ပုတ်ခက် လုပ်ကာသူမ အထင်မှားနေသည်ဟု တွေးနေမိလေသည်။
 
"မိန်းမ ဘာဖြစ်လို့လဲ" ဖူကွေ့သည် သူ့ရဲ့မိန်းမက သူ့လက်ထဲကရစ်ငှက် ၂ ကောင်ကို စိုက်ကြည့်နေသည်ကိုတွေ့သည့်အခါသူမ ကြက်သား စားချင်နေသည်ဟု ထင်သွားပြီး ပြုံးဖြီးဖြီးလုပ်လျက် "မိန်းမ ကြက်သား စားချင်လို့လား၊ မနက်ဖြန်ကျရင်စားကြမယ်လေ၊ ဘယ်လိုလဲ"
 
ရွှီချောင်သည် စိတ်ထဲ ကျေနပ်သွားလျက် မယုံကြည်နိုင်စွာသူ့(ဖူကွေ့)ကို ကြည့်လေသည်။ သူမသည် ပြုံးကာ ဖူကွေ့ရဲ့လက်ထဲ၌ ရှိသော ရစ်ငှက်နှင့် တန်းချီကို လက်ညှိုးထိုးလျက် "ဖူကွေ့၊ ဒါကို ဘယ်ကရလာတာလဲ"
 
ဒါက လုံးဝ အသေအ‌ချာကို အားလူးတွေ ဖြစ်လေသည်။ပင်စည်နှင့် ‌သစ်ရွက်များသည် ရှိသော်လည်း သည်ကမ္ဘာမှာအားလူး မရှိပေ။
 
ရွှီချောင်သည် အားလူးကို မမြင်ရတော့သည်မှာ  (၁၀) နှစ်ကျော် ကြာပြီ ဖြစ်သည်။ သည်နေရာတွင် တွေ့ရလေ့ရှိသောဟ‌‌င်းသီးဟင်းရွက်များသည် အရင်ဘဝက သူမ စားခဲ့သောအမျိုးအစားများနှင့် ဆင်တူသော်လည်း အမျိုးအစားများ သိပ်မရှ်ိပေ။ ဂေါ်ဖီထုပ်၊ အသေးစား ကြက်သွန်နီ၊ ဘရာစန်နီယာ (ဘဲဥပုံအရွက်များနှင့် ခရမ်းရောင် အပွင့်ငယ်များပါရှိသော ရေနေပင်)၊ ပဲပိစပ်များ၊ ကျောက်ဖရုံသီး၊ တရုတ် ကိုက်လန်၊ နှင်းပန်း၊ အသားစဉ်းကောပါ့စ်၊ ‌တြိဂံပုံစံ (သို့) နှလုံးပုံစံအစေ့ငယ်များပါရှိသော အဖြူရောင်ပန်း၊ ကျွဲခေါင်းသီး၊ ကြက်သွန်မြိတ်၊ မုန်လာဥဖြူ၊ သမန်းမြက်၊ ဂန္ဓမာပန်း၊ ကန်စွန်းရွက်၊ စိတ်ကူးယဉ် မညှိုးပန်း (အစိမ်း၊ အနီ၊ မရမ်းရောင်စသည့် အပွင့်ငယ်များပွင့်သည့် ပန်း)၊ မုန်ညှင်းဖြူ၊ မျှစ် စသည်တို့အပြင် ငရုတ်သီး၊ ချင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းတို့သာ ရှိလေသည်။ နောက်ဆုံး လေးခုသည် အခြေခံအကျဆုံးဟင်းခတ် အမွှေးအကြိုင်များ ဖြစ်လေသည်။
ဤဟင်းသီးဟင်းရွက်များကို သည်ကမ္ဘာတွင် အများဆုံး စားသုံးကြပြီး မြောက်ဘက်နှင့် တောင်ဘက် ကြားတွင်ရာသီဥတု ကွဲပြားသောကြောင့် အချို့အပင်များသည်မြောက်နှင့် တောင်ဘက်တွင် စိုက်ပျိုးရန် မသင့်တော်ခြင်း(သို့) အထွက်နှုန်းလျော့နည်းခြင်းတို့ ဖြစ်သည်။
 
အားလူးသည် ရွှီချောင်၏ အရင်ဘဝတွင် အလွန်အသုံးများသော အစားအစာဖြစ်ပြီး အချို့ ဆင်းရဲသော နေရာများတွင် အားလူးကို အဓိကအစားအစာအဖြစ် အသုံးပြုနေကြဆဲဖြစ်သည်။ အားလူး အထွက်နှုန်းသည် မြင့်မားသည်။အာလူးရှိရုံနဲ့တင် ဆင်းရဲသားများအတွက် အလွန်အကျိုးဖြစ်ထွန်းလေသည်။
 
ယခုလို အားလူးကို မြင်လိုက်ရချိန်တွင် သူမသည် မပျော်ရွှင်ပဲ ‌မနေနိုင်တော့ပေ။
ဖူကွေ့သည် သူမက သူ့ရဲ့လက်ထဲတွင် ရှိသော ရစ်ငှက်များကိုအလွန် သဘောကျနေသည်ဟု တွေးလိုက်မိသောကြောင့် ပြုံးကာ "မိန်းမ၊ မင်းလေးက အရူးမလေးပဲ၊ ကိုယ် သူတို့(ရစ်ဌက်)ကို တောင်ပေါ်မှာ အမဲလိုက်လာခဲ့တာ " 
ရွှီချောင်သည် ပြုံးကာ ငြင်းဆိုလိုက်လေသည်။ "ဘယ်သူကရှင့်လက်ထဲက ရစ်ငှက်ကို ပြောနေလို့လဲ၊ ရှင် ရစ်ငှက်မှာ ချည်ထားတဲ့ ကြိမ်ပင်ကို ဘယ်က ရလာတာလဲလို့ မေးတာ " 
ဖူကွေ့သည် လိမ်ကာကျစ်ထားသော အပင်ကို ကြည့်ကာရယ်မောလျက် "ကိုယ် လျှော်ပင် ကြိုးမပါခဲ့လို့ တောင်ပေါ်မှာ တွေ့တဲ့အပင်ကို ဆွဲပြီး ဒီလိုချည်လိုက်တာ၊ ဘာဖြစ်လို့လဲ၊ မိန်းမက ဒီအပင်ကိုသိတာလား"
 
 
ညနေခင်းတွင် မိသားစုဝင်အားလုံးသည် ညစာအတူစားကြလေသည်။ ရွှီချောင်သည် အနီရောင်ငရုတ်ပွများဖြင့်ဝက်အူချောင်းများကို ကြော်ထားလေသည်။ မိသားစုဝင်များသည် အလွန်စားလို့ကောင်းသောကြောင့် ရွှီချောင်အားဟင်းချက်ကောင်းသည်ဟု ပြောကြသည်။ သူတို့သည်ဝက်အူချောင်းများကို အကြိမ်များစွာ စားဖူးသော်လည်း ရွှီချောင် ချက်ပေးသည်က ပို၍ အရသာ ရှိလေသည်။
"ယောင်းမ ချက်တာက အရသာ ရှိတာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ခေါက်ဆွဲကြမ်းကို ဘယ်လောက်တောင်မှ ဖြုန်းတီးပစ်လိုက်လဲဆိုတာကို ကျွန်မစိုးရိမ်မိတယ်"
နျိုသည် ရှက်သွားသဖြင့် မျက်နှာများ နီမြန်းနေကာ သူမ၏ယောကျာ်းနှင့် သူ့ရဲ့အစ်ကိုကြီးတို့ သူမကိုစိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ မကျေမနပ်ဖြင့် ပါးစပ်ပိတ်သွားလေသည်။
မြောင်မြောင်သည် တစ်ကြိမ်ထဲဖြင့် မှန်ကန်စွာ ခေါ်နိုင်သောကြောင့် ရွှီချောင်သည် မြောင်မြောင်ကို ပျော်ရွှင်စွာ ပွေ့ချီလိုက်ပြီး ကလိထိုးကာ "မြောင်မြောင်က တော်လိုက်တာ၊ မြောင်မြောင်က မေမေမြင်ဖူးသမျှ ကလေးတွေထဲမှာ ဉာဏ်အကောင်းဆုံးပဲ" ဟု ပြောလေသည်။
 
မြောင်မြောင်သည် ရွှီချောင်ရဲ့ကလိယား ထိုးမှုကို တခစ်ခစ်‌ ရယ်မောကာ ရှောင်ရှားရင်း အော်လေသည်။
"မေမေ မေမေ၊ အား"
 
ရွှီချောင်တို့ ၂ ယောက်သား ဆူညံနေသည်ကို မြင်သောအခါရှန်သည် သူမ၏ လက်ထဲတွင် ချီထားသော တူလေး ကျွင်းကိုအောက်သို့ချကာ ခြံဝင်းအနီးအနား တစ်ဝိုက်တွင် တလှုပ်လှုပ်ဖြင့် လှည့်ပတ် ကစားခွင့်ပေးလိုက်လေသည်။ ထို့နောက် ရှန်သည် "ယောင်းမ‌ကို အစ်ကိုကြီးက ကောင်းကောင်းမွန်မွန် ဆက်ဆံတာက အံ့ဩစရာ မရှ်ိပါဘူး၊ မြောင်မြောင်ကယောင်းမရဲ့ကလေးမဟုတ်တာတောင်မှ သူမ(မြောင်မြောင်)အပေါ် အရမ်းကို ကောင်းတယ်၊ ယောင်းမက အရမ်းကိုကြင်နာတတ်တယ်၊ အစ်ကိုကြီးက မင်းက လွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး " 
 
ရွှီချောင်သည် မြောင်မြောင်ကို အောက်သို့ချပေးလိုက်ပြီးသူမဘာသာ သူမ ဆော့ခိုင်းလိုက်သည်။ လှုပ်စိ လှုပ်စိဖြင့်ဆော့နေကြသော ကလေး ၂ ယောက်ကို ကြည့်ကာ ပြုံးလျက်ပြောလေသည်။ "ဘယ်လို စိတ်ထားမျိုးက မကောင်းဘူးလို့ဆိုနိုင်တာလဲ၊ မြောင်မြောင်က ကျွန်မကိုယ်တိုင် မွေးထားတဲ့ကလေးမဟုတ်ပေမဲ့လည်း ဖူကွေ့ရဲ့ကလေးလေ၊ ကျွန်မက ဖူကွေ့နဲ့ လက်ထပ်ထားတာပါ၊ အဲ့တော့ သေချာပေါက်မြောင်မြောင်က ကျွန်မရဲ့ကလေးပဲပေါ့" 
သူမသည် ပြုံးလျက် "ကျွန်မက မြောင်မြောင်ကို ချစ်ခင်ပေးပြီး ဂရုစိုက်‌တယ်၊ အဲ့ဒါကြောင့် မြောင်မြောင်ကလည်း ကျွန်မ‌ကို ချစ်တယ်၊ ဒါက အရမ်းကို ကောင်းမွန်တဲ့အရာပဲလေ" ဟု ပြောလေသည်။
သူမ ထိုသို့ ပြောဆိုနေပြီးနောက် ဖူကွေ့သည် အိမ်ပြင်သို့ထွက်လာကာ ခြံဝင်းထဲတွင် ရွှီ‌ချောင်နှင့် ခဏလောက်စကား စမြည်ပြောဆိုပြီးနောက် အခန်းထဲသို့ ပြန်ဖို့ရာ သိပ်မစောတော့သည်ကို တွေ့လိုက်ရလေသည်။
မြောင်မြောင်သည် အိပ်ပျော်နေပြီ ဖြစ်လေသည်။ ရွှီချောင်သည် ဖူကွေ့၏ ဘေးတွင် မြောင်မြောင်ကို သူမရဲ့လက်ထဲတွင် ချီထားလေသည်။ ဖူကွေ့သည် အိပ်ရာ အမြန်ခင်းလျက် ရွှီချောင်ဘက်လှည့်ကာ တိုးတိုးလေးဖြင့် "မြောင်မြောင်ကို သစ်သားကုတင်ပေါ်မှာ မြန်မြန် လာသိပ်၊ ကိုယ်ရေခပ်ထားလိုက်မယ်၊ ပြီးရင် ကိုယ်တို့ ရေချိုးသန့်စင်ပြီးအနားယူကြမယ်" ဟု ပြောလေသည်။ ဖူကွေ့သည် ထိုသို့ပြောရင်းဖြင့် ရွှီချောင်ကို နက်ရှိုင်းသောအကြည့်များဖြင့်အကြိမ်များစွာ ကြည့်နေလေသည်။ ရွှီချောင်သည် ရှက်သွေးဖြာလျက် မီးဖိုချောင်ထဲသို့ ရေနွေးယူရန် ဝင်သွားလေသည်။
ရေခပ်ပြီးသောအခါ ဖူကွေ့သည် တံခါးဘက်ကို ကြည့်လိုက်ရာ ရွှီချောင်ကို တွေ့သည့်အခါ ပြုံးဖြီးဖြီးဖြင့် "မိန်းမ၊ မြန်မြန်လာ" ဟု ပြောလေသည်။
 
ဖူကွေ့သည် သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး "ကိုယ်နောက်မှချိုးမယ်၊ မိန်းမ မင်း အရင် ချိုးလိုက်၊ ကိုယ်နောက်မှ ရေ ထပ်ခပ်လိုက်မယ်" ဟုပြောသည်။ ရွှီချောင်သည် ထပ်ပြီး မငြင်းဆန်တော့ပေ။ ဖူကွေ့ အခန်းထဲမှ ထွက်သွားပြီးနောက်တံခါးပိတ်လိုက်ကာ ရေချိုး သန့်စင်လေသည်။ ရေချိုးပြီးနောက် ရေကန်ထဲရှိ ရေများကို သွန်လိုက်လေသည်။ ‌ရွှီချောင်သည် ရေနွေး အသစ် ထည့်ရန် မီးဖိုချောင်ထဲသို့သွားလေသည်။ ဖူကွေ့သည် တစ်နေရာမှ အလျင်အမြန်ရောက်လာကာ "မိန်းမ၊ ရေနွေး အသစ်ထည့်ဖို့ မလိုတော့ဘူး၊ကိုယ် ဒီရေအေးနဲ့ အခုလေးတင် ချိုးပြီးသွားပြီ၊ ကိုယ်တို့အခန်းထဲသွားပြီး အိပ်ကြရအောင်" ဟု ပြောလေသည်။
၂ ယောက်သား အခန်းထဲသို့ ဝင်သွားပြီးနောက် ရွှီချောင်သည် အိပ်ရန် အလျင်စလို မရှိဘဲ သည်နေ့ယိုရောင်း၍ ရရှိလာသော ငွေများမှ ကျန်ရှိနေသော ငွေတုံး ၉ တုံးကို ထုတ်ယူလိုက်ပြီး သေးငယ်သောအထုတ်လေးဖြင့် ‌ဖူကွေ့ အနားသို့ သွားကာ ပြုံးလျက် "ဖူကွေ့၊ ဒီမှာ ကျွန်မ ဒီနေ့ ရှာလို့ရတဲ့ပိုက်ဆံ" ဟု ပြောလေသည်။
ရွှီချောင်၏ အထူးခြားဆုံးမှာ မျက်လုံးပင်ဖြစ်သည်။သူမ၏ မျက်ဝန်းများသည် အရည်ကြည်များဖြင့် လဲ့နေကာသူမပြုံးလိုက်လျှင် ထိုမျက်ဝန်းများသည် စကားပြောနေသကဲသို့ လခြမ်းပုံသဏ္ဍာန် ကွေးညွှန့်နေလေသည်။
 
"ဟေး.. ရှင် ဘယ်လိုထင်လဲ" ဖူကွေ့သည် သူမ၏ လက်ထဲရှိငွေတုံးနှင့် ပတ်သက်၍ စိတ်ဝင်စားမှု မရှိသည်ကို ‌မြင်သောအခါ ငွေထုပ်ကို ဖူကွေ့၏ မျက်လုံး ရှေ့သို့ ပြကာ "ဒီမှာကြည့်၊ ဒါက ဒီနေ့ကျွန်မ ရလာတဲ့ငွေ " ဟု ပြောလိုက်သည်။
 
ဖူကွေ့၏ အကြည့်များသည် ရွှီချောင်၏ လက်ထဲရှိ  ငွေထုပ်ဆီသို့ ရောက်ရှိလာပြီး ပြုံးကာ သစ်သားကုတင်ပေါ်မှဆင်းလာလေသည်။ ထို့နောက် သစ်သားသေတ္တာကြီး တစ်ခုဆီသို့ လျှောက်သွားပြီး ထိုသေတ္တာကြီးကို ဖွင့်လိုက်ကာ ဘရိုကိတ် သေတ္တာ တစ်ခုကို ထုတ်လိုက်လေသည်။ ထိုသေတ္တာအား ရွှီချောင်အား ပေးလိုက်ကာ ပြုံးလျက် "မိန်းမ၊ ဒါကမင်းရဲ့ ယောက္ခမ ထားခဲ့တဲ့‌ ပစ္စည်းပဲ၊ အဲ့ထဲမှာ ကိုယ် ရှာထားထားတဲ့ ငွေဒဂ်ါး အချို့လည်း ရှ်ိတယ်၊ အမေ ကိုယ့်ဆီမှာကျောက်စိမ်းဆွဲသီးရယ်၊ အရမ်းကို လှတဲ့ လက်ကောက်တစ်စုံရယ် ထားခဲ့တယ်၊ သူမက တစ်နေ့ ကိုယ်အိမ်ထောင်ပြုတဲ့အခါ ကိုယ့်ရဲ့မိန်းမကို ဒီလက်ကောက်တွေကို ပေးလိုက်ပါလို့‌ မှာခဲ့တယ် " 
 
ဖူကွေ့၏ မိခင်ရင်းထံမှ…….
 
ရွှီချောင်သည် အံ့ဩသည့် အမူအရာ မရှိသော်လည်းပဲ ဖူကွေ့၏ အမေပေးထားသော ဖူကွေ့၏ အခြားနာမည် ဖြစ်သည့် ယန်ချီနန်ကို သိထားလေသည်။ ထိုနာမည်ကိုကြားရုံဖြင့်ဖူကွေ့၏ အမေသည် အလွန် ကြင်နာတတ်ပြီး သနားစရာကောင်းသော အမျိုးသမီး တစ်ယောက် ဖြစ်လိမ့်မည်ဟု ခံစားရလေသည်။
 
ရွှီချောင်သည် ဘရိုကိတ် သေတ္တာကို ဖွင့်လိုက်သည့်အခါအထဲတွင် ကျောက်စိမ်းဆွဲသီးနှင့် လက်ကောက် တစ်စုံကိုတွေ့လိုက်ရသည်။ ထိုထဲတွင် ငွေဒင်္ဂါး ၂ ခုကိုလည်း တွေ့လေသည်။
 
ကျောက်စိမ်းဆွဲသီးနှင့် လက်ကောက်သည် မြစိမ်းရောင်ဖြစ်ကာ အလွန်လှပလေသည်။ ရွှီချောင်သည် ၎င်းတို့ကို ပြန်ထည့်လိုက်လေသည်။ သူမသည် ထိုအရာများကို သိလေသည်။ ထိုအရာများသည် ကျောက်စိမ်းနှင့် ပြုလုပ်ထားလေသည်။ အရင်ဘဝ၌ သူမသည် ဈေးဝယ်စင်တာတွင်ကျောက်စိမ်း လက်ကောက်များနှင့် ကျောက်စိမ်းလက်ဝတ်ရတနာများကို ကြည့်ကာ လောဘကြီးနေခဲ့မိလေသည်။ ထိုအရာများသည် အနည်းငယ်သာ ပိုစိမ်းပြီး အနည်းငယ်သာ ပိုလှလေပြီး ဈေးနှုန်းက ရယ်စရာ ကောင်းလောက်အောင်အလွန်ဈေးကြီးလေသောကြောင့် သူမ မတတ်နိုင်ပေ။ ‌ဖူကွေ့၏ ဆွေမျိုးများသည် သူမအတွက် သည်လောက်ကောင်းသော ပစ္စည်းကို ထားခဲ့လိမ့်မည်ဟု မမျှော်လင့်ထားပေ။
 
ဖူကွေ့သည် ငွေဒဂ်ါး ၂ ခုကို မြင်ကာ ရှက်သွားပြီး "မိန်းမ၊မင်းနဲ့ လက်ထပ်တုန်းက ငွေကုန်သွားတယ်။ ဒါက ဟိုတစ်နေ့က ကိုယ်အမဲလိုက်ပြီး ရောင်းရတဲ့ငွေပါ။ မိန်းမ မင်း ဒါကို မကြိုက်ရင် ကိုယ်နောက်နေ့တွေက စပြီး မင်းအတွက်အမဲလိုက်ပြီး ပိုက်ဆံ များများရအောင် ကိုယ်ကြိုးစားမယ်။ရွာက ရွာသူတွေနဲ့ အိမ်ရှင်မတွေ အားလုံး မနာလိုတဲ့အထိဝတ်ကောင်းစားလှတွေ ဝတ်သင့်တယ်" ဟု ဝမ်းသာအားရရယ်မောကာ ပြောလေသည်။
 
ရွှီချောင်သည် ညည်းညူကာ "အဓိပ္ပာယ် မရှိတာတွေ ပြောနေတယ်" ဟု ပြောလေသည်။
 
ဖူကွေ့သည် ရယ်မောကာ "မိန်းမ မင်း ဒီပစ္စည်းတွေကိုသိမ်းထားလိုက်၊ ကိုယ်က ပစ္စည်းဟောင်းတွေကို သိမ်းထားလိုက်မယ်။ ဒါပေမဲ့ သည်ပစ္စည်းတွေကို ကိုယ်တို့အမေကကိုယ်တို့အတွက် ထားခဲ့တာလို့ပဲ တွေးပြီး သိမ်းထားလိုက်ရအောင်။ မိသားစု အမွေဖြစ်ပါစေ၊ မင်း ဒီ‌လက်ကောက်တွေကိုဝတ်လို့ရပါတယ်" ဟု ပြောလေသည်။ ရွှီချောင်သည်သူ့(ဖူကွေ့)ကို စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် "ကျွန်မဒါတွေကို ဘယ်လိုလုပ် ယူသွားရဲမှာလဲ၊ တကယ်လို့ ကျွန်မ အမေနဲ့ တတိယ ယောင်းမသာ မြင်ရင် သူတို့တွေ ရန်မဖြစ်ကြပဲနေမှာတဲ့လား၊ ရှင့် အမေ(မိထွေး)ကလည်း သည်ပစ္စည်းတွေရှင့်ဆီမှာ နှစ်ပေါင်း ကြာအောင် ရှိနေတယ်ဆိုတာ မသိဘူး မလား" 
 
ဖူကွေ့သည် ပြုံးကာ ပြောလေသည်။ "သေချာပေါက်သူမ(မိထွေး) မသိဘူး၊ အဖေက ကိုယ့်ကို သူမ(မိထွေး)ကို ဒီပစ္စည်းတွေကို မြင်ခွင့် မပေးပဲ ဖုံးကွယ်ခိုင်းထားတယ်" 
 
 

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Место, где живут истории. Откройте их для себя