Chapter 38

2.3K 207 0
                                    

အခန်း ( ၃၈ )

ချီက ထိုမျှ သုန်မှုန်နေသည့် ဖူကွေ့ကို မမြင်ဖူး၍ သူမ နှလုံးသားထဲတွင် အနည်းငယ် တုန်လှုပ်နေမိသည်။ မည်သို့ပင် ဖြစ်စေ၊ သူမ ရွာထဲ ဝင်လာစဉ်က အိမ်သစ်ကြီး တစ်လုံးကို မြင်ခဲ့သည်။ ၎င်း အိမ်သစ်ကြီးမှာ ဖူကွေ့ ဆောက်လုပ်ထားခြင်း ဟူ၍ ရွာအဝင်ဝမှ ရွာသားတို့ ပြောနေသံကို ကြားခဲ့ရသည်။ ထိုမျှ အိမ်ကြီးကို ဖူကွေ့ဆောက်နိုင်လျှင် သူ့တွင် ပိုက်ဆံများ ရှိနိုင်မည်လား။ သူမက ဘာမှ မတောင်းဆိုပါ။ ဦးဆုံးအနေနှင့် နေစရာ တစ်နေရာသာ လိုပါသည်။

သည့်အပြင် ဖူကွေ့ လက်ထပ်ထားသည့် ဇနီးသစ်ကို ကြည့်ရသည်မှာ အားနည်း၍ ကိုင်တွယ်ရန် လွယ်မည့်ပုံပင်။ သူမသည် ထိုသို့သော လူမျိုးကို လုံးဝ မကြောက်ပါ။ သူမကို ဂရုမစိုက်ပေ။ မကြာမီတွင် သူမသည်သာ ဒီအိမ်၏ သခင် ဖြစ်လာလိမ့်မည်။

ရွှီချောင်သည် ဖူကွေ့၏ ဘေးတွင် အသံတိတ် ရပ်နေခဲ့သည်။ ဖူကွေ့နှင့် ချီတို့ကို ကြည့်ပြီး သူမရဲ့ နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ ချိုသည် ခါးသည် တစ်ခွန်းမျှ မဆိုခဲ့။

ဖူကွေ့က ချီရှေ့တွင် လာရပ်၍ အတန်ကြာအောင် စိုက်ကြည့်ခဲ့ပြီး အေးစက်စက် ပြောလိုက်သည်။ "ချီ၊ မင်း သိပ်မမောက်မာနဲ့၊ ငါ့မိဘတွေကို အားကိုးပြီး ခွင့်လွှတ်ခိုင်းလို့ ရမယ် မထင်နဲ့၊ ငါကလည်း မင်းကို လက်ခံလိမ့်မယ် မထင်နဲ့၊ မဖြစ်နိုင်တော့ဘူး၊ မင်းကိုယ်တိုင် ထွက်သွားတာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် ငါတို့ လီကျန်းဆီမှာ တွေ့ကြတာပေါ့" 

"ရှင်..." ချီရဲ့ မျက်နှာက ဖျော့တော့သွားသည်။ ဒီလူသည် သူမကို တစ်ချိန်က အလွန်ကောင်းပေး၊ ကြင်နာပေးခဲ့သည့်သူ ဟုတ်ရဲ့လား။

အဖေယန်က နှာမှုတ်၍ ဒေါသတကြီး ပြောလိုက်သည်။ "ချီ၊ ငါ့သား ပြောတာအမှန်ပဲ၊ ဒီမှာ လာပြီး အရှက်ခွဲမနေနဲ့၊ ဒီမှာ လာရှုပ်နေဦးမယ် ဆိုရင် လီကျန်းကို တိုင်ရလိမ့်မယ်"

ချန်က အေးတိအေးစက် ဆိုလာခဲ့သည်။ "ကျွန်မ အထင်တော့ ချီလည်း ဘယ်သူ့ကိုမှ မထိခိုက်စေဘူးလားလို့၊ သူဘာလို့ ထွက်ပြေးသွားလဲ မသိပေမဲ့ ရုတ်တရက် ထွက်သွားရတဲ့ အကြောင်းအရင်းတော့ ရှိမှာပါ၊ ဟုတ်တယ်မလား၊ ချီ မင်း ဘယ်လိုထင်လဲ"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Donde viven las historias. Descúbrelo ahora