Chapter 16

2.4K 228 1
                                    

Chapter 16
အခန်း ( ၁၆ )

“ယောက်မရေ၊ ကျွန်မ ပြန်ရောက်ပြီနော်” ရှန်က ရွှီချောင်ကို မြင်တော့ ပြုံးပြလိုက်ပြီး နျိုကို တစ်ချက် လှည့်ကြည့်လိုက်သည်။

အသံကြားတော့ နျိုက ခေါင်းမော့ ကြည့်လာပြီး ရွှီချောင်မှန်း သိသွားသည်နှင့် တစ်ဖန် အံ့ဩ ကြောက်ရွံ့သည့် အမူအရာနှင့် ခေါင်းပြန်ငုံ့သွားသည်။

ရွှီချောင်က နှုတ်ဆက်ပြီးသည်နှင့် ခြံထဲရှိ အဝတ်လှန်းသည့် ကြိုးပေါ် တစ်ထည်ချင်း လှန်းလိုက်သည်။ ထို့နောက် သူမက ခုံပုလေးကို ထုတ်လာပြီး ရှန်၏ ဘေးတွင် ထိုင်ကာ စတင်၍ အဝတ်ချုပ်တော့သည်။ နျိုက နုံးခွေစွာ ဆက်၍ ထိုင်နေသည်။ အချိန်တစ်ခု အကြာတွင် နှစ်ယောက်သား အိမ်ထဲဝင်သွားသည့် နျိုရဲ့ သက်ပြင်းချသံကို ကြားလိုက်ရသည်။ သူမက ရှန်နှင့် ရွှီချောင်ကို တစ်ချက်ပင် မကြည့်ခဲ့ပေ။

“တတိယ ယောက်မက ဘာဖြစ်နေတာလဲ” ရွှီချောင်က ရှန်ကို အသံတိုးတိုးနှင့် မေးလိုက်သည်။ “ကျွန်မ အဝတ်လျှော်ဖို့ မသွားခင်က သူအဆင်ပြေနေတာ တွေ့ပါတယ်၊ ဒါပေမဲ့ ကျွန်မ ပြန်လာကတည်းက သူဒီလို ဖြစ်နေတာပဲ”

ရှန်က ပြုံး၍ အသံကို နှိမ့်ကာ ရှင်းပြသည်။ “အခုလေးတင်ပဲ သူ့ရဲ့ မိသားစုက ရောက်လာသေးတယ်၊ သူတို့တွေ အပြင်ထွက်သွားပြီး အကြာကြီးပဲ စကားပြောနေကြတာ၊ ဘာတွေ ပြောနေခဲ့ကြလဲတော့ မသိဘူး၊ အဲ့က ပြန်လာကတည်းက သူဒီလို ဖြစ်နေတာပဲ၊ သူ့အိမ်မှာ တစ်ခုခု ဖြစ်နေလို့ နေမှာပေါ့”

“အံ့ဩစရာတော့ မရှိပါဘူး” ရွှီချောင်က ရေရွတ်လိုက်သည်။

စကားပြောနေကြစဉ်တွင် မြောင်မြောင်သည် အိမ်နောက်ဖက် ခြံထဲမှ ဒယီးဒယိုင် ထွက်လာပြီး ရွှီချောင်ကို မြင်တော့ ပြုံး၍ မျက်လုံးလေး စောင်းကြည့်ကာ “မေ… မေမေ”

ရွှီချောင်က လုပ်လက်စတို့ကို အမြန်ချ၍ မြောင်မြောင့်အား လက်ယပ်ခေါ်လိုက်သည်။ “လာ၊ မြောင်မြောင် ဒီကိုလာ”

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Tempat cerita menjadi hidup. Temukan sekarang