Chapter 49.2

2.1K 194 3
                                    

တောင်သူကြီးရဲ့ဇနီးလေး - ၄၉.၂

နေ့ခင်းဘက်တွင် အာ့ယာနှင့် စန်းယာ့တို့ ရှောင်ရှန်းနှင့်အတူ အလည်လာသည့်အခါ ရွှီချောင်သည် တိုဟူးချဉ်အနည်းငယ်ဝယ်ပေးကာ အိမ်သို့ပြန်ပို့ပေးလိုက်သည်။ အာ့ယာနှင့် စန်းယာတို့ကို ရာသီဥတုအေးသောကြောင့် ရှောင်ရှန်းကို ဒီကနေ ဘယ်မှမခေါ်သွားဖို့ရန်နှင့် သူမ(ရွှီချောင်) အနာဂတ်မှာ သူတို့ကို လာတွေ့မယ်ဆိုပြီး ပြောခဲ့သည်။

အပြင်ဘက်တွင် နှင်းသိပ်မကျပေမဲ့လည်း အလွန်အေးလေသည်။ ရွှီချောင်သည် အိမ်ထဲတွင် ရက်အတော်ကြာအောင် နေခဲ့ရပြီး အပြင်ဘက်တွင် နှင်း‌များ ပိုမိုထူထပ်လာပြီး ခြေချင်းဝတ်ထိ ရောက်လာလေပြီ။ အိမ်တွင် ဝယ်ထားသော ကာဗွန်ကို အသုံးပြုလေသည်။

အမေချန်သည် သူမနောက်ဆုံးထွက်သွားတဲ့နေ့ထဲက ဒီကို လုံးဝမလာတော့ပေ။

ဒီနေ့တွင် ရွှီချောင်သည် သစ်သားကုတင်ပေါ်တွင်နေကာ အပြင်ဘက်ရှိ နှင်းများကျနေသည်ကို ကြည့်နေချိန်တွင် ခြံတံခါးဘန်းဆိုပြီး အသံမြည်ကာ လှုပ်ခတ်သွားလေသည်။ ဖူကွေ့သည် သူမကို ထခွင့်မပေးဘဲ သူကိုယ်တိုင် ခြံတံခါးသွားဖွင့်လေသည်။ တစ်စုံတစ်ယောက် ခြံထဲသို့ဝင်လာသည်ကို တွေ့လိုက်ရပြီး သူသည် ယန်ရှောင်အန်းနှင့် တူလေးကျွင်းကျွင်းကို ချီထားသော သူ့ရဲ့ဒုတိယညီမဝမ်းကွဲရှန်ကို တွေ့လိုက်ရသည်။

ရွှီချောင်သည် အမြန်ထလာကာ အပြုံးလေးဖြင့် "ရှောင်အန်း၊ ယောင်းမ-၂တို့က ဒီလိုအေးနေတဲ့ရာသီဥတုမှာ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ?"

ရှောင်အန်းနှင့် ရှန်သည် သူတို့ကိုယ်ပေါ်၌ရှိသော နှင်းများကို လက်ဖြင့်ခါချကာ အိမ်ထဲသို့ ဝင်လာသည်။ မြောင်မြောင်နှင့်အတူ ကစားဖို့ရန် သစ်သားကုတင်ပေါ်သို့ တက်သွားလေသည်။

ရှန်သည် ရွှီချောင်ကို လှမ်းပြုံးပြပြီး "ရာသီဥတုက တော်တော်အေးတယ် ပြီးတော့ အပြင်ထွက်ဖို့လည်း သိပ်အဆင်မပြေဘူး၊ ကျွန်မတို့ အစ်ကိုတို့ကို မတွေ့ရတာ တော်တော်ကြာနေပြီ၊ အဲ့ဒါကြောင့် ရှောင်အန်းနဲ့အတူ ဒီကိုလာခဲ့တာ" ဟုပြောသည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Место, где живут истории. Откройте их для себя