Chapter 44

2.9K 238 1
                                    

အခန်း ( ၄၄ )

ယန် တတိယသား ယန်ရှောင်ထုန်က ဘာလုပ်ရမှန်း မသိ ဖြစ်နေကာ အိမ်ရှေ့တွင် မတ်တတ်ရပ်လိုက် လမ်းပတ်လျှောက်လိုက် လုပ်နေမိသည်။ သူက ရွှီချောင်ကို မြင်လျှင် ခေါင်းညိတ်ရုံ ညိတ်ပြကာ နေရာတွင်ပင် လမ်းပတ်လျှောက် နေပြန်သည်။

အဖေယန်သည် ခြံထဲတွင် ဆောင့်ကြောင့်ထိုင်နေပြီး သူ့ကြည့်ရသည်မှာ အလွန် စိုးရိမ်နေပုံရသည်။ အဖေယန်က ရှန်နောက်မှ လိုက်လာသည့် ရွှီချောင်ကို မြင်လျှင် ခေါင်းညိတ်ပြခဲ့သည်။ ရွှီချောင်က အမြန်ပင် အဖေဟု ခေါ်လိုက်ပြီး တစ်ဖန် ချန်ကို ချန်နျန်ဟု ခေါ်လိုက်သည်။ (နျန်-အမေ)

အမေချန်က နှာမှုတ်ကာ ရွှီချောင်ကို လျစ်လျူရှုလိုက်သည်။ စိတ်လှုပ်ရှားစွာ လမ်းပတ်လျှောက်နေသည့် ယန်ရှောင်ထုန်ကို ကြည့်ကာ အမေချန်သည် စတီး မဖြစ်သောကြောင့် သံကို မုန်းတီးနေခဲ့သည်။ ထို့နောက် ဆိုလေသည်။ "မင်း ဘာတွေ လာနောက်နေတာလဲ၊ မိန်းမတွေက ဒီလိုနဲ့ပဲ ကလေး မွေးသွားတာပဲ၊ မင်းကို ကြည့်စမ်း၊ မျှော်လင့်ချက်ကို မရှိဘူး၊ ရှက်စရာ ကောင်းမနေဘူးလား"

မည်သူကမျှ သူမကို အရေးစိုက်မနေပေ။

ရှောင်အန်းက မီးဖိုခန်းထဲတွင် ရေနွေးအိုး တည်နေခဲ့သည်။ ရွှီချောင်က ဒါကိုမြင်လျှင် ရှန်နှင့်အတူ ကူညီရန် သွားခဲ့သည်။ စတုတ္ထညီမ ရှောင်အန်းက အလွန် စိတ်လှုပ်ရှားနေသည်မှာ သူမ၏ လက်တို့ပင် အနည်းငယ် တုန်ယင်နေသည်။

"ရှောင်အန်း၊ စိတ်မပူပါနဲ့၊ မင်းရဲ့ တတိယ ယောက်မက လုံးဝကို အဆင်ပြေမှာပါ" ရွှီချောင်က နှစ်သိမ့်လိုက်သည်။

ရှောင်အန်းက တံခါးအပြင်ကို ကြည့်၍ စိုးရိမ်စွာ ပြောလေသည်။ "အချိန် ကြာနေပြီ၊ စန်းစောင်က ခုထိ မမွေးသေးဘူး၊ အိုက်ယား" ( စန်းစောင်- တတိယ ယောက်မ)

ရှန်သည်လည်း ရှောင်အန်းကို  မိန်းမတွေဟာ ဒီလိုနဲ့ပဲ မွေးကြရသည် ဖြစ်ကြောင်း၊ မွေးရန် တစ်ရက်နှင့် တစ်ညပင် ကြာနိုင်ကြောင်း ပြောကာ နှစ်သိမ့်ပေးလိုက်သည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now