Chapter 41

2.2K 186 1
                                    

အခန်း ( ၄၁ )

လီက စဉ်းစားလိုက်သည်။ ဒီ အာလူးတို့၏ အထွက်နှုန်းက အတော်မြင့်သည်ဟု သူမ ကြားထားသည်။ ဒီ တစ်ကြိမ်တွင် မရောင်းရလျှင်လည်း သူမတို့ မိသားစု စားရန် သိမ်းထားလို့ ရသည်ကြောင့် ဘာမှ ထပ်မပြောခဲ့ပေ။

ဖူကွေ့က လယ်ထွန်ပေးပြီးနောက် သူ၏ လေးကိုယူ၍ ဟေးကျီကို ခေါ်ကာ အမဲလိုက် ထွက်သွားသည်။ ရွှီချောင်နှင့် အမေလီတို့ အာလူးစိုက်ရင်း အလုပ်များနေစဉ်တွင် အဖေရွှီက ပြောင်းစိုက်နေခဲ့သည်။ အာ့ယာ၊ စန်းယာတို့က ရှောင်ရှန်းကို ချီသူက ချီကာ မြောင်မြောင်နှင့် ထိုင်နေကြပြီး ဘေးရှိ တောင်ကုန်းလေးရှိ ကန်စွန်းဥတို့ကို တူးနေကြသည်။ ထို့နောက်တွင် ရှောင်ရှန်းနှင့် မြောင်မြောင်က အားလုံးနောက်မှ လိုက်၍ ပျော်ရွှင်စွာ ပေါင်းနှုတ်နေခဲ့သည်။

ရွှီချောင် လှည့်ကြည့်သည့်အခါ မြောင်မြောင်လေး ပေါင်းနှုတ်နေသည်ကို တွေ့လိုက်ရသည်။ သူမက ပြုံး၍ ပြောလိုက်သည်။ "ငါတို့ မြောင်မြောင်လေးက လုပ်တတ်နေပြီပဲ၊ အမေကို ကူညီရကောင်းမှန်းလည်း သိတယ်"

မြောင်မြောင်က ပေါင်းပင်တို့ကို အမြန် နှုတ်လေတော့သည်။ ရွှီချောင်က လက်ထဲမှ အရွက်ရိုင်းတို့ကို ခါရင်း ပျော်ရွှင်စွာ ရယ်နေခဲ့သည်။ ဘေးမှ ရှောင်ရှန်းက တာ့ကျဲ၏ မြောင်မြောင့် တစ်ယောက်သာ ကွက်၍ ချီးကျူးခန်းကို ကြားလျှင် လက်မခံနိုင်စွာနှင့် ပေါင်းပင် လက်တစ်ဆုပ်စာကို နှုတ်၍ ရွှီချောင်ကို စိတ်အားထက်သန်စွာ အော်ပြောလိုက်သည်။ "တာ့ကျဲ ၊ သားလည်း နှုတ်ထားတယ်"

"ဟုတ်ပ၊ ငါတို့ ရှောင်ရှန်းလည်း လုပ်နိုင်နေပြီပဲ"

ရှောင်ရှန်းက ပြုံးရွှင်၍ ပေါင်းပင်တို့ကို ကြိုးကြိုးစားစား နှုတ်တော့သည်။

နေဝင်သွားသည့်အခါ လီနှင့် ရွှီချောင်တို့က အားလုံးကို ပြန်လွှတ်လိုက်သည်။

လီက မီးဖိုချောင်တွင် ချက်ပြုတ်ရင်း အလုပ်များနေသည်။ ရွှီချောင်က အရွက်ရိုင်းတို့ကို ဆေးပြီး အသုပ်သုပ်စားရန် ပြင်ဆင်နေသည်။ သူမက ရှောင်ရှန်းနှင့် မြောင်မြောင်ကို ကြည့်ရင်း နှလုံးသားထဲတွင် ခံစားသွားရကာ မီးဖိုချောင်ထဲသို့ အော်ပြောလိုက်သည်။ "အမေရေ၊ နက်ဖြန် ကျွန်မနဲ့ မြို့ကို သွားရအောင်၊ ဝက်ပေါက် ၂ ကောင်လောက် မွေးဖို့ ဝယ်လေ၊ နှစ်ကူးကျ တစ်ကောင် သတ်ပြီး ကျန်တဲ့ တစ်ကောင်ကို ရောင်းလို့ရတယ်လေ၊ ပြီးတော့ ဝက်ပေါက်တွေ မွေးတာက အိမ်ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုတယ်လေ"

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Where stories live. Discover now