Chapter 13

2.5K 242 1
                                    

တောင်သူကြီးဇနီး - ၁၃
 
 
ရွှီချောင်သည် လက်ကောက်နှင့် ကျောက်စိမ်းဆွဲသီးကို ထိကြည့်လိုက်ရာ ချောမွေ့သိမ်မွေ့ပြီး အေးစက်တဲ့အထိအတွေ့ကိုခံစားရလေသည်။ သူမ(ရွှီချောင်)သည် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။ ဖူကွေ့၏ အမေကဘယ်လိုလူမျိုးလဲ၊ ဘာကြောင့် သည်လို အဖိုးတန်တဲ့ ပစ္စည်းတွေ ရှိနေရတာလဲ။ သူမ၏ စိတ်ထဲတွင် ထူးဆန်းနေသလိုခံစားရသဖြင့် မေးလိုက်သည်။
 
ဖူကွေ့သည် ထူးဆန်းသော အပြုံးတစ်ခုနှင့်အတူ မသိဘူးဟုသာ ပြောလေသည်။
 
ထိုသည်ကို မြင်သောအခါ သူမ(ရွှီချောင်)သည် ဘာမှထပ်မမေးတော့ဘဲ သူမ၏ ကျန်ရှိနေသော ငွေတုံး ၉ တုံးကိုဘရိုကိတ်သေတ္တာထဲသို့ ထည့်လိုက်‌ပြီး သော့သေးလေးတစ်ခုဖြင့် ခတ်လိုက်ကာ ‌သစ်သား သေတ္တာကြီး တစ်ခုထဲသို့ထည့်ကာ သော့ထပ်ခတ်လိုက်လေသည်။ ထိုသို့ လုပ်ခြင်းသည် သက်သာလေသည်။ ထိုအကြောင်းကို တွေးမိပြီးနောက်သူမသည် ဖူကွေ့ကို ပြန်ကြည့်ကာ အရင်က ဇနီး တစ်ယောက် ရှိခဲ့သည်ကို သတိရသွားလေသည်။ ထိုအမျိုးသမီးက ဘာကြောင့် သည်ပစ္စည်းတွေကို ထိန်းသိမ်းခွင့် မရခဲ့တာလဲ။
 
"ဖူကွေ့၊ ရှင် ဘာဖြစ်လို့ ဒီပစ္စည်းတွေကို မြောင်မြောင်ရဲ့အမေကို ထိန်းသိမ်းခွင့် မပေးခဲ့တာလဲ"
 
"သူမက မကောင်းလို့လား" ‌ရွှီချောင်သည် အနည်းငယ်အံ့ဩသွားလေသည်။ သူမ(မြောင်မြောင်၏ အမေရင်း)သည် နေ့တိုင်း ချန်ရဲ့ စော်ကား ပြောဆိုမှုများကို မခံနိုင်သောကြောင့် ထွက်ပြေးသွားပြီး သူမ(မြောင်မြောင်၏ အမေရင်း)သည် ပင်ကိုယ်စွမ်းရည် အားနည်းသည်ဟု တွေးခဲ့မိသည်။ အဲ့ဒါ ဖြစ်နိုင်လောက်လား။
 
ဖူကွေ့သည် ခဏလောက် စဉ်းစားပြီးနောက် သူ့ရဲ့မိန်းမ(ရွှီချောင်)နှင့် အရင်က ကိစ္စများကို ရှင်းရှင်းလင်းလင်း ပြောပြထားသည်က ပိုကောင်းသည်ဟု ခံစားရလေသည်။ မဟုတ်လျှင် သူမစိတ်ဆိုးသွားလိမ့်မည်။
"ကိုယ် အသက် (၁၈) နှစ်မှာ မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ အဆင်သင့် မဖြစ်ခဲ့ဘူး။ မြောင်မြောင်ရဲ့အမေက ကိုယ်တို့ရွာမှာ နေထိုင်ခဲ့တယ်။ ကုန်းကောက်ဖို့ရာ ဘာမှမရှိသော မိန်းမတစ်ယောက်က ပိုက်ဆံကို လိုချင် တပ်မက်မှု မရှိလောက်ဘူးဟု ကိုယ့်အမေက ထင်ခဲ့တယ်။
(ဆင်းရဲတာကြောင့် လောဘ မကြီးဘဲ ရိုးသားမှု ရှိလိမ့်မယ်လို့ ပြောချင်တာပါ)
 
အဲ့လိုနဲ့ သူမက ကိုယ့်ရဲ့ဇနီး ဖြစ်လာခဲ့တယ်။ ကိုယ်.. ကိုယ် သူမရဲ့အကြည့်ကို ကိုယ် မကြိုက်ဘူး" ဖူကွေ့သည်သက်ပြင်းချလိုက်ပြီး "နောက်မှ ပြန်တွေးကြည့်လိုက်တော့သူမ ကိုယ့်နဲ့လက်ထပ်ပြီးနောက် အေးဆေး သာယာနေခဲ့တယ်။ နောက်တော့ သူမကိုယ်ဝန် ရှိလာပြီး မြောင်မြောင်ကိုမွေးခဲ့တယ်။ သူမက အရမ်း ဒေါသကြီးပြီး မြောင်မြောင်ကိုလည်း ကောင်းမွန်စွာ မဆက်ဆံဘူး။ အဲ့ဒါကြောင့် ကိုယ့်အမေက သူမကို အမြဲ ဆူပူကြိမ်းမောင်းတယ်။ အဲ့အတွက် သူမရဲ့နှလုံးသားက ကြင်နာမှုကင်းမဲ့ပြီး မြောင်မြောင် ခန္ဓာကိုယ်ကိုအနာတရ ဖြစ်စေတယ်။ ပြီးတော့ ကိုယ်တွေးမိတာက အဲ့တုန်းက ကိုယ်က ပျင်းစရာ ကောင်းပြီး တုံးအ‌တဲ့အပြင် သူမကို မစောင့်ရှောက်ပေးနိုင်တာကြောင့် သူမထွက်ပြေးသွားဝာာ ဖြစ်နိုင်တယ်" 
 
ထိုကိစ္စများကို ပြောပြပြီးနောက် ရွှီချောင်သည် ဖူကွေ့ကို ထိလိုက်သည်။ သူ(ဖူကွေ့)သည် ရှက်စရာကောင်းသည်ဟု မခံစားရပေ။ သူ(‌ဖူကွေ့)သည် သူမ(ဇနီးဟောင်း)ကို သဘောမကျပေမဲ့လည်း သူမအပေါ် ကောင်းနေဆဲ ဖြစ်သည်။သူမ(ဇနီးဟောင်း)က သည်လို ပျင်းစရာကောင်းတဲ့ ဘဝကို မကြိုက်တာနဲ့ သူ့(ဖူကွေ့)က သူမအပေါ် မကောင်းဘူးဟုခံစားရရုံလေးတင် ဖြစ်သည်။ သူ့(ဖူကွေ့)လိုမျိုးယောကျာ်းတစ်ယောက်ကို သူမ(ဇနီးဟောင်း)က သဘောမကျဘူးဆိုရင် သူမရဲ့ပျော်ရွှင်မှုကို သူမဘာသာ လိုက်ရှာပေလိမ့်မည်။
 
ဘာပဲဖြစ်ဖြစ် သူ(ဖူကွေ့) သဘောမကျတဲ့ သူမ(ဇနီးဟောင်း)က အဝေးကို ထွက်ပြေးသွားရုံလေးပါပဲ။
 
ရွှီချောင်သည် ထိုအကြောင်းကြောင့် အံ့ဩသွားလေသည်။ သူမသည် မြောင်မြောင်ရဲ့အမေကို အဝေးကနေ တစ်ကြိမ်ထဲသာလျှင် မြင်ဖူးလေသည်။ သူမသည် အနည်းငယ်ဇဝေဇဝါဖြစ်နေသည်။ သူမသည် အချိန်အကြာကြီးကိုမှကောင်းတဲ့အရာတစ်ခုထဲကိုသာ မှတ်မိနေပြီး တစ်ခြားသောအရာများကို သတိမထားမိခဲ့ပေ။
 
ဖူကွေ့သည် ‌ရွှီချောင်က သူ့ဆီကို အာရုံပြန်ရောက်လာတဲ့ထိ မစောင့်တော့ဘဲ ပျော်ရွှင်စွာ ပြုံးလျက် သူမ(ရွှီချောင်)ကိုဘေးတိုက် ဖက်လိုက်လေသည်။ ရွှီချောင်သည်အနည်းငယ်လန့်သွားကာ အော်လိုက်လေသည်။
"မိန်းမ၊ ဒီ စိတ်မချမ်းသာစရာအကြောင်းတွေကို မပြောတော့ဘဲစောစောနားကြရအောင်။ ကိုယ်တို့အစောကြီးထပြီး တောင်ပေါ်သွားဖို့ ရှိသေးတယ်လေ " ထို့နောက် ဖူကွေ့သည် ရွှီချောင်ကို ပွေ့ချီကာ အိပ်ရာထဲသို့သွားလေသည်။
ရွှီချောင်သည် ရှက်သွားလေသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဖူကွေ့သည် သူမကို ဘာမှမလုပ်ဘဲသစ်သား ကုတင်ပေါ်သို့ တင်ပေးလေသည်။
"မိန်းမ စောစော အနားယူတော့" ဟု ပြောကာ ဖူကွေ့သည်သူမ(ရွှီချောင်)ကို ပွေ့ဖက်လျက် ကျေနပ်စွာဖြင့် အိပ်သွားလေသည်။
သူမနှင့် ဆန့်ကျင်ဘက် အောက်တွင် တင်းမာနေသောအရာကို သတိပြုမိသွားပြီး ရွှီချောင်သည် ရှက်သွားလေသည်။
 
ကံကောင်း ထောက်မစွာဖြင့် ဖူကွေ့သည် သူမကိုတင်းကြပ်စွာဖက်ထားရုံက လွဲပြီး ဘာမှမပြုလုပ်ခဲ့ပေ။ ထိုမှသာလျှင် ရွှီချောင်သည် တဖြည်းဖြည်း စိတ်သက်သာရာ ရသွားလေသည်။
 
မကြာခင်မှာဘဲ ရွှီချောင်သည် မျက်လုံးများ စင်းလာကာအိပ်ပျော်သွားလေသည်။
 
ပထမဆုံး မနက်ခင်းတွင် ဆန်ပြုတ်ကို သောက်ကာ မြောင်မြောင်ကို ရှန်၏ လက်ထဲသို့ ထည့်ပေးခဲ့လေသည်။ ထို့နောက် ရွှီချောင်သည် ဖူကွေ့နှင့် ဟေးကျီကိုခေါ်ကာ တောင်ပေါ်သို့ ‌သွားခဲ့သည်။ ခြေလှမ်း ၂ လှမ်းကို လှမ်းပြီးသည့်နောက် အိမ်ထဲရှိ အဖိုးတန်သော လက်ကောက်နှင့်ကျောက်စိမ်းဆွဲသီးကို သတိရလိုက်သောကြောင့် အမြန် ပြန်လှည့်ကာ ခြံတံခါးဘက်ကို လှမ်းကြည့်နေသော ရှောင်ပိုင်၏နားနားသို့ စကား အနည်းငယ် တီးတိုး ပြောဆိုလိုက်လေသည်။
 
ရှောင်ပိုင်သည် လူ့သဘောသဘာဝကို နားလည်ပြီး တစ်ခါတရံရိုးရှင်းသော အမိန့်များကို နားလည်နိုင်လေသည်။ ရွှီချောင်သည် တံခါးအဝတွင် အခြားသူများကို ဝင်ခွင့် မပေးရန်စောင့်ခိုင်းလေသည်။
 
ရှောင်ပိုင်သည် ဟေးကျီနှင့် ဖူကွေ့ကို တစ်ချက်ကြည့်ကာသဘော တူညီကြောင်းကို ပြသသည့်အနေဖြင့် မကျေမနပ်ဖြင့် ၂ ကြိမ်မျှ ဟောင်လေသည်။
 
ရွှီချောင်သည် ပြုံးလျက် ရှောင်ပိုင်၏ ခေါင်းကို ပုတ်လိုက်ပြီး "တံခါးကို သေချာ စောင့်ကြည့်နေနော်၊ ငါတို့ ပြန်လာရင် မင်းအတွက် အရသာ ရှိတာတွေ ယူလာခဲ့မယ်" ဟု ပြောလိုက်သည်။ ရှောင်ပိုင်သည် သဘောတူညီကြောင်း သူမကိုကြည့်လျက် ဟောင်ပြလေသည်။
 
ထို့နောက် ‌ရွှီချောင်သည် ပျော်ရွှင်စွာဖြင့် တောင်ပေါ်သို့ သွားလေသည်။
 
သူမသည် သည်ထက်ပိုပြီး ဘာမှ ထပ်မလုပ်နိုင်တော့ပေ။သူမ၌ ရုတ်တရက် ရတနာ တစ်ခု ရှိလာပြီး သဘောဝအတိုင်းပင် တခြားသူများ မခိုးယူနိုင်အောင် သူမရဲ့နှလုံးသားထဲ၌ဝှက်ထားချင်မိသည်။
 
တောင်ပေါ်သို့ သွားနေရင်းဖြင့် ဖူကွေ့သည် တောင်ပေါ်တွင် သတိထားရမည့် အရာများနှင့် ပတ်သက်ပြီး ပြောပြသည့်အပြင် သူ့ရဲ့အမဲလိုက်မှု၌ တွေ့ကြုံခဲ့ရပုံများကို ပြောပြလေသည်။ ရွှီချောင်သည် စိတ်ပါဝင်စားစွာဖြင့် နားထောင်လေသည်။
 
ဟေးကျီသည် သူတို့နောက်မှ အေးအေးဆေးဆေး လိုက်လာလေသည်။ တောင်ပေါ်တွင် လမ်းလျှောက်ရင်းဖြင့် တစ်နာရီခန့် ကြာပြီးနောက် ပတ်ဝန်းကျင်ရှိ သစ်ပင်များသည်ပိုမို ထူထပ်လာကာ ရွှီချောင်မသိသော ချုံပင်များစွာ ရှိနေသည်။
 
ပတ်ဝန်းကျင်ရှိ အသံများသည် တဖြည်းဖြည်း ငြိမ်သက်တိတ်ဆိတ်သွားပြီး တစ်ခါတရံမှသာ ငှက်၏ အော်သံများကိုကြားရလေသည်။ ရွှီချောင်၏ အသက်ရှူမှုသည် စိတ်လှုပ်ရှားမှုကြောင့် ပေါ့ပါးလာလေသည်။
 
ဖူကွေ့သည် သူမ၏ ပုံစံကို မြင်လိုက်သဖြင့် သူမရဲ့လက်ကိုကိုင်လိုက်ကာ ရယ်နေသည်။ တစ်ခဏကြာပြီးနောက် ဖူကွေ့သည် တစ်နေရာတွင် ရပ်လိုက်ပြီး သူ့ရဲ့အရှေ့၌ ရှိသောအပင်များကို ညွှန်ပြလျက် ပြောလေသည်။ "မိန်းမ၊ ဒီအပင်ပဲ" 
 
အပင်သည် သိပ်အများကြီး မရှိ။ ၅ပင်၊ ၆ပင်လောက်သာ ရှိပေသည်။ အများကြီး မရှိပေမဲ့လည်း ရွှီချောင်သည် အလွန်ပျော်ရွှင်နေလေသည်။ သူမသည် သည်အာလူးများကိုစားစရာအတွက် မဟုတ်ဘဲ နောက်နှစ်နွေရာသီတွင် အပင်စိုက်ပျိုးရန်အတွက် ပြန်တူးနေသည်။
အပင် တစ်ပင်ရဲ့အောက်တွင် အာလူး ၈ လုံး (သို့) ၉ လုံးခန့်ရှိ‌သည်။ သည်အာလူးသည် သိပ်မကြီးပေ။ လက်သီးရဲ့တစ်ဝက်မျှသာ ရှိလေသည်။ ဖူကွေ့သည် ဆောင့်ကြောင့်ထိုင်လျက် ဝင်ကူညီပေးလေသည်။ ခဏကြာပြီးနောက်အာလူး အားလုံးကို တူးပြီးနောက် ရေတွက်ကြည့်ရာ အာလူးပေါင်း (၇၀) နီးပါး ရှိလေသည်။
ဖူကွေ့သည် သူ့ မိန်းမရဲ့အပြုံးကို ပြုံးလျက်ကြည့်ကာ သူ့ရဲ့နှလုံးသားထဲ၌ နွေးထွေးမှုကို ခံစားရလေသည်။
 
"ဖူကွေ့၊ ဒီလိုအပင်တွေ ဒီအနီးနားမှာ ရှိနိုင်သေးလား" ဟု ရွှီချောင်သည် သူမ၏ လက်ဖြင့် အိတ်ကြမ်း တစ်ခုကို မ.ကာပြုံးလျက်မေးလေသည်။
 
ဖူကွေ့သည် သူမရဲ့ခေါင်းလေးကို ပုတ်ကာ သူမရဲ့လက်ကို ဆွဲလျက် ပြုံးကာပြောလေသည်။ "ကိုယ်က ဒီအနီးနားကို မရှိတော့မှာကိုပဲ ကြောက်နေတာ၊ ရှေ့ကို ဆက်သွားရအောင်၊ကိုယ်က အမဲလိုက်နေမယ်၊ မင်းက အဲ့အပင်ကို အာရုံစိုက်ပြီးရှာနေလေ" 
 
ရွှီချောင်သည် သူ့(ဖူကွေ့)၏ လက်ကို သဘောတူသည့်အနေဖြင့် ဖျစ်ညစ်လိုက်ပြီး "ကောင်းပြီ" ဟုပြောသည်။
လမ်းခရီးတွင် အာလူးပင်များကို ရှားရှားပါးပါး တွေ့ရပြီး တောရိုင်း စပျစ်သီးများကို အများအပြားတွေ့ရလေသည်။ တောရိုင်းစပျစ်သီးများသည်  န ည်းပါးသွားပြီး လွန်ခဲ့သည့် နှစ်ရက်ကစပြီး ရာသီဥတု ပူလာသောကြောင့် ဖြစ်နိုင်‌သည်။ စပျစ်အခိုင်များလည်း နည်းပါးနေသည်။
 
လမ်း တစ်လျှောက်တွင် ဖူကွေ့သည် တောင်ပေါ်သို့ ခုန်တက်နေသည့် ရစ်ငှက်တစ်ကောင်ကို အမဲလိုက်ခဲ့သည်။ ရွှီချောင်သည် ဖူကွေ့၏နေ ာက်ကျောဘက်၌ လေး ၂ ချောင်းနှင့် မြားများ သယ်ဆောင်ထားသည်ကို မြင်သောအခါ မနေနိုင်ဘဲ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "ဖူကွေ့၊ ရှင်ဘာလို့ မြားတွေနဲ့ လေး ၂ ခုကို သယ်လာတာလဲ၊ တစ်ခုထဲ သယ်ရုံနဲ့ အဆင် မပြေဘူးလား"
 
သူမ၏ စကားကို ကြားသော် ဖူကွေ့သည် သူ့ရဲ့ခေါင်းကိုလှည့်ကာ သူ့ရဲ့နောက်ကျောဘက်ရှိ လေးနဲ့မြားကို တစ်ချက်ကြည့်လျက် "ဒီတိုပြီး ပါးလွှာတဲ့ တစ်ခုကို ကျတော့ ရစ်ဌက်၊ သားပိုက်ကောင်၊ ဖြူကောင် အဲ့လို အကောင်တွေကိုအမဲလိုက်တဲ့အခါ သုံးတယ်။ ဒီထူတဲ့မြားနဲ့ လေးတွေကိုကျတော့ သားကောင်ကြီးတွေကို အမဲလိုက်တဲ့အခါ သုံးတယ်။အဲ့ကောင်တွေက တောင်ပေါ်မှာပဲ ရှိတာ၊အလုပ် ရှိ‌တဲ့နေ့တွေမှာ မင်း မလိုက်နိုင်ဘူးလေ။ ဒါပေမဲ့ အခုက  သယ်လာတာက ပိုကောင်းမယ် ထင်လို့ပါ"
 
 
နောက်ကျနေပြီကို မြင်သောအခါ သူတို့ ၂ ယောက်သည်ပြန်လာခဲ့သည်။ ဟေးကျီသည် သူတို့နောက်မှ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် လိုက်လာလေသည်။
 
အိမ်ပြန်ရောက်ချိန်တွင် ရှောင်ပိုင်သည် ခြံအပြင်ဘက်တွင်ရပ်ကာ သူ့ရဲ့အမြှီးသည် ပြင်းထန်စွာ လှုပ်ယမ်းနေသည်။ရွှီချောင်သည် အလွန် ပျော်ရွှင်သွားလေသည်။ သည်ခွေးက သစ္စာရှိသည်။ သူမပြန်လာချိန်တွင် သူမ ကြိုဖို့ရာအတွက် အပြင်သို့ထွက်လာသည်။ ရှောင်ပေါင်ကို ချီးကျူးခါနီးတွင် ရှောင်ပေါင်သည် သူမ(ရွှီချောင်)ကို လျစ်လျူရှုကာသူမ၏ အနောက် ၌ရှိသော အနက်ရောင်နေပုံသဏ္ဍာန်အမှတ်အသားဆီ သွား‌နေသည်ကို တွေ့လိုက်ရပြီး မတော်တဆမကြာခဏ ဖြစ်လေ့ရှိသောနေရာတွင် သူ့ရဲ့အမြှီးကိုလှုပ်ယမ်းကာ နေလေသည်။ ထို့နောက် ထိုနေရာကို စက်ဝိုင်းပုံစံလှည့်ပတ်လျက်…..
 
ရွှီချောင်သည် ခြံထဲမဝင်မီ ထိုအရာကို တစ်ခဏကြည့်နေသည်။ ရှန်သည် ခြံဝင်းထဲတွင် ထိုင်နေပြီး ကလေး ၂ ယောက်ကို ကြည့်နေသည်။ မြောင်မြောင်သည် ‌ရွှီချောင်နှင့် ဖူကွေ့ကို မြင်သောအခါ သူမ၏ မျက်လုံးဝိုင်းလေးများသည်တောက်ပလာပြီး သူတို့ ၂ ယောက်ဆီ သူမ၏ ခြေထောက်လေးများဖြင့် ဒယီးဒယိုင် လမ်းလျှောက်လာပြီး "မေမေ….. မေမေ" ဟု ခေါ်လေသည်။
 
ရွှီချောင်သည် အာလူး ထည့်လာသော အိတ်ကြမ်းကို ထောင့် တစ်နေရာတွင် ထားလိုက်ပြီး မြောင်မြောင်ကို အမြန်ချီလိုက်ကာ "မေမေလို့ပဲ မခေါ်နဲ့လေ၊ ဖေဖေလို့လည်း ခေါ်ကြည့်ပါဦး " 
 
မြောင်မြောင်သည် ပြုံးနေသော ရွှီချောင်ကို ကြည့်ကာ ဖူကွေ့ကို လက်ညှိုးထိုးပြပြီး "ပေပေ" ဟု ခေါ်လေသည်။
 
ရွှီချောင်သည် အံ့ဩသွားပြီး "မြောင်မြောင်၊ ဒါကဖေဖေ၊ပေပေ မဟုတ်ဘူး၊ ဖေဖေ ၊ ဖေဖေ.. "
 
မြောင်မြောင်သည် မပျော်မရွှင်ပြုံးလျက် "ပေပေ…"
 
ရွှီချောင်သည် ကူကယ်ရာမဲ့စွာ ဖြစ်နေပြီး ဘေး၌ ရှ်ိနေသောရှန်သည်လည်း မပြုံးနိုင် ဖြစ်နေသော်လည်း ဖူကွေ့ကတော့ပြုံးနေလေသည်။
 
မြောင်မြောင်ကို ထပ်၍ စနောက်နေပြီးနောက် ယန်ရှောင်အန်းသည် မီးဖိုချောင်ထဲမှ ပြေးထွက်လာပြီး "အစ်ကိုကြီးနဲ့ယောင်းမတို့ ပြန်လာပြီပဲ၊ မြန်မြန်ဆေးကြော သန့်စင်ပြီး လာစားတော့" ဟုပြော‌သည်။ ရှောင်အန်းနှင့် ရွှီချောင်သည်အသက်တူရွယ်တူ ဖြစ်ပြီး ရှောင်အန်းသည် ရွှီချောင်ထက်အနည်းငယ် ငယ်လေသည်။
သူမ(ရှောင်အန်း)သည် အလွန်ကောင်းမွန်ပြီး လုံ့လဝိရိယရှိကာအပြောချိုလေသည်။ ရွှီချောင်သည် သူမ(ရှောင်အန်း) ငယ်စဉ်အခါတုန်းက တစ်ဘက်ရွာက အစ်ကို ဟုန်နှင့် လူငယ်သဘာဝ နမ်းခဲ့ကြသည်ဟု ကြားခဲ့လေသည်။ မကြာမီမှာပင်ရှောင်အန်းနှင့် ချောင်တို့ လက်ထက်ခဲ့ကြပြီး သူတို့(ရွှီချောင်နှင့် ဖူကွေ့) လက်ထပ်ခဲ့ကြသည်။
 
အစ်ကို မာရိုကျီရဲ့ မျိုးရိုး နာမည်သည် ခုန်း ဖြစ်ပြီး သူ့ရဲ့နာမည်သည် ကျန့်ဟုန် ဖြစ်သည်။ သူသည် အနီးနားရှိ ဂုန်းချီရွာတွင် နေထိုင်သည်။ သူ့ရဲ့မိဘများသည် လယ်စိုက်ကာ စားသောက်ကြသော သာမန် လူတန်းစားများ ဖြစ်ပြီး သူ့ရဲ့မိသားစုနောက်ခံသည် ရွာရှိ လူအများစုနှင့် ဆင်တူသည်။
ရွှီချောင်သည် သူ့(ကျန့်ဟုန်)ကို မသိပေမဲ့လည်း ရှောင်အန်းသည် သည်ဆက်ဆံရေးနှင့် ပတ်သက်ပြီး အတော်လေးကို ကျေနပ်နေပြီး ချန်သည်လည်း သည်မိသားစုကို အလွန်ကျေနပ်နေသည်ကို သိလေသည်။ ဘာကြောင့်လဲဆိုတော့ ခုန်းကျန့်ဟုန်သည် ထူးချွန်ကျောင်းသား တစ်ယောက် ဖြစ်လေသည်။ နောက်လာမဲ့ နွေဦးတွင် ကလေး‌တွေရဲ့စာမေးပွဲကို ဖြေဆိုရလိမ့်မည်။ အကယ်၍ သူအောင်မြင်ခဲ့မည်ဆိုလျှင် ထူးချွန် ကျောင်းသား တစ်ယောက် ဖြစ်လာပေလိမ့်မည်။
 
သည်အနီးအနားရှိ ရွာအနည်းငယ်များသည် အရည်အချင်းများ ဟောင်းနွမ်းနေသည်ထက် မပိုပေ။
 
ညစာ စားပြီးနောက် ရွှီချောင်သည် သူမ၏ အာလူးများကိုထောင့် တစ်ရာတွင် အလျင်အမြန် စိုက်ကာ ‌အညှောင့်များဖြည်းညှင်းစွာ ထွက်လာသည်ကို စောင့်နေသည်။
 
ဤနေရာတွင် တောရိုင်း စပျစ်သီးများ အများကြီးမရှိသလို ယိုများလည်း သိပ်အများကြီး မရှိပေ။ ညစာ စားပြီးနောက် ရွှီချောင်သည် ၎င်းတို့ကို ရေဆေးပြီး လူတိုင်းစားလို့ရအောင်သစ်သီးအဖြစ် ခြံထဲသို့ ယူသွားသည်။ သူမသည် စပျစ်စေ့များကို မသိမ်းထားတော့ပေ။ သူမသည် တောင်ပေါ်သို့ သွားကာ စပျစ် အကိုင်းအခက်များကို ဖြတ်ပြီး နွေရာသီတွင်အပင် ပြန်စိုက်ရန် စီစဉ်ထားပြီး စပျစ်စေ့များဖြင့် စိုက်ပျိုးခြင်းထက် များစွာ အဆင်ပြေလေသည်။

တောင်သူကြီးရဲ့ ဇနီးလေး (Complete ✅)Donde viven las historias. Descúbrelo ahora