အပိုင်း 4

356 36 0
                                    

စွမ်းအားကြီးလှသောဆရာဦးလေး
Chapter 4: ထင်ကြီးမိပါပေတယ်

အင်မော်တယ်နှိမ်နင်းဂိုဏ်းမှာ တောင်ထိပ်တွင်ရှိပြီး အကာအကွယ်ရောင်ခြည်များ ဘေးတွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်း၍ တည်ရှိ၏။

မိုးရွာပြီးသောအခါ ကောင်းကင်ကြီးတစ်ခုလုံး ကြည်လင်၍ နေရောင်ခြည် ပြန်လည် ကျရောက်လာသည်။

စုရင်လည်း စိတ်လှုပ်ရှားလျက် ဖြည်းဖြည်းချင်း လျှောက်လာ၏။

သူ ကျင့်ကြံရမည့်အချိန် ရောက်လေပြီ။

မကြာမီအနာဂတ်၌ သူ့ရည်မှန်းချက်များ ပြည့်လာနိုင်၏။

ကျင့်စဉ်မှာ သူ့အတွက် သင့်တော်သည်ဖြစ်စေ မသင့်တော်သည်ဖြစ်စေ အရေးမကြီးပါ။

ဝိညာဥ်ကူးပြောင်းလာသူအနေဖြင့် သင့်တော်သော ကျင့်စဉ်လည်း တောင်းဆိုမနေနိုင်ပါ။

ဂိုဏ်းနှင့် ကျင့်ကြံရန်နေရာမှာ အနည်းငယ် လှမ်းပြီး စုရင်မှာ သာမာန်လူဖြစ်၍ အရှိန်မမြန်ပေ။ ထို့အပြင် ဓားပျံလည်း မစီးနိုင်သောကြောင့် ခပ်အေးအေးသာ သွားနေသည်။

ချန်ယုနှင့် ကျောက်ရောရှုကတော့ သူတို့၏ ဆရာဦးလေးမှာ ဘဝအကြောင်း လေ့လာချင်၍ ဤသို့သွားနေသည် တွေးကာ အထင်ကြီးလေးစားနေ၏။

ထို့နောက် အနောက်မှ လိုက်လာရင်း ဂိုဏ်းအကြောင်း၊ လောကကြီးအကြောင်းများ လိုက်ရှင်းပြနေလေသည်။

ယန်စီရင်စုမှာ တိုက်ကြီး၏ အစွန်းတွင်ရှိပြီး အလွန် ခေါင်၏။ ထို့နောက် နှစ်ပေါင်းများစွာ ကြာသောအခါ ဂိုဏ်းများထောင်ချီ၍ ပေါ်လာလေသည်။

အင်မော်တယ်နှိမ်နင်းဂိုဏ်းမှာတော့ အရင်းအမြစ်များ ကောင်းစွာ လည်ပတ်နိုင်ရေးအတွက် (၅) နှစ်တစ်ကြိမ်တိုင်း စစ်ဆေးပွဲပြုလုပ်ရန် စည်းမျဉ်း သတ်မှတ်ခဲ့သည်။

ဂိုဏ်းမှာ ယခင်ခေါင်းဆောင်ရှိနေလျှင် အင်အားကြီးဟု သတ်မှတ်နိုင်သော်လည်း သူ သေဆုံးပြီးသောအခါ အခြေအနေ ချက်ချင်း ထိုးကျသွား၏။

ဤသို့ဖြင့် (၅) နှစ်တစ်ကြိမ် ကျင်းပသည့် စစ်ဆေးပွဲမှာ နောက် (၃) လတွင် စတင်ပေတော့မည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now