အပိုင်း 6

300 34 0
                                    

စွမ်းအားကြီးလှသောဆရာဦးလေး
Chapter 6 : လျှိုရိီရီ

ကြက်တူရွေးမှာ အရင်နေခဲ့သောနေရာသို့ ချက်ချင်း ပြန်ရောက်သွားလေသည်။

“တာဟယ်၊ လောက်မန်။ သခင်က နေစရာနေရာ ရပြီတဲ့။ မင်းတို့ကို ခေါ်လာခိုင်းလို့”

စုရင်၏ ကြက်တူရွေးမှာ လူသားတစ်ယောက်အတိုင်း ရှင်းလင်းပီသစွာ ပြောနေနိုင်ပြီ ဖြစ်သည်။

“အပြင်ကလူတွေက ငါ့ကို အလကားနေ ရိုက်နေမှာ။ အလုပ်တွေလည်း အရမ်းခိုင်းလိမ့်မယ်။ ငါ ကြောက်တယ်…”

မြည်းလေးက အသံခပ်တုန်တုန်ဖြင့် ပြောလေသည်။

“ဘာကြောက်စရာရှိလဲ။ ငါတို့လည်း ပြန်ဆိုးပစ်မှာပေါ့”

လိပ်လေးက တရွေ့ရွေ့လျှောက်လာရင်း ဖြည်းဖြည်းချင်းပြော၏။ သူ့စကားတစ်ခွန်းမှာ (၃) မိနစ်ခန့် ကြာလေသည်။

“မပြောပါနဲ့တော့။ ငါတော့ စိုးရိမ်တယ်”

ထိုစဉ် ကြက်တူရွေးက ဖြတ်၍

“ငါတို့က အရင်က သာမာန်တိရစ္ဆာန်တွေဆိုပေမဲ့ နောက်ပိုင်း သခင့်တူရိယာသံတွေ နားထောင်၊ ပန်းချီတွေကြည့်၊ အသီးအနှံတွေစားရင်း ငါတို့ ဉာဏ်ရည်တွေ မြင့်လာတယ်လေ။ ဒါပေမဲ့ အရမ်းတော့ အင်အားရှိတယ်လို့ မဟုတ်ဘူး။ သခင့်နား ကပ်နေပြီး စကားမပြော၊ သိသာအောင် မနေရင် အဆင်ပြေမှာပါ”

“ဒီလိုနည်းပဲ ရှိတာပဲ…”

မြည်းလေး ခေါင်းငြိမ့်ပြလိုက်၏။

သူသာ သာမာန်မြည်းဆိုလျှင် အရိုက်ခံရမည်အား ကြောက်ပါသည်။ ထို့ကြောင့် ဘာပဲဖြစ်ဖြစ် ဂရုစိုက်တာ ကောင်းပါသည်။ သခင့်ဘေး၌ ကပ်နေမှ ဖြစ်မည်။

“ကဲ သွားကြရအောင်”

ကြက်တူရွေးက ပြောလိုက်၏။

မြည်းနှင့် လိပ်တို့လည်း ခေါင်းငြိမ့်ပြလိုက်သည်။

သခင်မရှိသည့်နေရာတွင်လည်း ဆက်နေစရာအကြောင်း မရှိပါ။

“လောက်မန် မြန်မြန်လာစမ်းပါ။ ဒီလိုသွားနေရင် (၃) ရက်လောက် ကြာနေမယ်”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now