အပိုင်း 25

386 30 0
                                    

Chapter 25: ပြဒါးလုံးတွေ အလုပ်ဖြစ်လား

စုရင် မကျင့်ကြံနိုင်သော်လည်း အရူးမဟုတ်ပါ။

သူနေသည့်နေရာသည် တောတောင်နက်နက်တွင် ရှိ၍ လူသူအရောက်အပေါက် အလွန်နည်း၏။ ဤသို့ ခေါင်ဖျားသော ဒေသ၌ ကလေးတစ်ယောက် လဲနေလေသည်။

ဒဏ်ရာများလည်း ဗရပွဖြစ်၍ စုတ်ပြတ်နေသောကြောင့် အရူးပင် ပုံမှန်မဟုတ်မှန်း နားလည်ပေမည်။

သူ စဉ်းစားရင်း အနားမကပ်ရဲ ဖြစ်နေ၏။ ထို့ကြောင့် လုံခြုံရေးအတွက် မြည်းကို အကြိမ်များစွာ ကန်ခိုင်းခြင်း ဖြစ်လေသည်။

ပြဿနာတစ်ခုခု ရှိနေပါက သူလည်း အမြန် လှည့်ပြေးနိုင်၏။
မြည်းလည်း သူ့ကိုကြည့်ပါ အံ့ဩလျက် ပြေးကန်လေသည်။

ဒီအချိန် ကြက်တူရွေးနဲ့ လိပ်တို့ သူ့ကို ဆေးတိုက်နေရမှာ မဟုတ်ဘူးလား။

ဘုံး ဘုံး ဘုံး။

မြည်းမှာ အားရပါးရ ပြေးကန်နေ၏။

သို့သော် ထိုကလေးမှ လှုပ်ရှားမှုမရှိဘဲ သွေးများသာ စီးကျလာသည်ကိုတွေ့၍ စုရင် စိတ်အေးသွားတော့သည်။
ကြည့်ရတာ ဒီကလေးက သာမာန်လူ မဟုတ်ရင်တောင် ပြန်မတိုက်ခိုက်နိုင်တဲ့ပုံပဲ။

“ကဲ တော်တော့ တော်တော့”

သူ လက်ပြ၍ ရှေ့တိုးလာခဲ့သည်။

ထိုအချိန်တွင် နတ်ဆိုးဘုရင်မှာ ဘောလုံးကဲ့သို့ လူးလိမ့်နေလေပြီ။ 

တစ်ကိုယ်လုံး မြည်းခွါရာများဖြင့် အလွန် ကြည့်ရဆိုးနေ၏။

မြည်းကတော့ သခင့်ကို တိုက်ခိုက်လျှင် ခေါင်းကို တက်နင်းပစ်မည့်ပုံဖြင့် မျက်လုံးပြူးကာ ကြည့်နေသည်။
စုရင်ကတော့ ထိုကိစ္စများမသိဘဲ ရှေ့တိုး၍ နတ်ဆိုးဘုရင် လည်ပင်းအား စမ်းကြည့်လိုက်၏။

ထို့နောက် သက်ပြင်းချကာ

“နှလုံးခုန်နေသေးတယ်။ အသက်ရှိသေးတယ်”

‘အခုက အချိန်ကောင်းပဲ’

လူငယ်လေး အနားကပ်လာသည်ကို ခံစားမိသောအခါ နတ်ဆိုးဘုရင်လည်း အခွင့်အရေး ရောက်လာပြီတွေး၍ စောင့်မနေတော့ဘဲ လက်ကို အသာဖြန့်၍ နတ်ဆိုးစွမ်းအင်များ လွှင့်ထုတ်လိုက်၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now