အပိုင်း 74

227 26 0
                                    

Chapter 74

တိရစ္ဆာန်များ သူတို့ စကားပြောတတ်သည်ကို  ဝန်မခံချင်သည်မှာ စုရင် နှင်ထုတ်မည်စိုး၍ ဖြစ်ပါသည်။

သို့သော် သခင် ယခုလိုအပ်နေသည်မှာ မကောင်းဆိုးဝါးသားကောင်ဖြစ်ပြီး သာမာန် မြည်းတစ်ကောင် မဟုတ်ပေ။ ထို့ကြောင့် ဆက်၍ မဖုံးကွယ်တော့ပေ။

“မင်းက မကောင်းဆိုးဝါး သားကောင်လား”

စုရင် လန့်သွား၏။

သူ မြည်းကို နှင်ထုတ်ခြင်းမှာ သူ့ကြောင့် ဒုက္ခရောက်မည်စိုး၍ ဖြစ်ပါသည်။ ယခုပင် အကြီးအကဲ ဝူယွမ်တို့ ခြိမ်းခြောက်ခံနေရသည်ကို တိရစ္ဆာန်တစ်ကောင်ကပါ ထပ်မရင်းချင်ပေ။

သို့သော် ရုတ်တရက် ထိုမြည်းမှ စကားထပြောလေ၏။

“ကျွန်တော့်အသိဉာဏ်တွေ နိုးထပြီး စကားပြောနိုင်နေပါပြီ။ သခင့်ကို ဘယ်လို ပြောပြရမလဲ မသိလို့ မပြောခဲ့တာပါ”

မြည်းက ပြောပြလိုက်သည်။

“မင်းအသိဉာဏ် နိုးထလာတာ ကောင်းတာပေါ့။ မင်း ထွက်သွားပြီးရင်လည်း မရှင်သန်နိုင်မှာ စိုးရိမ်နေတာ။ အခုတော့ ငါ စိတ်ပူစရာ မလိုတော့ဘူးပဲ”

စုရင် လက်ယမ်းပြကာ

“သွားတော့လေ။ တစ်ဖက်အဖွဲ့က ဂိုဏ်းထဲအထိ ရောက်လာပြီး ခြိမ်းခြောက်နေတာဆိုတော့ သာမာန်အင်အားတော့ မဟုတ်ဘူး။ အကြီးအကဲတွေတောင် မနိုင်တာ မင်း မသိဉာဏ် ရလာလည်း ငါ့နောက်လိုက်ရင် သေလိမ့်မယ်ကွ”

“သေရင်တောင် သခင်နဲ့အတူတူပဲ ရှိချင်ပါတယ်။ အတူတူပဲ သေချင်တယ်”

မြည်းက ခိုင်မာစွာ ပြောလိုက်သည်။

သူ အရင်က သေရမည်ကို အလွန်ကြောက်ခဲ့သော်လည်း သခင်သာရှိလျှင် သတ္တိရှိပါသည်။

“ဟုတ်ပါပြီ။ အဲ့တာဆို စကားမပြောနဲ့တော့နော်။ သူတို့က မင်း သာမာန်တိရစ္ဆာန်မဟုတ်မှန်း သိရင် အလွတ်ပေးမှာ မဟုတ်ဘူး”

စုရင်လည်း မြည်း၏စိတ်ဓာတ်ကြောင့် ရင်ထဲခံစားသွားရလေသည်။ ထို့နောက် မြည်းပေါ် တက်စီးကာ ခြံထဲ ဝင်လာခဲ့လိုက်သည်

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now