အပိုင်း 60

174 15 0
                                    

Chapter 60

ကျူးရီမင်တစ်ယောက် လူအုပ်၏ တုံ့ပြန်မှုကိုကြည့်ကာ သဘောကျသွားမိသည်။

လူမှာအဝတ် တောင်းမှာအကွပ် ဆိုသကဲ့သို့ လက်နက်ကို တမင်တန်ဖိုးကြီး သေတ္တာဖြင့် ထည့်ပြခြင်း ဖြစ်ပါသည်။

“အားလုံးပဲ လက်နက်ကို ကြည့်လို့ရပေမဲ့ သုံးကြည့်လို့ မရပါဘူး။ (၃) မီတာ အကွာမှာပဲ နေရမယ်။ ဒါ လေလံပွဲရဲ့စည်းမျဉ်းပါ။ ကျန်တာတွေတော့ သိပြီးသား ဖြစ်မယ်ထင်ပါတယ်”

ကျူးရိမင်းက ပြောပြလိုက်သည်။

“အဲ့အတွက် မစိုးရိမ်ပါနဲ့”

“ကျွန်တော်တို့လည်း ဂုဏ်သိက္ခာရှိတဲ့သူတွေပါ”

အားလုံး သဘောတူ ထောက်ခံကြသည်။

ထို့နောက် ကျူးရိမင် သက်ပြင်းချကာ ကျောက်စိမ်း သေတ္တာအား ဖွင့်ပြလိုက်လေသည်။

ထိုအခါ အလင်းရောင်တစ်ခု စူးခနဲ ထွက်လာပြီး လူအုပ်ကြီး စိတ်ဝင်တစား လှမ်းကြည့်ကြ၏။

သို့သော် အထဲမှပစ္စည်းကို ကြည့်ကာ အားလုံး မှင်တက်သွားလေသည်။

“ဟင်… အကြော်ဒယ်အိုးလား”

ဒါက စိတ်ဝိညာဉ်လက်နက်လား။

မိုယွမ်ပင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလိုလူတွေ ရှိသေးတာလား။

ဒါနဲ့ တိုက်ပွဲမှာ ဘာလုပ်ရမှာလဲ။

ထိုင်ပြီး ဟင်းချက်နေရမှာလား။

ကျူးရိမင်ကတော့ သူတို့ကို ဂရုမစိုက်ဘဲ ပြုံး၍

“အပေါ်ယံကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့ဗျာ။ ဒီထဲမှာ တာအိုကျင့်စဉ်နဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပါတယ်။ မယုံရင် ကိုယ်တိုင် စမ်းကြည့်ပါ။

ထိုအခါ မျက်လုံးတစ်ဖက်အုပ်ထားသော လူတစ်ဦးက

မတ်တပ်ထရပ်၍ နှာခေါင်းရှုံ့ကာ

“အဲ့လောက် လေကြီးနေမှတော့ ဘာတွေ ထူးခြားလဲ ကြည့်ရသေးတာပေါ့”

“ဒါဆို စမယ်နော်…”

ကျူးရိမင် အကြော်ဒယ်အား ကိုင်၍ ချီစွမ်းအင်များ စီးဆင်းလိုက်၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now