အပိုင်း 65

266 23 0
                                    

Chapter 65

“သမားတော်ချူကျန်း အဲ့တာ ကျွန်တော် ဘာမှမလုပ်ဘူးနော်။ လူငယ်လေးတစ်ယောက် လုပ်သွားတာ။ အစောင့်တွေ သက်သေ ရှိပါတယ်”

ကျန်ခဲ့သော သမားတော်လေးမှ ကြောက်ကြောက်လန့်လန့် ရှင်းပြ၏။

မိုယွမ်လည်း အလန့်တကြားဖြင့် မိန်းကလေး၏ လက်ကောက်ဝတ်ကို စမ်းကြည့်ပြီးနောက် မျက်နှာပျက်သွားလေသည်။

“ဘယ်လိုလဲဟင်”

ယွန်းဖုန်က မေးလိုက်သည်။

ထို့နောက် တစ်ကိုယ်လုံး အေးစက်လျက်

“သူ သေသွားပြီလား”

သူလည်း သမားတော်အတွေ့အကြုံအရ ပုံစံကိုကြည့်ရုံဖြင့် အသက်မရှူတော့မှန်း သိပါသည်။ ခန္ဓာကိုယ်လည်း တောင့်နေပုံရ၏။

“အင်း…”

မိုယွမ် ခေါင်းငြိမ့်ပြလိုက်လေသည်။

သူ ဧကရာဇ်တို့အား မည်သို့ပြန်ရှင်းပြရမည်ကို တွေးနေစဉ် မိန်းကလေးထံမှ ရုတ်တရက် ချောင်းဆိုးသံ ကြားရလေသည်။

မိုယွမ် အံ့ဩလျက် လှည့်ကြည့်လိုက်ရာ မျက်လုံးပွင့်၍ အသက်ရှူနေသော မင်းသမီးကို တွေ့ရလေသည်။

အခြားသူများလည်း မယုံကြည်နိုင် ဖြစ်နေကြ၏။

သူ့နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းများ မရှိတော့ဘဲ မည်သို့ ပြန်ရှင်လာသနည်း။

မိုယွမ် အံ့အားသင့်ကာ လက်ကောက်ဝတ်ကို ပြန်စမ်းကြည့်လိုက်သည်။

ထိုအခါ သွေးခုန်နှုန်းကို အားကောင်းစွာ ခံစားမိလေသည်။

အရင်လို အားနည်းသည့် မိန်းကလေး မဟုတ်တော့ပေ။

နှစ်ပေါင်းများစွာ အဆင့်မြင့်ဆေးနှင့် တော်ဝင်ဆေးပင်များ ချက်ပြုတ်တိုက်ကျွေးခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ ယခုမှ ရုတ်တရက် အားရှိလာ၏ာ

“ဘာဖြစ်ခဲ့တာလဲ”

မိုယွမ် နားမလည်နိုင်တော့ပေ။

“ကျွန်မလား”

ပိုင်ရိရန် မှင်တက်နေ၏။

“ကျွန်မလည်း မသိဘူး။ ဒီအတိုင်း ရုတ်တရက် မူးလဲပြီး အခုကျ အရမ်းနေလို့ကောင်းနေတယ်။ ပိုကျန်းမာလာသလိုပဲ”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now