အပိုင်း 16

228 29 0
                                    

Chapter 16: တောင်ပံကင် အရမ်းကြိုက်တယ်

နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်တွင် အချိန်အတော်ကြာအောင် မီးများ တောက်လောင်နေလေသည်။

ကြက်တူရွေးမှာ မကြည့်ရက်တော့၍ ထအကြံပေးလေ၏။

“တော်လောက်ပြီ ထင်တယ်။ အသားကင်အနံ့တောင် ထွက်နေပြီ”

မြည်းလည်း ထိုအခါမှ ရပ်သွားပြီး အနည်းငယ် ထပ်ကန်လိုက်သည်။ ထို့နောက် နတ်ဆိုးဘုရင် မလှုပ်တော့မှ ဘေးဘီကိုကြည့်လိုက်ပြီး

“နောက်ထပ်တော့ ထပ်မရှိလောက်ဘူးမလား”

“မရှိလောက်ပါဘူး။ သူတောင် မင်းမနေ့က ကန်ခဲ့တဲ့ လူလေ”

ကြက်တူရွေး သူ့ကို ကောင်းကောင်းမှတ်မိပါသည်။

“သူပဲလား။ နေပါဦး။ အဲ့တာဆို နည်းနည်းပိုပြီး ရှို့ရဦးမယ်”

သူ မျက်လုံးအရောင်လက်၍ ထင်းများ ထပ်ထည့်လိုက်သည်။
“…”

ကြက်တူရွေးလည်း စွံ့အနေမိ၏။

ဒီကောင်က အားလုံးကောင်းပေမဲ့ တစ်ခုခုဆို အရမ်းကြောက်ပြီး သတိထားလွန်းနေတာပဲ။

မီးမှာ ဆက်တိုက်လောင်ကျွမ်း၍ နတ်ဆိုးဘုရင် မည်းခြောက်သွားမှ မြည်းလည်း စိတ်အေးသွားတော့သည်။

တိရစ္ဆာန်များမှာ နတ်ဆိုးဘုရင်အား ဖြေရှင်းပြီးနောက် နတ်မြွေပျံအား နားမလည်နိုင်စွာ ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော နတ်မြွေပျံမှာ ကျုံ့လျက်သား အခြေအနေဖြစ်နေလေ၏။ မသေခင် ခန္ဓာကိုယ် ကြီးထွားချိန်ပင် မရလိုက်ပါ။ တောင်ပံပါသည့် ငါးပေါက်စလေးနှင့် တူလေသည်။

“ဒါက မကောင်းဆိုးဝါး သားကောင်လား”

(၃) ကောင်စလုံး နားမလည်နိုင်ကြပေ။
သူတို့ ပထမဆုံး တွေ့ဖူးခြင်းလည်း ဖြစ်၏။

ကြက်တူရွေးက ထိုအလောင်းကိုကြည့်ကာ ခဏ စဉ်းစား၍

“ဟို ငါတို့ အဲ့လူကို အထင်လွဲသွားတာ ထင်တယ်။ ငါတို့ကို သတ်ဖို့လာတာ မဟုတ်ဘဲ လက်ဆောင် လာပေးတာ နေမယ်နော်”

“လက်ဆောင်လား”

မြည်းလည်း မှင်တက်နေ၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now