အပိုင်း 33

195 15 0
                                    

Chapter 33: ဆေးပင်များ ခွဲခြားခြင်း

စုရင် နားမလည်သည်ကို ကြည့်ကာ အဘိုးအို ခေါင်းယမ်းလိုက်မိ၏။

"ဆေးပင်စုတယ်ဆိုတာ ဆေးဖော်စပ်ခြင်းရဲ့ အခြေခံပဲ။ သေချာစဉ်းစားရင် ကျောင်းသားတစ်ယောက် အနေနဲ့ ဒါမသိတာ မဖြစ်သင့်ဘူး။ မင်းဆရာ ဘယ်သူလဲ ပြောပြလို့ ရလား။ ဘယ်လိုလုပ် ဒီလောက် ရိုးရှင်းတာကို မသင်ပေးလိုက်တာလဲ"

"ဆရာလား"

စုရင် ခေါင်းကုတ်လျက်

"သူက ဒီအတိုင်း သာမာန်လူပါပဲ။ နာမည်ကြီး မဟုတ်ဘူး"

စုရင်ကို ဆေးပင်များအကြောင်း သင်ပေးသူမှာ ဘိုးဘေးဝိညာဉ် လီရှိရှုဖြစ်၏။ သူ့အုတ်ဂူပေါ်တွင် ဆေးပညာကလျာဏီဟု ရေးသားထားသည်။

သူ ခေါင်းဆောင်ကို မေးကြည့်စဉ်ကလည်း ထိုသို့သော ပညာရှင် တကယ် ရှိခဲ့ကြောင်း သိခဲ့ရသည်။
သို့သော် တကယ်ဆေးပညာ တတ်လျှင် အဂ္ဂိရက်ကို အဘယ်ကြောင့် မသင်ပေးခဲ့သနည်း။ ထို့ကြောင့် နားမလည်နိုင်တော့ဘဲ နာမည်ထုတ်မပြောရန် ဆုံးဖြတ်လိုက်လေသည်။

အဘိုးအို သူ့ပုံစံကိုကြည့်၍ ခေါင်းယမ်းကာ

"မင်း မသိသေးရင် ရှင်းပြရမှာပေါ့"

"ဟုတ်"

စုရင် ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်၏။

အဘိုးအိုလည်း သူ့အမူအရာကို သဘောကျသွားလေသည်။

ထို့နောက် မုတ်ဆိတ်များအား သပ်လျက်

"နေမြက်အေးရဲ့ အမြစ်က ဟိုးမြေကြီး ခပ်နက်နက်အထိ နစ်ဝင်နေတာ။ ယင်ဓာတ်လည်း ကြွယ်ဝတယ်။ ယင်နဲ့ ယန်ဓာတ်ကို ထိန်းညှိပေးတဲ့ အစွမ်းထက် ဆေးပင်ပေါ့။ ဒါပေမဲ့ ခူးမယ်ဆို တကယ် သတိထားရမယ်။ မဟုတ်ရင် အမြစ်က မြေကြီးထဲ ကျန်ခဲ့ပြီး ယင်ဓာတ်တွေ ပါသွားလိမ့်မယ်။ အဲ့တာဆို ဘာမှမထူးတော့ဘူးပေါ့ကွာ"

စုရင်လည်း ထိုအခါမှ နားလည်သွားလေ၏။

"ဒါပေမဲ့ အစတည်းက ဓာတ်နှစ်ခုကို ခဏထိန်းသိမ်းထားရင် ရပြီမဟုတ်လား"

"အဲ့လို မဟုတ်ဘူးလေ"

အဘိုးအိုလည်း အင်္ကျီလက်ကို ခေါက်တင်၍ မကြည်မရွှင်ဖြင့်

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now