Chapter 58
“သွားရအောင်”
မိုယွမ်တို့လည်း ယွီရှောင်းအား လက်ပြ၍ ထွက်လာ၏။
ပိုင်ရိရန်ကတော့ မြည်းစီးလာသည့် လူငယ်လေးအား တစ်ချက် သေချာကြည့်နေပြီးမှ မိုယွမ်တို့နောက် ပြေးလိုက်သွားလေသည်။
“သမားတော်ယွန်းဖုန် ထင်တယ်”
စုရင် သူတို့ကို ဖျတ်ခနဲ လှမ်းကြည့်၍ ဂရုမစိုက်ဘဲ ယွီအိမ်တော်ထဲ ဝင်သွားလေ၏။ ထိုအခါမှ သူမရှိချိန်
ဖြစ်ပျက်သွားသည်များကို သိရလေသည်။
သမားတော်ယွန်းဖုန်က မသေတာမသိဘဲ လူလွှတ်ပြီး ဝမ်းနည်းကြောင်း ပြောတယ်လား။ တကယ်ဆိုးတာပဲ။
ယွန်းဖုန် တကယ်တော့ မမှားပါ။ သူသာ မကယ်လျှင် ယွီရှောင်း တကယ် သေနေပြီဖြစ်၏။
စုရင် ယွီရှောင်းထံမှ နားထောင်ပြီးနောက် တစ်ယောက်တည်း တွေးနေမိသည်။
“သမားတော်ယွန်းဖုန် ငါ့ကုသနည်းကို သိသွားလို့ စိတ်ဝိညာဉ်စွမ်းအင် ထွက်လာတာလား”
အချိန်ကတော့ ထိုအတိုင်း ကိုက်ညီနေသည်။
“ဆေးဖော်တုန်းကလည်း ပညာရှင်မင်းယူရှိနေတယ်။ ဒီနယ်ပယ်ကို နားလည်တဲ့သူကို သိစေရင် စိတ်ဝိညာဉ်စွမ်းအင် ရတာလား”
သူ အတွေးအသစ်များ ရလာပါသည်။
သူပြုလုပ်ခဲ့သည်အား သေချာနားလည်သည့် ပညာရှင်မှ အသိအမှတ်ပြု ထောက်ခံခြင်းဖြင့် ရရှိလာခြင်း ဖြစ်နိုင်ပါသည်။
စုရင် ခေါင်းယမ်းကာ တွေးနေမိသည်။
စိတ်ဝိညာဉ်စွမ်းအင်က တော်တော် ရှုပ်ထွေးတာပဲ။ ပညာကို ဒီအတိုင်းသုံးရုံနဲ့မရဘူး။ နားလည်တဲ့သူ ဖြစ်ရဦးမယ်။ တကယ် ခက်တာပဲ။
အင်အားကြီးစေရန် ထိုသို့သာ အမြဲလုပ်ရပါက မည်သို့ တတ်နိုင်မည်နည်း။
“ဆရာ အဲ့ဒီသမားတော်ယွန်းဖုန်နဲ့ သူ့ဆရာအဘိုးတို့က ဆရာ့ကို တွေ့ချင်နေကြတာ။ တွေ့ခွင့်ပေးနိုင်မလားဗျ”
ယွီရှောင်းက မေးလိုက်သည်။
“ဟင့်အင်း မတွေ့ချင်ဘူး။ ကျွန်တော့်အကြောင်းရော ကျွန်တော့်ပုံစံရော ဘာမှမပြောပြပါနဲ့”
YOU ARE READING
စွမ်းအားကြီးလှသော ဆရာဦးလေး
Fantasiaမူရင်းရေးသူ - Heng Sao Tian Ya ဘာသာပြန် - ထူးတင့်နန္ဒာ ဒါလည်း ခွင့်ပြုချက်မတောင်းထားပါဘူး။ ကျွန်တော် ဖတ်ရင်း နဲ့ တင်မှာဖြစ်ပါတယ်။ admin လာပြောရင် ဖျက်ပေးပါ့မယ်။ start date-4•5•2024(sat) end date -