အပိုင်း 34

337 23 0
                                    

Chapter 34: ရှန်ဖေးအဂ္ဂိရက်ရုံ

ဒီကောင်လေးက ခဏလေးနဲ့ ဆေးပင် အားလုံးကို ခွဲခြားနိုင်တယ်လား။ အဆင့်မြင့် အဂ္ဂိရက်ပညာရှင်တွေတောင် မလုပ်နိုင်ဘူး။

ဒါပေမဲ့ (၁၀) ရက်တည်းနဲ့ တတ်တယ်လား။

အဲ့တာ အရေးမကြီးသေးဘူး။ သူပုံက အဲ့လောက် အချိန်ကိုတောင် မကျေနပ်တဲ့ပုံပဲ။

ဘာအဓိပ်ပာယျလဲ အဲ့တာ။

အဘိုးအို ရူးချင်လာ၏။

သူသည် တာယန်မြို့၏ အဆင့်ဆစ်အဂ္ဂိရက် ပညာရှင် ဖြစ်သည့်အပြင် အတွေ့အကြုံများစွာလည်း ရှိပြီး ဖြစ်သည်။ သို့သော် ထိုကောင်လေးကို နားမလည်နိုင်ပေ။
အမှန်တော့ စုရင်မှာလည်း လီရှိလျှိုကြောင့် ထိုသို့တွေးခြင်း ဖြစ်၏။ လီရှိလျှို သူ့ကို သင်ကြားစဉ်က (၃) ရက်အတွင်း ရရမည်ဟု ပြောထားသော်လည်း မလုပ်နိုင်ခဲ့၍ ဖြစ်ပါသည်။

ထို့ကြောင့် သူရှက်ရွံ့နေမိလေ၏။

ဘိုးဘေးဝိညာဉ်များမှာ သူ့ကို သာမာန်အရည်အချင်းသာ ရှိသည်ဟုလည်း အမြဲ ပြောလေ့ရှိသောကြောင့် သူ့ကိုယ်သူ အထင်မကြီးမိပေ။
...

တားမြစ်နယ်မြေ။

ဘိုးဘေးဝိညာဉ် (၃၆) ယောက် ပေါ်လာပြီး

"ဟိုကောင်လေး ထွက်သွားတာ (၁) ပတ်တော့ ရှိပြီကို။ သူ့ကိုယ်သူ ပါရမီရှင်ဆိုတာ သိနေရဲ့လား မသိဘူး။ ပါရမီရှင်တောင်မှ ဘယ်သူနဲ့မှ ယှဉ်လို့မရတဲ့သူမျိုး"

"သူက ဉာဏ်ကောင်းတော့ မကြာခင် သိသွားမှာပါ။ ဒီလို ကလေးနဲ့တွေ့ခဲ့ရတာ ငါတို့လည်း အံ့ဩတယ်"

"ငါတောင် ဆေးပင်ပညာရပ်ကို အနှစ် (၃၀) လောက် သင်ရတယ်။ သူကျတော့ (၁၀) ရက်တည်းနဲ့"
"သူ အမှန်တွေ သိသွားရင် ငါတို့ကို လေးစားပါဦးမလား။ ဒါတောင် လုံးဝ အရေးကြီးတာတွေ မသင်လိုက်ရဘူး။ ဆေးဆိုရင် တိရစ္ဆာန်ကုတာပဲ ပါတယ်။ လူကုတာ မသင်လိုက်ဘူး။ ဓားရေးလည်း ထင်းခုတ်တာ။ လက်မှုပညာမှာဆို လက်နက်နည်းလမ်း မဟုတ်ဘဲ အိုးခွက်တွေ အကြောင်းလေ။ အဲ့တာတွေက သူ့ကို ကာကွယ်ပေးဖို့ပါလေ"

"နောင်တစ်ချိန်မှာ နားလည်ပေးဖို့ပဲ မျှော်လင့်ပါတယ်"

"သူ အမှန်တရားကိုရော ခံနိုင်ရည် ရှိပါ့မလား"

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now