အပိုင်း 47

158 12 0
                                    

Chapter 47

စုရင်ကတော့ တစ်ယောက်တည်း ပြင်ဆင်ဆေးဖော်ရင်း နတ်ဆိုးဘုရင်၏အကြံကို မသိလိုက်ပေ။

ထိုအချိန်တွင် ဆေးပင်များ အချင်းချင်း ပေါင်းစည်း၍ မီးတောက်ကလည်း ကောင်းစွာ ထိန်းချုပ်ထားသည်။ ထို့နောက် ဒယ်အိုးမှာ တုန်ခါလျက် တစ်ခုခု ပြောင်းလဲနေသလို တွေ့ရလေသည်။

ဤသို့ဖြင့် တဖြည်းဖြည်း စိတ်ဝိညာဉ်စွမ်းအင်များ သူ့ပုံရိပ်ငယ်ထဲသို့ စိမ့်ဝင်နိုင်၍ တစ်ခုခု ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။

စုရင် အမြင်များ ဝေဝါးလာပြီး အခြားကမ္ဘာတစ်ခု ရောက်သွားသလို ခံစားရ၏။

ထိုနေရာမှာ လစ်ဟာ၍ ဘာမှရှိမနေပေ။ အလွန် တိတ်ဆိတ်သော ညအချိန်လို ဖြစ်နေသည်။

ထိုစဉ် ကောင်းကင်၌ ကြယ် (၃၆) ပွင့် ရုတ်တရက် လင်းလက်လာပြီး သူ့ခေါင်းပေါ်တွင် ဖြည်းဖြည်းချင်း လည်နေကြသည်။

သူတို့အိမ်ကို ရှာနေသည့်နှယ် လည်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်များသို့ စိမ့်ဝင်သွားတော့၏။

သို့သော် စုရင် သေချာပြန်ကြည့်သောအခါ ကြယ်များ မဟုတ်ဘဲ အပြားလေးများကို (၃၆) ပိုင်း ခွဲထားခြင်း ဖြစ်ကြောင်း တွေ့ရလေသည်။ တစ်ခုနှင့် တစ်ခုလည်း ချိတ်ဆက်နေ၏။

“ဒါ ငါသင်ခဲ့တဲ့ ပညာ (၃၆) ပါးလား”

စုရင် အံ့ဩတကြီး ကြည့်နေသည်။ ပညာ (၃၆) ပါးမှ ထိုက်ကျိသဏ္ဍာန်အဖြစ် ပေါင်းစည်းသွား၏။

ဘာလို့ သူ့ပုံရိပ်ငယ်မှာ ဒါမျိုး ရှိနေတာလဲ။

အနီးကပ်ကြည့်လိုက်သောအခါ စိတ်ဝညာဉ်စွမ်းအင်ကြောင့် အလင်းဖျော့ဖျော့ မြင်နေရပြီး စွမ်းအင်များ ရေတံခွန်ကဲ့သို့ စီးဆင်းနေလေ၏။

စုရင် ပုံရိပ်ငယ်ထံ အာရုံစိုက်၍ စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားကြည့်သည်။

ဘုံး!

ရုတ်တရက် သူ့ရှေ့တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာလေသည်။

ဘေးမှ နတ်ဆိုးဘုရင်ကတော့ ဝိညာဉ်ပြန်ကပ်ပြီးနောက် စုရင်အား ထိတ်လန့်စွာ ကြည့်ရင်း ငိုမလို ဖြစ်နေသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now