အပိုင်း 68

108 12 0
                                    

Chapter  68

“ဟုတ်သားပဲ အကြီးအကဲဝူ သတင်းတွေအရ ချင်းယွန်းဂိုဏ်း၊ ဟီယန်ဂိုဏ်း၊ တိမ်ဓားဂိုဏ်းနဲ့ တခြားဂိုဏ်းတွေကရော အားလုံး ရောက်နေကြတယ်တဲ့။ တစ်ခုခု ဖြစ်မှာတော့ စိုးရိမ်မိတယ်”

ယွမ်ပုရီ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဘာဖြစ်နိုင်လို့လဲ”

ဝူယွမ် ရုတ်တရက် တွေးမိကာ

“လေမိုးကြိုးဂိုဏ်းက ငါတို့ကို အမြဲ စောင့်ကြည့်နေခဲ့တာ။ ဒီနေ့လည်း ရောက်နေတာဆိုတော့ ဂရုစိုက်ရမယ်။ ဒါပေမဲ့ လူတွေလည်း အများကြီး ရှိနေတာဆိုတော့ ဘာမှ လုပ်ရဲမှာမဟုတ်ပါဘူး”

ယွမ်ပုရီ ခဏမှင်တက်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်၏။

လူအုပ်ကြားထဲတွင် ပြဿနာတော့ ရှာရဲမည် မဟုတ်ပါ။

“ဒါပေမဲ့ ဂရုစိုက်တာတော့ ကောင်းတာပေါ့။ တပည့်တွေကို တိုက်ပွဲအတွက် အသင့်ပြင်ဖို့ ပြောထားလိုက်”

ဝူယွမ်က မှာလိုက်၏။

“ဟုတ်ကဲ့ပါ”

ထို့နောက် ခဏအကြာတွင် အကြီးအကဲတစ်ဦးက ခပ်တိုးတိုး ပြောပြန်သည်။

“ဟိုလေ… ဒီမှာ အင်အားကြီးတွေလည်း အများကြီး ရှိနေတော့ နတ်ဆိုးဘုရင်ကို သတ်ပြီး ဆရာဦးလေးကို ကယ်ဖို့ အကူအညီတောင်းကြည့်မလား”

“ဟင်”

အားလုံး စွံ့အသွားကြသည်။

ဝူယွမ် မျက်မှောင်ကြုတ်လျက်

“ဘာကိုဆိုလိုတာလဲ”

“ကျွန်တော်တို့ လက်ရှိအင်အားနဲ့ နတ်ဆိုးဘုရင်ကိုနိုင်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ ဒီမှာက အစွမ်းထက်ပညာရှင်တွေ အများကြီးရှိတော့ တစ်ခုခု ပြောင်းလဲနိုင်တယ်။ သူတို့ကိုခေါ်သွားပြီး အတူတူ တိုက်ခိုက်ရင် စိုးရိမ်စရာ မရှိဘူးမလား”

အကြီးအကဲတစ်ဦးက ပြောလိုက်၏။

“ငါလည်း တွေးဖူးပါတယ်။ ဒါပေမဲ့ ပြောရတာ ခက်လိမ့်မယ်”

ယွမ်ပုရီ သက်ပြင်းပြန်ချမိ၏။

“ပထမဆုံး နတ်ဆိုးဘုရင်က ကျွန်တော်တို့ဆီ ရောက်နေတယ်ဆိုတာ သိရင် ဘယ်သူက ကူညီမှာလဲ”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now