အပိုင်း 88

214 18 0
                                    

Chapter 88

တစ်ဖက်လူမှာ ကျင့်ကြံမှုမရှိ၍ ဂိုဏ်းထဲရောက်သည်မှာ မကြာသေးသည့် ဂျူနီယာမှန်း သေချာနေသည်။ သူ ပွဲကို ခန့်မှန်းနိုင်သည်မှာလည်း ကံကောင်းခြင်းသာ ဖြစ်၏။ သူ တစ်ကြိမ် အရှက်ကွဲပြီးသောကြောင့် ယခု ဝင်ပြောလိုက်ခြင်း ဖြစ်သည်။

သူက ဘာမို့လို့ ဝင်ပြောနေတာလဲ။

“…”

ထိုစကားကြောင့် လျှိုရိ အလွန်လန့်သွားသည်။

ဆရာဦးလေးကို သူ ဘယ်လိုလေသံနဲ့ ပြောလိုက်တာလဲ။ စီနီယာရှန်ဝမ်တော့ တော်တော် သတ္တိရှိနေတာ။ ဆရာဦးလေးက တမင် ဖုံးကွယ်ထားတာ ထင်တယ်။ အစွမ်းထက် ပညာရှင်တွေက အဲ့လိုပဲ သိုသိုသိပ်သိပ် နေတတ်ကြတယ်။

ရှန်ဝမ်ကတော့ သတိမထားမိပေ။

လျှိုရိမှာ စုရင်အကြောင်း နားလည်ပြီး သူ့စကားကိုူာ ဆက်ပြော၏။

“အသံက ခပ်စူးစူးနဲ့ ခပ်ပြတ်ပြတ်ပဲ။ ဓားသိုင်းကိုတော့ ငှက်တောင်ပံနဲ့ နှိုင်းယှဉ်ပြီး ပြောပြခဲ့တာ။ အဲ့တာကြောင့် စီနီယာလျှိုချန်ကို ခုနက နိုင်သွားတာပေါ့”

“ငှက်တောင်ပံလား”

စုရင် မှင်တက်နေပြီးမှ ရုတ်တရက် နားလည်သွားတော့သည်။

ကိစ္စက ဒီလိုပဲ။

ရှောင်းဝူ ကြက်တူရွေး။

ပြန်စဉ်းစားမှ သူ့ခြံထဲတွင် မကောင်းဆိုးဝါးများစွာ ရှိပြီး ဖြစ်ပါသည်။
“အဲ့လို စကားလမ်းကြောင်းတွေ လွှဲနေရုံနဲ့ နတ်ဆိုး ကျင့်စဉ် ကျင့်ကြံတာကို ဖုံးနိုင်မယ် ထင်နေလား”

ရှန်ဝမ်မှာ သူ့ကို ဂရုမစိုက်ဘဲ စကားဆက်ပြောနေကြ၍ ထအော်လိုက်သည်။

“ကျန်းကျန်၊ လျှိုချင်း မင်းတို့ သူနဲ့ အပတ်စဉ် အတူတူပဲမလား။ မြန်မြန် သွားခေါ်စမ်း”

“အဲ့တာက…”

လူငယ်လေး (၂) ဦး လူအုပ်ကြားထဲမှ ထွက်လာကာ စုရင်ကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။

“ကျွန်တော်တို့ သူ့ကို မသိဘူး။ တစ်ခါမှတောင် မတွေ့ဖူးဘူး”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now