အပိုင်း 76

109 15 0
                                    

Chapter  76

မိုယွမ့်အထင် မမှားလျှင် နတ်ဆိုးဘုရင်မှာ ဆရာဦးလေးအား ပေါ်တင်နှိပ်စက်နေခြင်း ဖြစ်သည်။

မျက်လုံးစည်း၍ အလုပ်ကြမ်း လုပ်ခိုင်းသည့်အပြင် ယခုအဆိပ်ပါ တိုက်ရန် ပြင်နေသည်။

ရာရာစစ…

ဝူယွမ်တို့လည်း တုန်ရီနေကြ၏။

မိုယွမ်ကတော့ စိတ်ထိန်းကာ အရှိန်အဝါဖြင့် အဆင်မပြေ၍ ကိုယ်တိုင် တိုက်ခိုက်ရန် ပြင်နေသည်။

သူ မယှဉ်နိုင်၍ သေရမည်ဆိုလျှင်ပင် နောက်မဆုတ်နိုင်ပါ။

ဟူး…

ထို့နောက် ဓားတစ်လက်ထွက်လာပြီး ဓားချီများ ရစ်ဝဲနေသည်။

စုရင်မှာ ဆေးကြိုရင်း နတ်ဆိုးဘုရင်ကိုကြည့်ကာ အားနာမိ၏။ သူ သတိမထားမိ၍ ဤမျှအထိ နှိပ်စက်ခံခဲ့ရခြင်း ဖြစ်သည်။

သူ ဆေးကြိုရင်း ဝူယွမ်အား လှမ်းပြောလိုက်သည်။

“သူ့ဒဏ်ရာတွေ ကုပြီးရင် ကျွန်တော်တို့ တိုက်ခိုက်လို့ ရပြီ”

“သူ့ဒဏ်ရာ ကုတာလား”

မိုယွမ်က ခပ်မာမာဖြင့်

“သူ့အသက်နဲ့ ခြိမ်းခြောက်ချင်တာလား”

ထိုဆေးများမှာ ဆရာဦးလေးကို မည်သို့ ထိန်းချုပ်မည် မသိနိုင်ပေ။

စုရင် ခေါင်းယမ်းလျက်

“ခင်ဗျားက အတွေးလွန်နေတာပဲ။ သူက အင်မော်တယ် နှိမ်နင်းဂိုဏ်းက တပည့်လေ။ သူနဲ့ ဘယ်လိုလုပ် ခင်ဗျားကို ခြိမ်းခြောက်မှာလဲ”

ဂိုဏ်းကို ဖျက်ဆီးရန် လာသည့်အဖွဲ့မှာ ဂိုဏ်းတပည့်အသက်ကို မည်သို့ ဂရုစိုက်မည်နည်း။ ထို့အပြင် အသက်လည်းငယ်၍ ကျင့်ကြံမှုလည်း အားနည်းသည်။

မိုယွမ်လည်း ထိုစကားကြောင့် အဖြစ်အပျက်များ ပိုသေချာသွားလေသည်။

“ကဲ စတာပေါ့။ ငါ မင်းကို မယှဉ်နိုင်ရင်တောင် အကောင်းဆုံး ကြိုးစားမှာ”

ထိုသို့ပြော၍ ဓားကို ဝှေ့လိုက်ရာ ပတ်ဝန်းကျင်မှ လေထုတစ်ခုလုံး အေးစက်သွား၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now