အပိုင်း 23

382 29 0
                                    

Chapter 23: အကြော်ဒယ်

သူ စိတ်ညစ်ညစ်ဖြင့် ကျန် ပြဒါးလုံး (၉) လုံးကို တစ်ပြိုင်တည်း သောက်ချလိုက်သည်။ ထိုအခါ ပိုစိတ်ဖိစီးစရာ ဖြစ်လာ၏။

ပထမတစ်လုံးကဲ့သို့ပင် သူ့ခန္ဓာကိုယ်ထဲ ရောက်သည်နှင့် အားလုံး အစွမ်းပြယ်သွားလေသည်။ သူ့အသွေး၊ အသား၊ အကြော အားလုံးမှ ပြန်ထွက်သွားကြ၏။

ခန္ဓာကိုယ်မှ လက်မခံပုံ ပေါ်နေသည်။

သူ တကယ်ပဲ ကျင့်ကြံခြင်းအတွက် မသင့်လျော်ပေဘူးလား။

မဟုတ်ပါ။ ပြဒါးလုံးများက လုံးဝ မသန့်စင်သောကြောင့် ဖြစ်လေသည်။

ဒီအတိုင်း ပတ်ဝန်းကျင်က စိတ်ဝိညာဉ်စွမ်းအင်တွေ စုပ်ယူတာထက်စာရင် ငါ့ခန္ဓာကိုယ်က နည်းနည်းတော့ လက်ခံပါတယ်။ ပိုသန့်စင်တာကို ရှာဖို့ပဲ။
ပိုကောင်းတဲ့ ပြဒါးလုံးသာရရင် ကျင့်ကြံမှုစပြီး အဆင့်တွေ တက်နိုင်ပြီ။

စုရင် သက်ပြင်းချ၍ အခန်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် ဆိုင်ရှေ့မှ မိန်းကလေးထံ သွား၍

"ပိုပြီး သန့်စင်တဲ့ ပြဒါးလုံး ရှိသေးလား။ အရည်အသွေး ပိုကောင်းတာမျိုးလေ"

"အဲ့တာက..."

မိန်းကလေး ခေါင်းငြိမ့်ပြ၍

"ရှိပါတယ်။ သန့်စင်မှုအဆင့်အပေါ်မှာ အရှင်သခင်အဆင့်ဆိုပြီး ရှိတယ်။ ဒါပေမဲ့ လောလောဆယ်တော့ လက်ကျန် သိပ်မရှိဘူး။ ဈေးလည်း တအားကြီးတယ်။ တစ်ခုကို ငွေ (၅) တုံးပါ။ နောက်ပြီး အနည်းဆုံး (၁၀) ခု ဝယ်ရပါတယ်"

စုရင် မျက်နှာ အနည်းငယ် ပျက်သွားသည်။

တကယ် ဈေးကြီးတာပဲ။

အရင်ခေါင်းဆောင်မှ သူ့ကို ငွေကြေးများ ပေးခဲ့သော်လည်း အနည်းငယ်သာ ဖြစ်၏။ ယခု မိန်းကလေး ပြောပုံအရ အနည်းဆုံး ငွေတုံး (၁၀) တုံး လိုပေမည်။
"အဲ့လို ပြဒါးလုံးအဆင့်က သန့်စင်ရုံတင်မကဘူး။ စိတ်ဝိညာဉ်စွမ်းအင်လည်း ပုံမှန်ထက် ကြွယ်ဝတယ်။ အဆင့်တက်ဖို့ ကြာနေတဲ့ ကျင့်ကြံသူတွေ အသုံးများတာပေါ့"

မိန်းကလေးက ဆက်၍ ရှင်းပြ၏။

"နောက်ပြီး အဲ့တာက တကယ့်ပါရှမီရှင် အဂ္ဂိရက် ဆရာကြီးတွေက ဖော်စပ်ထားလို့ တာယန်မြို့မှာဆို အရမ်းရှားတာ။ အဲ့တော့ ဈေးကြီးတာပေါ့လေ။ သခင်လေး ဝယ်မှာလား"

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now