Chapter 31: စုရင်အား စမ်းသပ်ခြင်း
မနက်စာ စားပြီးမှ စုရင် ဒဏ်ရာရထားသော ကလေးကို သတိရကာ ရင်တမမဖြင့် အမြန် ပြေးကြည့်လေသည်။
ထိုအခါ လျင်မြန်စွာ သက်သာလာနေသည်အား တွေ့ရ၏။
တစ်ညတည်းဖြင့် အသက်ရှူနှုန်းလည်း ငြိမ်လာသည်။
သို့သော် ထိုကလေးသာ သာမာန်လူဖြစ်ပါက ယခုချိန် အသက်ဆုံးနေပြီ ဖြစ်၏။
"ကျင့်ကြံမှုက တကယ်အရေးကြီးတာပဲ"
သူ တစ်ယောက်တည်း တွေးတောနေသည်။
"ဒီလိုဆို ဆေးနည်း သိနေပြီဆိုတော့ ထပ်ပြီး ကိုယ့်ဖာသာ ဖော်ကြည့်ရမလား"
သူကိုယ်တိုင် ဖော်စပ်လျှင် အရင်ထက် စွမ်းအားမြင့်စေသော ဆေးများ ရနိုင်မည်ဟု တွေးမိလေသည်။စုရင် သူ့နည်းမှာ အဂ္ဂိရက်ပညာရှင်အစစ်များထက် နိမ့်မည်လား မြင့်မည်လား မသိသော်လည်း သူ့နည်းလည်း အရမ်းမဆိုးဟု တွေးမိပါသည်။
ငါလည်း ဒါတွေတတ်မြောက်အောင် ကြိုးစားခဲ့ရတာပဲကို။"အရင်ဆုံး ဒီကောင်လေးကို ကုဖို့ ဆေးတွေ စုရမယ်။ ပြီးမှ ဖော်စပ်တာပေါ့"
သူ ခြင်းတောင်းလေးဆွဲကာ ခပ်အေးအေး ထွက်လာခဲ့သည်။
...
သူ ထွက်သွားသည်နှင့် ကြက်တူရွေး၊ မြည်းနှင့် လိပ်တို့ စကားများကြပြန်၏။
"အဲ့နှစ်ယောက် မနေ့ညတည်းက တံခါးနား ပုန်းနေတာ တွေ့တယ်။ ကြည့်ရတဲ့ ကောင်းတဲ့ပုံတော့ မဟုတ်ဘူး။ သွားကန်ကြမလား"
...
မြည်းက စိုးရိမ်တကြီး ပြောလေသည်။သူတို့ ယောက်ကျန်နှင့် မိုဖုန်အား သတိထားမိနေခြင်း ဖြစ်၏။
"ဒီမှာ တောင်က အကြီးကြီးပဲလေ။ ငါတို့ချည်းပဲ ပိုင်တာမှ မဟုတ်တာ။ ခြံထဲ မဝင်လာမချင်း သူ့ဟာသူ ဘယ်နား ပုန်းပုန်းပေါ့။ ဂရုစိုက်မနေစမ်းပါနဲ့"
ကြက်တူရွေးက ခဏစဉ်းစားကာ ဆက်၍
"အရေးကြီးတာက အဲ့အိမ်ထဲကတစ်ယောက်။ သခင် သေချာ ကုပေးနိုင်သွားရင် ဒုက္ခပဲ။ သူက ငါတို့အကြောင်းတွေ လျှောက်ပြောတော့မှာ"
YOU ARE READING
စွမ်းအားကြီးလှသော ဆရာဦးလေး
Fantasyမူရင်းရေးသူ - Heng Sao Tian Ya ဘာသာပြန် - ထူးတင့်နန္ဒာ ဒါလည်း ခွင့်ပြုချက်မတောင်းထားပါဘူး။ ကျွန်တော် ဖတ်ရင်း နဲ့ တင်မှာဖြစ်ပါတယ်။ admin လာပြောရင် ဖျက်ပေးပါ့မယ်။ start date-4•5•2024(sat) end date -