Chapter 53
“ဪ ဟုတ်သားပဲ”
ထိုအခါမှ သတိထားမိကာ အားလုံး ရှက်သွားကြသည်။
အထူးသဖြင့် လူကြီးမင်းယွီ ဖြစ်၏။ ရှက်လွန်း၍ တွင်းထဲပင် ပုန်းနေလိုက်ချင်ပါသည်။ အမွေးများလည်း ရိတ်ထား၍ အကုန် ပြောင်ရှင်းနေ၏။
မကြာမီ အဝတ်များ ရောက်လာပြီး အမြန် ဝတ်လိုက်သည်။ ထို့နောက် စုရင်အား ထိပ်ဆုံးခုံတွင် နေရာပေး၍ တလေးတစား ဆက်ဆံလေသည်။
စုရင်က
“လူကြီးမင်းယွီက သတ္ထုကျောက်မြွေ အကိုက်ခံရတာပါ။ သမားတော် ယွန်းဖုန်ပြောတာ မှန်ပါတယ်”
ယွီရှောင်း ပြန်စဉ်းစား၍
“ကျွန်တော် မနေ့က တောထဲသွားရင်း မတော်တဆ အကိုက်ခံလိုက်ရတာ ဖြစ်မယ်။ အစက ဘာမှ မဟုတ်ဘူး ထင်နေတာ။ အဆိပ်ဖြေဆေးတောင် ဝယ်လာပြီး သောက်လိုက်သေးတယ်။ ဒါပေမဲ့ အခြေအနေက ပိုပိုဆိုးလာပြီးတော့ မနေ့ညတည်းက လုံးဝ မလှုပ်နိုင်တော့ဘူး။ အဲ့လိုနဲ့ သမားတော် ယွန်းဖုန် လာကြည့်တော့လည်း ကုလို့မရဘူး။ ဈာပနသာ ပြင်ထားလို့ ပြောသွားတာ။ ကန်လေးက ဒီအတိုင်း ကြည့်မနေနိုင်လို့ ဒီနေ့မနက် ထပ်သွားပြောတာပေါ့”
ယွီကန် မနက်က ယွန်းဖုန်နှင့် ပြောနေသည်ကို သူ ကြားပြီးဖြစ်ပါသည်။
“သတ္ထုကျောက်မြွေက မကောင်းဆိုးဝါး သားကောင်တော့ မဟုတ်ပေမဲ့ အဆိပ်ပြင်းတယ်။ သူ ကိုက်လိုက်ရင် ခန္ဓာကိုယ်က သတ္ထုလိုမျိုး တောင့်တင်းလာတာ။ ခင်ဗျားကိုယ်တိုင် သိမှာပါ”
စုရင်က ပြောလိုက်၏။
“ဟုတ်တာပေါ့”
ယွီရှောင်းတစ်ယောက် ပြန်တွေးရုံဖြင့်ပင် ကြက်သီးထလာမိသည်။
“ကျွန်တော့်ခန္ဓာကိုယ်ကြီး မာလာတာ သေချာ သိတာပေါ့။ လည်ပင်းလည်း မလှုပ်နိုင်၊ လက်လည်း မလှုပ်နိုင်ဘူး။ နောက်ဆုံး မျက်တောင်တောင် မခတ်နိုင်တော့ဘူးလေ”
“အဲ့တာ သတ္ထုကျောက်မြွေရဲ့ အဆိပ်ပဲ”
စုရင် ပြန်ရှင်းပြလေသည်။
YOU ARE READING
စွမ်းအားကြီးလှသော ဆရာဦးလေး
Fantasyမူရင်းရေးသူ - Heng Sao Tian Ya ဘာသာပြန် - ထူးတင့်နန္ဒာ ဒါလည်း ခွင့်ပြုချက်မတောင်းထားပါဘူး။ ကျွန်တော် ဖတ်ရင်း နဲ့ တင်မှာဖြစ်ပါတယ်။ admin လာပြောရင် ဖျက်ပေးပါ့မယ်။ start date-4•5•2024(sat) end date -