အပိုင်း 43

304 19 0
                                    

Chapter 43

အင်မော်တယ်နှိမ်နင်းဂိုဏ်း၊ အကြီးအကဲခန်းမ။

“အကြီးအကဲ ကျွန်တော် လျှိုရိနောက်လိုက်ပြီး ကြည့်ခဲ့ပြီးပါပြီ။ သူ ဓားသိုင်းလေ့ကျင့်တာရယ်၊ စာကြည့်တိုက်သွားတာရယ်ကလွဲရင် ဘာမှ ထူးခြားတာ မရှိပါဘူး။ နတ်ဆိုးကျင့်စဉ်လည်း မဟုတ်ဘဲ ကျွန်တော်တို့ဂိုဏ်းကျင့်စဉ်ပဲ လေ့ကျင့်နေပါတယ်”

ချန်ယု လက်သီးဆုပ်လျက် ပြောလေသည်။

မနေ့က စိတ်ဝိညာဉ်လက်နက်ကိစ္စ တင်ပြပြီးနောက် လျှိုရိနောက်သို့ လိုက်ရန် စေလွှတ်ခံခဲ့ရ၏။

“ဘာမှ မထူးခြားဘူးလား”

ဝူယွမ် မျက်မှောင်ကြုတ်ကာ ခဏစဉ်းစား၍

“အဲ့တာဆို သူဘာရှာနေလဲရော တွေ့ခဲ့လား”

“သူ ရှာနေတာက…”

ချန်ယု ပြန်တွေးကာ ထူးဆန်းသော အမူအရာဖြင့်

“အရသာရှိသော စွယ်စုံကျမ်း၊ မကောင်းဆိုးဝါး သားကောင် ချက်ပြုတ်နည်း၊ တီကောင်ရှာခြင်း၊ ပေါက်ဖက်ရှာခြင်း”

“…”

အကြီးအကဲများ တစ်ယောက်နှင့်တစ်ယောက် နားမလည်နိုင်စွာ ကြည့်နေကြသည်။

ဘာတွေလဲ။

သူ နတ်ဆိုးကျင့်စဉ် ကျင့်ကြံနေတာဆို။ ဘာလို့ ဒီစာအုပ်တွေလဲ။ နတ်ဆိုးနဲ့ ဘာဆိုင်လို့လဲ။

အထူးသဖြင့် နောက်ဆုံးနှစ်အုပ်မှာ အလွန်ထူးဆန်းလွန်း၏။

“တွေးနေစရာတောင် မလိုဘူး။ ချန်ယုကို မိသွားတာ ဖြစ်မှာပေါ့”

ဝူယွမ် ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဘာလို့ အဲ့လိုပြောတာလဲ”

“သူ နောက်ယောင်ခံ အလိုက်ခံရတာကို သတိထားမိသွားတာ ဖြစ်မှာပေါ့။ အဲ့စာအုပ်တွေက ဒီအတိုင်း ဖတ်ချင်ယောင်ပဲဆောင်တာ။ ပုံမှန် ဘယ်သူက ဖတ်မှာလဲ”

ဝူယွမ် သုံးသပ်ပြလိုက်၏။

“အဲ့တာက…”

အားလုံး သဘောပေါက်သွားကြလေသည်။

ချန်ယုလည်း မျက်နှာဖြူဖျော့နေ၏။

သူ သေချာပုန်းကွယ်ထားသည်ကိုပင် သတိထားမိသည်လား။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now