အပိုင်း 95

289 21 0
                                    

Chapter 95

တိုက်ပွဲ ပြီးဆုံးသွားသောအခါ လျှိုရိရီ အမြန် ပြန်လာခဲ့၏။ သူစားထားသော တီကောင်နှင့် မြက်များ အစာမကြေသေးဟု ထင်ပါသည်။ အစာများ သေချာ ကြေညက်ပြီးပါက စွမ်းအင် ပိုတိုးမည်ဟုလည်း တွေးမိ၏။

သူ ထွက်သွားသောအခါ အားလုံး တိတ်ဆိတ်၍ ကျန်ခဲ့လေသည်။

အချိန်အတော်ကြာမှ အသံတစ်ခု ထွက်လာ၏။

“အဲ့တာ ဆရာဦးလေးရဲ့ တိရစ္ဆာန် သင်ကြားပေးတာကြောင့်လား”

အားလုံး မှင်တက်နေကြသည်။

ရှန်ဝမ်နှင့် လျှိုချန်ကတော့ ထိုသို့ပင် ထင်ပါသည်။

အစကတော့ ငှက်ကို ဆရာတင်၍ ထူးဆန်းသည် ထင်ခဲ့သော်လည်း ဆရာဦးလေး၏ တိရစ္ဆာန် ဖြစ်သောကြောင့် သာမာန်မဟုတ်ပါ။ အကြော်ဒယ်လေးမှာပင် ပင်လယ်မြို့တစ်ခုလုံး ဆူညံရလောက်အောင် နာမည်ကြီးသွားခဲ့ပါသေးသည်။

“ငါတို့က ရူးနေတာ”

အားလုံး အမြင်မှန် ရသွားကြလေ၏။

“နောက်ဆို ငှက်ဖြစ်ဖြစ် ဒယ်အိုးဖြစ်ဖြစ် အထင်သေးလို့ မရတော့ဘူး။ ဆရာဦးလေးကို သတိထားရမယ်”

အချိန် တစ်ခုကြာပြီးနောက် စုရင် စာကြည့်တိုက်ထဲမှ ပြန်ထွက်လာသည်။

ခေါင်းဆောင် ယဲ့ရွှမ်အကြောင်း များစွာ မတွေ့ရဘဲ ထူးချွန်သူဟုသာ အကြမ်းဖျင်း ဖော်ပြထားသည်။

လွန်ခဲ့သော နှစ်ပေါင်း (၁၀၀) ကျော်က အလွန် အင်အားကြီးသူ ဖြစ်ခဲ့လေ၏။

သူ မည်သို့ ကျဆုံးပျောက်ကွယ်သွားသည်ကိုတော့ တစ်လုံးမှ မတွေ့ရပေ

“အဲ့တာ ဘိုးဘေးဝိညာဉ်တွေနဲ့ ပတ်သက်နေမယ် ထင်တယ်”

ပုံမှန်အခြေအနေဆိုလျှင် ဤမျှ အင်အားကြီးသော ဂိုဏ်းခေါင်းဆောင်အကြောင်းမှာ အကျယ်တဝင့် ဖော်ပြ၍ ဂုဏ်ယူနေရမည် ဖြစ်သော်လည်း သူ့အတိတ်ကို သေချာ မဖော်ပြထားပေ။

သူ မယုံကြည်နိုင် ဖြစ်နေ၏။

ထို့ကြောင့် ဝူယွမ်တို့ကို မေးကြည့်သော်လည်း ဘိုဘေး ဝိညာဉ်များကို မသိသည့်အပြင် ခေါင်းဆောင် ယဲ့ရွှမ် အကြောင်းလည်း မရင်းနှီးပါ။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now