အပိုင်း 41

350 25 0
                                    

Chapter 41

စုရင် ဆေး​ဖော်နေစဉ် ယန်စီရင်စု၏ မြို့တော်ကြီး၌။

ဧကရာဇ် ပိုင်ကျန်းချင်းနှင့် မိဖုရား ဖေးယွန်းဖုန်တို့ အဘိုးအိုတစ်ဦးကို စိုက်ကြည့်နေကြသည်။

“မို မင်း တောင်းထားတဲ့ မျက်လုံး (၃) လုံးဖား၊ ကြယ် (၇) ပွင့် လရောင်မြက်နဲ့ (၉) ရွက်သစ်သားတွေ (၅) နှစ်ကြာအောင် စုခဲ့ပြီးပြီ။ အခု ငါ့သမီးရဲ့ အသက် ပြန်ကောင်းလာမလားဆိုတာ မင်းအပေါ်ပဲ မူတည်တော့တယ်”

ပိုင်ကျန်းချင်းက မာနသံမပါဘဲ ယဉ်ကျေးစွာ ပြောလေသည်။

“ဒီပါဝင်ပစ္စည်းတွေနဲ့ဆိုရင် အကောင်းဆုံးဆေးကို ဖော်နိုင်ပါပြီ။ အောင်မြင်ရင် မင်းသမီးလေးကိုလည်း ကုသနိုင်ပြီ။ ဒါပေမဲ့ ဒီလိုအဆင့် ဆေးဖော်ဖို့က နည်းနည်းခက်လို့ အောင်မြင်မယ်လို့တော့ အာမ,မခံနိုင်ပါဘူး”

ပိုင်ကျန်းချင်း ခေါင်းငြိမ့်ပြလေသည်။

ချင်းယွန်းဂိုဏ်း မိုချင်းချန်၏ ဆရာ မိုယွမ်ကို ပြောနေခြင်း ဖြစ်သည်။ သူသည် ယန်စီရင်စု၏ တစ်ဦးတည်းသော အဆင့် (၇) ပညာရှင် ဖြစ်လေသည်။
“သေခြင်းနဲ့ ရှင်ခြင်းဆိုတာ ကံကြမ္မာပါပဲ။ မိုသာ အကောင်းဆုံး လုပ်ပေးပါ”

ပိုင်ကျန်းချင်း လက်သီးကိုဆုပ်လျက် စိတ်ကို တင်းထားသည်။

မိုယွမ် ခေါင်းငြိမ့်ပြကာ လက်ယမ်းလိုက်ပြီး ရှေး ဒယ်အိုးတစ်ခု ပေါ်လာ၏။

ထိုပစ္စည်းမှာ အဆင့်မြင့်ပစ္စည်းဖြစ်ပြီး လရောင်အောက်တွင် ရှားပါးစွာ ပြုလုပ်ထားရပါသည်။

“ပြီးပြည့်စုံတဲ့ ဆေးတစ်ဖုံစပ်ဖို့ဆိုတာ ဆေးပင်ကောင်း ရှိရုံတင်မကဘူး။ နည်းနည်းလေးမှ အချိုးအစားလည်း မှားလို့မရဘူး။ အဲ့တာအပြင် အပူပေးတာ၊ ဆေးပုံပြောင်းတာကအစ အားလုံး ဂရုစိုက်ရပါတယ်။ မဟုတ်ရင် ကြိုးစားတာတွေက အလကားပါပဲ”
မိုယွမ်မှ စားပွဲပေါ်ရှိ ပစ္စည်းများကို ခွဲခြားရင်း ပြောပြသည်။

ထို့နောက် ဒယ်အိုးကို ချက်ချင်း အပူမပေးသေးဘဲ ဘေစင်သို့သွား၍ လက်ဆေးကာ သန့်စင်ခြင်း မန္တန်ပါ သုံးလိုက်သည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now