အပိုင်း 80

144 15 2
                                    

Chapter 80

ပိုင်ရိရန် သူ့ကို မြည်းစီးလာသည့် လူငယ်လေးမှ ကုပေးသည်ဟု ပြောဖူးပါသည်။ သူ ယွီအိမ်တော်၌ ဖျတ်ခနဲ တွေ့လိုက်သော်လည်း အရမ်း မတွေးမိခဲ့ပေ။ ယခုမှ အားလုံးပေါင်းကာ ပြန်စဉ်းစားမိ၏။

သူပဲ ဖြစ်မယ်။

သူ့ဝတ်ရုံမှာ တလှပ်လှပ်လွင့်၍ မည်သူ့မျှဂရုမစိုက်ဟန် မျက်နှာမှာ အစွမ်းထက် ပညာရှင်မှန်း သိသာလှသည်။

"ကယ်တာတော့ ကယ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ကလူတွေက ဒုက္ခပေးနေတယ်ထင်ပြီး မောင်းထုတ်လို့ အမြန် ထွက်လာခဲ့လိုက်တာ"

စုရင် ရုတ်တရက် ထပ်တွေးမိပြီး

"အဲ့လူရော နိုးလာပြီလား"

"နိုးပါပြီ"

မိုယွမ် မျက်နှာကြီးနီလျက် သူ့ကိုကြည့်ကာ

"ဒါနဲ့ ဆရာဦးလေးက ပြောင်းပြန်သိုင်းကို ဘယ်ကနေ သင်လာတာလဲ။ ဆေးကို အချိန်ကိုက်တိုက်ပြီး လုပ်ရတာ ဘယ်လိုလုပ်လဲ"
"ပြောင်းပြန်သိုင်းလား"

စုရင် အံ့ဩနေမိသည်။

"ဘာကြီးလဲ"

မိုယွမ်လည်း လန့်၍

"ဆရာဦးလေး အဲ့မိန်းကလေးကို ကယ်ခဲ့တဲ့နည်းလေ"

"အရင်တစ်ခါ ခိုတစ်ကောင်ကို အဲ့နည်းနဲ့ ကယ်လိုက်တာ နိုးလာတယ်လေ။ ရိုးရိုးပါပဲ။ ခင်ဗျားပြောသလိုမှ မရှုပ်တာ။ အဆိပ်တိုက်သင့်တယ် ထင်လို့ တိုက်ပြီး ဆေးကြေအောင် ကန်ပေးလိုက်တာလေ"

စုရင် ခပ်အေးအေး ပြောလိုက်သည်။

သူ့နည်းလမ်းမှာ အရင်တိရစ္ဆာန်များတွင် သုံးခဲ့ဖူးသော နည်းသာ ဖြစ်၏။
"ရိုးရိုးပဲတဲ့လား"

မိုယွမ် ရှုံ့မဲ့နေမိသည်။ ဒါမျိုးက အဆင့် (၉) ပညာရှင်တောင် မလွယ်ဘူးလေ။ အဲ့တာကို ရိုးတယ်လား။ နောက်ပြီး အဲ့လောက်ကို တိရစ္ဆာန်တွေဆီ သုံးနေကြတဲ့။

"ဆရာဦးလေးက အဲ့မိန်းကလေးကို ကယ်ခဲ့တာဆိုတော့ နာတာရှည်ရောဂါ ရှိနေတာရော သိလား"

မိုယွမ်က မေးလိုက်၏။

စုရင် ခေါင်းယမ်းပြကာ

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now