အပိုင်း 70

233 17 0
                                    

Chapter 70

အကြီးအကဲများမှာ ခပ်လှမ်းလှမ်းမှ တွေ့ရသော မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။

“သူတို့ဆီက ကြောက်စရာအရှိန်အဝါကို ကြည့်ပါဦး။ ကယ်တဲ့ပုံ မဟုတ်ဘူး ထင်တယ်”
ချန်ယွီမှ ပြောလိုက်၏။

“ဘာမှမဖြစ်ဘူး။ သူတို့ရောက်လာရင် အတူတူ တိုက်ထုတ်လို့ရပြီ”

ဝူယွမ် လက်ပြ၍

“ဧည့်သည်တွေကို ကြိုဆိုဖို့ ခေါင်းလောင်းတီးလိုက်။ အကြီးအကဲတို့ ကျွန်တော်နဲ့အတူ သွားကြိုကြရအောင်”

မည်သို့ပင်ဖြစ်စေ သူတို့ဆီ ရောက်လာ၍ အခွင့်အရေးကောင်း ဖြစ်ပါသည်။

“…”

ချန်ယွီလည်း မတတ်နိုင်ဘဲ စိတ်လျှော့လိုက်ရ၏။

မိုယွမ်နှင့် အခြားအကြီးအကဲများ အင်မော်တယ်နှိမ်နင်းဂိုဏ်းသို့ ပျံသန်းလာကြသည်။

“အရုဏ်တက်ချိန်ကို မစောင့်သင့်ဘူးလား”

“စစ်မှာ အချိန်က အရေးအကြီးဆုံးပဲ။ သတင်းပျံ့သွားရင် နတ်ဆိုးဘုရင် ထွက်ပြေးသွားလိမ့်မယ်။ အဲ့အခါ ဘာသက်သေမှ မရှိတော့ဘူး။ ငါတို့ ဘယ်လောက် အင်အားရှိရှိ အပြစ်ပေးလို့ မရတော့ဘူးလေ။ သူတို့ကို ဥပမာအနေနဲ့ ရှင်းပြမှ တခြားဂိုဏ်းတွေလည်း နတ်ဆိုးနဲ့ မပူးပေါင်းရဲမှာ”

အစကတော့ အရုဏ်တက်ချိန်မှ ဝင်တိုက်ခိုက်ရန် ပြင်ထားသော်လည်း အချိန်မစောင့်နိုင်ကြ၍ ချက်ချင်း ရောက်လာခြင်း ဖြစ်သည်။ အထူးသဖြင့် လေမိုးကြိုးဂိုဏ်းမှာ အင်မော်တယ်နှိမ်နင်းဂိုဏ်းနေရာကို လိုချင်နေလေသည်။

“ဂိုဏ်းပေါင်း (၁၇) ဂိုဏ်းကျော်နဲ့ ကျင့်ကြံသူ အယောက် (၂၀) ကျော်။ သူတို့ ဘယ်လိုမှ ခံနိုင်ရည် မရှိတော့ပါဘူး”

“အရင် (၃) လကလို သူတို့ခေါင်းဆောင်ရှိရင်တောင် မနိုင်လောက်ဘူး။ ဟားဟား။ ကြောက်လွန်းလို့ တုန်နေကြတော့မှာပဲ”

“ဟုတ်ပါ့။ ငါတို့လည်း အရှိန်အဝါ မဖျောက်ထားလို့ သူတို့ကြိုသိနေမှာ”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now