အပိုင်း 36

355 23 0
                                    

Chapter 36: ချန်ရှောင်းယွီ

“ဘယ်လိုလုပ်ကြမလဲ”

ရုတ်တရက် အင်အားကြီးတစ်ယောက် ခြံထဲ ရောက်လာမည်ဟု မထင်ထားပေ။ သူ လန့်သွားပြီး ကြက်တူရွေးကို စိတ်ထဲမှ ဆက်သွယ်ပြောလိုက်ခြင်း ဖြစ်သည်။

သူက တိရစ္ဆာန်ဖြစ်၍ သခင်ကို ဆုံးဖြတ်ခိုင်းရပေမည်။

“သတ်လိုက်။ ငါတို့အကြောင်း သိသွားလို့ အဆင်မပြေဘူး”

“ဟုတ်”

နတ်ဆိုးဘုရင် ခေါင်းငြိမ့်ကာ မိုဖုန်ထံ ချက်ချင်း ပြေးသွားပြီး ရိုက်ချလိုက်၏။

အကြီးအကဲမိုလည်း နတ်ဆိုးစွမ်းအင် ပြန်လွှတ်ကာ  အနီရောင်အလင်းဖြတ်၍ ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။
“ပြေးတော့”

မိုဖုန် ခြံထဲမှ ချက်ချင်း ပြေးထွက်ကာ ယောက်ကျန်ကို ဆွဲ၍ အကွယ်တစ်နေရာတွင် သွားပုန်းနေလေသည်။

“တကယ်ပါပဲ”

မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးဘုရင် အသိပြန်ဝင်ကာ ရှက်သွားမိသည်။

သူသာ ကျင့်ကြံမှု မထိခိုက်ထားလျှင် ဤသို့သော ပုံရိပ်ယောင်ကို သိလိုက်မည် မဟုတ်ပါ။ သို့သော် ယခုတော့ ကြက်တူရွေးနှင့် လိပ်ရှေ့မှာမှ အရှက်ကွဲရလေသည်။
နတ်ဆိုးဘုရင် ဒေါသအိုးပေါက်ကွဲကာ သူတို့အနောက်သို့ ချက်ချင်း လိုက်သွားလေသည်။

ကြက်တူရွေးကလှမ်း၍

“ကိစ္စမရှိဘူး။ မလိုက်နဲ့တော့။ သွားလှဲနေလိုက်”

ကြက်တူရွေးအမြင်မှာ နတ်ဆိုးဘုရင်သည် အင်အားနည်းနေသည် ထင်သည့်အပြင် တစ်ဖက်လူများမှာလည်း ပြန်ထွက်သွားသောကြောင့် သပ်သပ်လိုက်စရာ မလိုပေ။
လိုက်သွား၍ အသတ်ခံရမှ သခင်ပြန်လာလျှင် ပိုရှုပ်ပေမည်။ 

“ဟုတ်ကဲ့”

နတ်ဆိုးဘုရင် မတတ်သာဘဲ နောက်ဆုတ်လိုက်ရလေသည်။

ငါလည်း အဲ့လောက် အင်အားမနည်းပါဘူးနော်။ မင်းတို့က အင်အားအရမ်းကြီးနေတာ။

သူ စိတ်ညစ်ညစ်ဖြင့် အခန်းထဲဝင်ကာ လှဲနေလိုက်လေသည်။ ထိုစဉ် ရုတ်တရက် ရှော့တိုက်ခံရသလို ခံစားရလေ၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now