အပိုင်း 72

104 15 0
                                    

Chapter 72

စုရင်မှာ ကျင့်ကြံသူမဟုတ်သော်လည်း စကားများကို သေချာကြားနေရသည်။ မိုယွမ်တို့အသံများကြောင့် သူလည်း ဒီအတိုင်း ထိုင်မနေနိုင်တော့ပါ။

ထို့ကြောင့် မြည်းကိုခေါ်၍ ဂိုဏ်းဘက် ထွက်လာခဲ့၏။

"မြန်မြန်"

စုရင် အမြန်လောလိုက်သည်။ တိုက်ပွဲမှာ စတော့မည် ဖြစ်ပြီး နောက်ကျသွားပါက အားလုံး ရှုပ်ထွေးသွားပေမည်။

မြည်းလည်း အံကြိတ်၍ အမြန်ပြေးသော်လည်း နှေးနေသေး၏။

(၁၀) မိနစ်ကြာပြီးသည်အထိ လမ်းတစ်ဝက်သာ ရောက်သေးသည်။

စုရင် စိတ်ရှုပ်လာမိ၏။

သူသာ စွမ်းအင်ရှိလျှင် ဤသို့ အချိန်ကြာနေမည် မဟုတ်ပါ။

အကြီးအကဲဝူတို့ တောင့်ခံနိုင်သေးရန်သာ မျှော်လင့်ပါသည်။

...

"မတိုက်ခိုက်ကြသေးဘူး။ တော်သေးတယ်"

စုရင် မော့ကြည့်လိုက်သောအခါ နှစ်ဖက်အကြီးအကဲများ စကားပြောနေရုံသာ ရှိသေး၏။ ထို့ကြောင့် အရှိန်မြှင့်၍ ထိုနေရာသို့ ဆက်သွားနေစဉ် ရုတ်တရက် အကြီးအကဲများမှ သူ့ခြံရှိရာသို့ ပျံသွားကြလေသည်။

"..."

စုရင် မှင်တက်နေမိ၏။

ဘာဖြစ်တာလဲ။

ငါ့မှာတော့ ပင်ပင်ပန်းပန်း ရောက်လာရတာ လမ်းတစ်ဝက်ကျော်နေပြီလေ။

အဲ့လိုလာမယ်ဆို အစတည်းက ခြံထဲမှာ စောင့်မှာပေါ့။ ဘာလို့ ဒုက္ခခံပြီး လာမှာလဲ။

"မြည်းရေ မြန်မြန် ပြန်လှည့်ရအောင်"

စုရင် စိတ်ရှုပ်စွာဖြင့် ပြန်လှည့်လာခဲ့သည်။

...

"ခဏနေပါဦး။ ခင်ဗျားတို့ အင်မော်တယ်နှိမ်နင်းဂိုဏ်းက နတ်ဆိုးဘုရင်နဲ့ ပူးပေါင်းထားတာ မဟုတ်ဘူးလား"

အကြီးအကဲမိုဖုန် မနေနိုင်တော့ဘဲ ထမေးလိုက်၏။

"ဘာတွေ လျှောက်ပြောနေတာလဲ"

ဝူယွမ် မျက်နှာထားတည်သွားပြီး

"ကျွန်တော်တို့ အရင်ကလောက် အင်အားရှိချင်မှ ရှိမယ်။ ဒါပေမဲ့ နတ်ဆိုးကျင့်ကြံသူနဲ့တော့ ပူးပေါင်းစရာလား။ ဟာသပဲ"

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now