အပိုင်း 39

322 25 0
                                    

Chapter 39: စုရင် ဆေးဖော်ခြင်း (၁)

စုရင် အမှားများစွာအား တစ်ခုပြီးတစ်ခု ပြောနေစဉ် မင်းယူ သည်းမခံနိုင်တော့ဘဲ

“တော်ပြီ။ ဆက်မပြောနဲ့တော့”

သူ အသက် (၁၁) နှစ်အရွယ်၌ အဂ္ဂိရက်ပညာနှင့် စတင်ထိတွေ့ခဲ့ပြီး သင်ကြားခဲ့သည်မှာ နှစ်ပေါင်း (၅၀) ကျော်နေပြီ ဖြစ်သောကြောင့် ဤအလုပ်မှာ သူ့ဘဝ ဖြစ်နေလေပြီ။

သူ့ကိုယ်သူ အလွန်ထက်မြက်၍ အရည်အချင်း ရှိသည်ဟု ထင်ထားသော်လည်း သူ တစ်သက်လုံး လုပ်ခဲ့သည့် အလုပ်က အခြားသူအမြင်၌ အမှားများစွာ ဖြစ်နေမည်ဟု မထင်ခဲ့ပေ။

သူ ဆက်နားထောင်ပါက စိတ်ဓာတ်ကျကာ နောင်တွင် ဆေးပင် ဆက်ဖော်နိုင်မည် မဟုတ်ပါ။

“မင်း ဘယ်လောက်ပြောပြော မထူးပါဘူး။ မင်းပြောတာ အမှန်ဟုတ်မဟုတ် ဘယ်သူမှမှ မသိတာ။ ကိုယ်တိုင် လုပ်နိုင်လို့လား”

မင်းယူ အံကြိတ်ကာ ပြောလိုက်၏။ 

တစ်ဖက်လူ ပြောသည်မှာ အဓိပ္ပာယ်ရှိသော်လည်း အပြောပင်ဖြစ်ပြီး သက်သေ မရှိပါ။

“ကျွန်တော်လား”

စုရင် ရယ်မော၍ ခေါင်းယမ်းကာ

“ကျွန်တော် တစ်ခါမှ ဒီလိုတွေ မလုပ်ဖူးပါဘူး”

“ကိုယ်တိုင် မလုပ်ဖူးဘူးလား။ အဲ့တာနဲ့များ တာဝန်ယူမှုမရှိ ပြောရဲတယ်နော်။ မလုပ်ဖူးရင် အမှန် ဟုတ််မဟုတ် ဘယ်သူက သိမှာလဲ”
မင်းယူ သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။ 

ချန်ရှောင်းယွီလည်း ဘေးမှကြည့်ကာ သက်ပြင်းချမိလေ၏။

ဒါလည်း ဟုတ်တာပဲ။ ပြောတာက ပါးစပ်ရှိရင် ပြောလို့ ရတာပေါ့။ ဒါပေမဲ့ ကိုယ်တိုင်မှ မလုပ်နိုင်တာကို။ ခုနက ပါရမီရှင် ထင်မိတော့မလို့။ တော်သေးတယ်။

“ခုနက ကျွန်တော်ပြောခဲ့တာတွေက ဆေးပင် ဂုဏ်သတ္တိနဲ့ သီအိုရီတွေကို အခြေခံပြီး ပြောတာလေ ဘယ်လိုလုပ် မှားမှာလဲ”

စုရင် မျက်မှောင်ကြုတ်၍ ပြောလေ၏။

မင်းယူလည်း ရယ်မောလျက်
“ဆရာကြီးက ကျောက်စိမ်းတိုကင် ပေးတာနဲ့ တကယ် အရည်အချင်းရှိပြီ ထင်နေတာလား။ ပါးစပ်နဲ့ကတော့ လူတိုင်း ပြောတတ်တာပဲ။ အဲ့လိုလုပ်နေမယ်ဆိုရင် တိုကင် ပြန်ပေးခဲ့တော့။ ဆရာကြီးကို သိက္ခာမချနဲ့”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now