အပိုင်း 40

209 18 0
                                    

Chapter 40: စုရင် ဆေးဖော်စပ်ခြင်း (၂)

သူ့ သိုလှောင်လက်စွပ်ထဲမှ သိမ်းထားသည့် ဂျုံမှုန့်အထုပ် ထွက်လာပြီး ရေနှင့်ရောကာ ဂျုံမှုန့်ညက် လုပ်လိုက်သည်။

“…”

ချန်ရှောင်းယွီနှင့် မင်းယူတို့ မှင်တက်နေပြန်၏။

ထင်းတွေဖျက်၊ ဂျုံမုန့်တွေလုပ်နေတာ ဆေးရော ဖော်ဦးမှာလား။

လုပ်ရင်းလုပ်ရင်း လမ်းပိုလွဲလာသလိုပဲ။

“ကျွန်တော်က အဂ္ဂိရက် မသင်ဖူးတော့ ဆေးအရှိန်အဝါကို မထိန်းချုပ်နိုင်ဘူးလေ။ အဲ့တာကြောင့် ဆေးဖြစ်အောင်ပဲ အရင် တတ်သလောက် ကြိုးစားကြည့်ရမှာပါ”

သူတို့အမူအရာကြောင့် စုရင်ရှက်လာပြီး ရှင်းပြလိုက်၏။

အစက သူ မလုပ်နိုင်ဟု ထင်နေသော်လည်း ဂျုံလုံးလေးများအား အစားထိုး၍ အရှိန်အဝါကို ထိန်းညှိလျှင် အဆင်ပြေနိုင်မည်ဟု ထင်မိလေသည်။
တစ်ခဏအတွင်း ဂျုံလုံး (၁၀) လုံး ပေါ်ထွက်လာလေသည်။

“စကြတာပေါ့”

မီးဖိုမှာ အေးစက်နေပြီဖြစ်၍ ထင်းများ ထည့်လိုက်ပြီး မီးရှို့လိုက်သည်။

ဝုန်း!

မီးတောက်များက မီးဖိုတစ်ခုလုံး ချက်ချင်း လွှမ်းခြုံသွား၏။ မီးသွေးမီးကဲ့သို့ မပြင်းထန်သော်လည်း အရွယ်အစားတူ၍ အပူချိန်လည်း ငြိမ်သည်။

“ဒါက…”

ဆေးဖော်ရန် ထင်းကို တကယ်သုံးနေသည်အား တွေ့ပြီး မင်းယူ မျက်မှောင်ကြုတ်နေမိလေသည်။
သူသည် အဂ္ဂိရက်ကို သေချာသင်ကြားဖူး၍ မီးတောက်များအကြောင်း ကောင်းစွာ နားလည်၏။

အပြင်မီးတောက်၊ အတွင်းမီးတောက်နှင့် ဗဟိုမီးတောက်ဟူ၍ရှိပြီး အပြင်မီးတောက်မှာ အပူချိန် အမြင့်ဆုံး ဖြစ်သည်။ သို့သော် မီးဖို၏ အနက်ရှိုင်းဆုံး ရောက်လေ အင်အား လျော့လေ ဖြစ်ပါသည်။
သီအိုရီအရ ထိုအပြင်မီးတောက်ကို ကောင်းစွာ ထိန်းချုပ်နိုင်လျှင် မီးတောက်အားလုံး ညီနေပြီ ဖြစ်သည်။ သို့သော် သီအိုရီမှာ သီအိုရီပင် ဖြစ်၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now