အပိုင်း 83

194 22 0
                                    

Chapter 83

တားမြစ်နယ်မှာ ဂိုဏ်းအနောက်ဘက်တွင် တည်ရှိပြီး အင်မော်တယ် လေ့ကျင့်ရေး အဆောက်အအုံနှင့် လမ်းပြောင်းပြန် ဖြစ်၏။ ထို့ကြောင့် ဂိုဏ်းကို သေချာပေါက် ဖြတ်သွားရပေမည်။

“ကြားပြီးပြီလား။ မနေ့ကလေ ငါတို့ဂိုဏ်းကို ဖျက်ဆီးဖို့ တခြားဂိုဏ်းတွေကနေ လာကြတာတဲ့”

“အဲ့လောက် ကြီးကြီးမားမား ဖြစ်သွားတာကို ဘာလို့ မသိလိုက်လဲ သိလား။ ဆရာဦးလေး ပေါ်လာပြီး အားလုံးကို တစ်ချက်တည်း ရှင်းပစ်လိုက်တာတဲ့”

“ဆရာဦးလေးက အင်အားကြီးလိုက်တာ။ (၁၀) နှစ်ပဲ ကျင့်ကြံရသေးတာကို။ ငါ့ကိုယ်ငါ ပါရမီရှင်လို့ ထင်ထားပေမဲ့ ဘာမှ မဟုတ်ဘူးပဲ”

“ဆရာဦးလေးနဲ့ယှဉ်ရင်တော့ ရှက်စရာကြီးပေါ့ကွာ”

“ဟုတ်ပါ့။ မနေ့က ကိစ္စမျိုးကို ကြည့်ရင် အင်မော်တယ်နှိမ်နင်းဂိုဏ်းတပည့် ဖြစ်ရတာ အရမ်း ဂုဏ်ယူတာပဲ”

“ငါရောပဲ”

သူ ဖြတ်သွားသောအခါ အားလုံးကို ကြားနေရ၏။

စုရင် ခေါင်းယမ်းကာ ဝင်လာမိသည်။

အခြေအနေမှာ မတည်ငြိမ်သေး၍ တိတ်ဆိတ်သာ နေချင်ပါသည်။ သို့သော် ထိုအုပ်စု ရောက်လာစဉ်က မတတ်သာဘဲ ပြန်တိုက်ခိုက်ခဲ့ရလေ၏။

ဒီအတိုင်းတော့ လွှတ်မထားနိုင်ပေ။

သူ လျှောက်လာရင်း စကားသံများစွာ ပိုကြားခဲ့ရသည်။

အားလုံးသည် အင်အားကြီးသော ဆရာဦးလေး ရှိမှန်း သိသော်လည်း မမြင်ဖူးကြသေးပါ။

ထိုလူငယ်လေးမှာ အင်အားကြီးနေမည်ဟု မထင်မိကြပေ။

“စီနီယာမုန့်တာအို ဆရာဦးလေးအကြောင်း ပြောပြပါဦး။ စီနီယာရော မတွေ့ဖူးဘူးလား”

ကွင်းပြင်တစ်ခုကို ဖြတ်သွားသောအခါ မိန်းမလှလေးများ ဝတ်ရုံဖြူနှင့် အမျိုးသားကို ဝန်းရံ၍ အားကျစွာ ကြည့်နေကြသည်။

“မြင်ဖူးရုံတင်မကဘူး။ စကားပါ ပြောဖူးသေးတယ်”

ထိုမုန့်တာအိုဆိုသော အမျိုးသားမှာ လက်နောက်ပစ်၍ ရပ်လျက် ခပ်လှမ်းလှမ်းကို ငေးကြည့်ကာ ပြောနေသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now