အပိုင်း 15

235 28 0
                                    

Chapter 15: နတ်ဆိုးဘုရင်၏ လက်ဆောင်

ယန်စီရင်စု၏ ထိပ်တန်းဂိုဏ်းတစ်ခုဖြစ်သည့် အင်မော်တယ်နှိမ်နင်းဂိုဏ်းမှာ သူ့လို တပည့်တစ်ဦး ခိုးဝင်နိုင်သောနေရာ မဟုတ်ပါ။

ထို့အပြင် မိသွားလျှင်ပင် ပြဿနာကြီးနိုင်သည်။

“အဲ့ဒီ ဆရာဦးလေးဆိုတာ ဘယ်မှာလဲ မသိဘူး”

ယောက်ကျန် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

သူလည်း ဂ်ုဏ်းမှခိုင်း၍သာ ရောက်လာပြီး ဆရာဦးလေးဆိုသူ၏ အရည်အချင်း၊ တည်နေရာ ဘာမှမသိပေ။

ထို့ကြောင့်လည်း ဂိုဏ်းမှ သူ့ကိုစုံစမ်းခိုင်းလိုက်ခြင်း ဖြစ်၏။

“နည်းလမ်းကတော့ (၂) မျိုးရှိတယ်။ တစ်ခုက တပည့်အသစ် ဟန်ဆောင်ပြီး သတင်းယူတာ။ ဒါမှမဟုတ် သူတို့အကြီးအကဲတွေရှိတဲ့ ခန်းမကို သွားချောင်းတာ။ အဲ့လူကို တိုက်ရိုက်တွေ့ရင်တော့ အရည်အချင်း သိနိုင်ပြီ။ မဟုတ်ရင် နောက်တစ်နည်း ရှာရမယ်”

သူ ခဏစဉ်းစားပြီးနောက် ဒုတိယနည်းလမ်းအား သုံးရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် နတ်မြွေပျံကြီးအား ကြည့်၍

“နတ်မြွေပျံ ခင်ဗျားခန္ဓာကိုယ်က အရမ်းကြီးနေတော့ သူတို့ သတိထားမိသွားလိမ့်မယ်။ ခန္ဓာကိုယ် ကျုံ့ပြီး ဒီမှာပဲ ပုန်းနေခဲ့ပါလား။ ကျွန်တော် သတင်း စုံစမ်းပြီးရင် ပြန်လာခဲ့မယ်လေ”

“အင်း…”
သူ ခေါင်းငြိမ့်ပြ၍ ရုတ်တရက် တုန်ရီကာ ကြောင်တစ်ကောင် အရွယ်ခန့် သေးငယ်သွားတော့၏။ သူ့အဆင့်မှာ ကောင်းကင်နန်းတော်ဖြစ်ပြီး လူစကားကို ကောင်းကောင်း နားလည်၍ အရွယ်အစားလည်း ပြောင်းလဲနိုင်၏။

ယောက်ကျန်လည်း အရိပ်နက်အသွင်ပြောင်းကာ ဂိုဏ်းထဲဝင်သွားတော့သည်။ ထိုသို့သောအစွမ်းကို အစွမ်းထက် ပညာရှင်များပင် သတိမပြုနိုင်ပါ။ ထိုအရည်အချင်းကြောင့်လည်း ချင်းဝမ်ထျန်း သူ့ကို လွှတ်လိုက်ခြင်း ဖြစ်သည်။
ယောက်ကျန်တစ်ယောက် ညအမှောင်ကို အားကိုး၍ ခန်းမထဲရောက်လာသည်။

သို့သော် ခန်းမထဲ မည်သူမျှ မရှိ၍ အင်မော်တယ်တောင်ထိပ် ထွက်လာသော်လည်း ထိုသို့ပင် မတွေ့ရပေ။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now