စွမ်းအားကြီးလှသောဆရာဦးလေး
Chapter 9: မြေဩဇာထက် ညံ့သောမြည်းမှာ အောက်ကလူ၏ ခံစားချက်ကို မသိဘဲ ရူးနှမ်းစွာ ခုန်ပေါက်နေ၏။
“မြည်းရာ ငြိမ်ငြိမ်နေစမ်းပါ။ အဲ့လူက အားနည်းမယ့်ပုံပါ။ အခုဆို မင်းကန်တာနဲ့ သေတောင် သေနေလောက်ပြီ”
ကြက်တူရွေးက ဝင်ရှင်းပေးသည်။
“ဟုတ်လား”
သူ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်၏။
ထိုအခါ နတ်ဆိုးလည်း သူ့ကန်ချက်ဖြင့် မြေပေါ်တွင် ဒဏ်ရာများရကာ လဲနေသည်။
အရိုးအကြောများလည်း ကြေမွနေပြီ ဖြစ်၏။
“အသက်ရှူသေးတယ်ကွ”မြည်းက ပြောလိုက်သည်။
ထို့နောက် တစ်ချက် ထပ်ကန်ပြီးမှ ခပ်တည်တည်ဖြင့်
“ငါ့လို ကြမ်းတမ်းတဲ့မြည်းကို ဒီလိုစမ်းလို့ ရမလား”
ကြက်တူရွေးနှင့် လိပ်တို့မှာ ကြားထဲမှ ရှက်နေ၏။
သူသည် အမြဲ ထိုသို့ပင် ဖြစ်ပြီး အန္တရာယ်ကြုံပါက ရူးမလို သောင်းကျန်းတတ်လေသည်။
“ခဏစောင့်ဦး။ ငါ့ရဲ့ ကန်နည်းအသစ်တွေ ရှိသေးတယ်”
(၁၀) မိနစ်ခန့်ကြာသောအခါ မြည်းလည်း မောကာ ရပ်သွားလေ၏။“သူက အားနည်းလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါတို့ ဒုက္ခရောက်တော့မလို့”
ကြက်တူရွေးနှင့် လိပ်လည်း ခေါင်းငြိမ့်သဘောတူကြသည်။
“သွေးစွမ်းအင်က မကောင်းဆိုးဝါးသားကောင်အတွက် အရေးကြီးတယ်။ ငါတို့က သာမာန်ဘဝကနေ နည်းနည်းလေးပဲ အဆင့်မြင့်လာတာဆိုတော့ အပြင်လောကရဲ့ အားအနည်းဆုံး ကျင့်ကြံသူနဲ့တောင် မယှဉ်နိုင်လောက်ဘူး”
သူတို့အရည်အချင်းကို နားလည်ကြပါသည်။
နတ်ဆိုးဘုရင်မှာတော့ အသက်ရှင်နေသေးသော်လည်း သေမလို ခံစားနေရသည်။
ငါက… အားနည်းတယ်လား။
သူသာ အားနည်းလျှင် ထိုသို့ အဖမ်းခံထားရသော ချန်းယွမ်ကျွန်းမှ မည်သို့ လွတ်လာမည်နည်း။
YOU ARE READING
စွမ်းအားကြီးလှသော ဆရာဦးလေး
Fantasyမူရင်းရေးသူ - Heng Sao Tian Ya ဘာသာပြန် - ထူးတင့်နန္ဒာ ဒါလည်း ခွင့်ပြုချက်မတောင်းထားပါဘူး။ ကျွန်တော် ဖတ်ရင်း နဲ့ တင်မှာဖြစ်ပါတယ်။ admin လာပြောရင် ဖျက်ပေးပါ့မယ်။ start date-4•5•2024(sat) end date -