အပိုင်း 11

529 42 0
                                    

Chapter 11: အမြင်အာရုံ လေ့ကျင့်ခြင်း

ယန်စီရင်စုမှ အစွမ်းထက် ပညာရှင်များမှာ ထိုအပြုအမူကို ပြုလုပ်နိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုရပါသည်။ သို့သော် ထိုလူငယ်မှာတော့ နဂိုခန္ဓာကိုယ်စွမ်းအင်ဖြင့်သာ ခုတ်ပိုင်းခဲ့လေ၏။

ထို့ကြောင့် ပိုကြောက်စရာ ကောင်းနေသည်။

သူ့အကြည့်၊ လှုပ်ရှားမှု၊ အရှိန်များမှာ အချိန်ကိုက်၍ တိကျသေသပ်လွန်းသည်။

တစ်ခဏအတွင်း သစ်တုံးများစွာ ခုတ်ပြီးလေပြေိ။

သို့သော် သူ့အမူအရာက ကျေနပ်ပုံ မပေါ်သေးဘဲ ခေါင်းယမ်း၍ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

ခုနက အလုပ်မှာ သူ့အတွက် အရေးမကြီးသလို ဖြစ်၏။

ငါတို့ဂိုဏ်းမှာ ဘယ်တုန်းက ဒီလောက် အစွမ်းထက်တဲ့သူ ရှိတာလဲ။

“ဧကန္တ… စီနီယာကြီးများလား”
အစွမ်းထက် အင်မော်တယ် ဓားသိုင်းပညာရှင်များမှာ ပြင်ပတွင် တွေ့ရခဲပြီး တစ်နေရာတည်း၌ (၂) ယောက် မရှိနိုင်ပါ။

ထို့ကြောင့် ခုနက သူ့ကို ပညာသင်ပေးသည့် အစွမ်းထက် ပညာရှင် ဖြစ်နိုင်၏။

ငယ်ရွယ်နုပျိုနေသည်မှာတော့ သူ နားလည်ပေးနိုင်ပါသည်။ အစွမ်းထက် ပညာရှင် အများစုသည် နှစ်ပေါင်းများစွာ အသက်ရှင်ပြီးသော်လည်း နုပျိုသော အသွင်ကိုသာ ပိုင်ဆိုင်တတ်ကြ၏။ နှစ် (၈၀၀၀) နတ်ဆိုးပင် ကလေးသာသာ ပုံစံလေး ဖြစ်ပါသည်။

ထို့ကြောင့် ရုပ်ရည်အသွင်အပြင်ဖြင့် အင်အားကို မဆုံးဖြတ်နိုင်ပါ။

“အဲ့လူ အတူတူပဲဆို ကောင်းမယ်”
အစကတော့ အဆောက်အအုံထဲ မည်သို့ ဝင်ရမည်အား တွေးပူနေရသော်လည်း ယခုတော့ မထင်မှတ်စွာဖြင့် တိုက်ရိုက် တွေ့နေလေပြီ။

သူ့အတွက် အလွတ်မခံနိုင်သည့် အခွင့်အရေးကြီး ဖြစ်၏။

ဤသို့ဖြင့် သူ တွေဝေမနေတော့ဘဲ ရှေ့တိုးလာကာ ဒူးထောက်ချလိုက်ပြီး

“ကျွန်တော် အင်မော်တယ်နှိမ်နင်းဂိုဏ်းတပည့် လျှိုရိ အနေနဲ့ စီနီယာကြီးကို ကံကောင်းစွာတွေ့ပြီး ပညာတွေ ရခဲ့ပါတယ်။ စီနီယာကြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါနော်”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now