အပိုင်း 20

451 36 0
                                    

Chapter 20: သူက သူလျှိုပဲ

အချိန်ခဏအကြာတွင် မြည်းမှ ကြာပွတ်ကို ခွါဖြင့် ညှပ်၍ အသင့်နေရာယူထားပြန်သည်။

သို့သော် နတ်ဆိုးဘုရင်မှာ ခေါင်းပွင့်၍ ရင်ဘက်နှင့် ဝမ်းဗိုက်တို့လည်း ချိုင့်ဝင်နေရာ မည်သည့်နေရာကို ရိုက်ရမည်မသိ ဖြစ်နေသည်။

“သူ မသေသေးဘူးမလား”

ကြက်တူရွေးက စိုးရိမ်စွာ ပြော၏။

“သူ သေသွားရင် ငါးပျံရှာလို့ မရတော့ဘူး။ သခင့်ကို ဘယ်လိုပြောရမှာလဲ”

ခဏစဉ်းစားပြီးနောက် မြည်းက

“ငါတို့ ဆေးနဲ့ကုတာပဲ ကောင်းမယ် ထင်တယ်နော်။ ဒီတိုင်း ဆက်ရိုက်နေလည်း မနိုးလောက်တော့ဘူး”

သူကိုယ်တိုင်ကလည်း စွမ်းအင် ထည့်ပေးပါဟု တောက်လျှောက် ပြောခဲ့လေသည်။

သို့သော် သူတို့စွမ်းအင်၏ ၁၀ပုံ ၁ပုံပင် မသုံးရသေးဘဲ ပေါက်ကွဲခဲ့ရ၏။

အင်အားနည်းလွန်းသည်။
သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း အလွန် ညံ့နေ၏။

ဤအတိုင်း ဆက်ရိုက်လျှင် သေသွားနိုင်ပါသည်။

“ဆေးနဲ့ကုရမယ်ဆို သခင့်ဆီ သွားမှပေါ့။ သခင်က အဲ့တာမျိုး ကျွမ်းတယ်လေ”

ကြက်တူရွေးက အကြံပေးလေသည်။

“သခင့်ကိုရော ဘယ်လိုရှင်းပြမှာလဲ။ သူက ဘယ်က ရောက်လာတာလဲ။ ဘယ်လို ဒဏ်ရာရတာလဲ ဆိုရင်”

မြည်းက ခေါင်းယမ်းကာ ပြောလေ၏။

“နောက်ပြီး သူ့ကြည့်ရတာ လူပုံတောင် မပေါက်တော့ဘူး”

“အဲ့တာက…”

ကြက်တူရွေး စွံ့အနေလေ၏။
မြည်းပြောတာ မှန်ပါသည်။ သခင့်ကို အမှန်အတိုင်း ပြောပြလျှင် သူတို့ စကားပြောတတ်ကြောင်းပါ သိသွားနိုင်၏။

“အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ”

“ရှင်းရှင်းလေးပါ။ သခင် မသိရင် ပြီးရောပေါ့။ မနက်ဖြန် ငါတို့ဖာသာ ဆေးပင်တွေ ရှာကြမယ်။ ပြီးရင် တိတ်တိတ်လေး ကုမယ်လေ”

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now