အပိုင်း 24

374 31 0
                                    

Chapter 24: ကြောက်တယ်

"ဘာမှလည်း မဖြစ်သေးဘူး။ ထွက်သွားတာများလား"

သစ်ပင်အနောက်၌ ပုန်းရင်း ကျောက်ယွမ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

သူတို့ နှစ်ဦး ဤနေရာ၌ စောင့်နေကြသည်မှာ (၃) နာရ်ီနီးပါးရှိပြီဖြစ်ပြီး ဘာမှ ထူးခြားချက် မတွေ့ရပေ။ အသံဗလံပင် မကြားရပါ။

လျှိုရိရဲ့ နတ်ဆိုးကျင့်စဉ်ကို သင်ပေးသူမှာ တိတ်တဆိတ် ထွက်သွားပြီလား။

"ခဏစောင့်ကြည့်ပါဦး။ ဘယ်သူမှ ထွက်မလာရင်တော့ အထဲဝင်ကြည့်ကြတာပေါ့"

လျှိုချန် စိတ်ပျက်လက်ပျက် ပြောလိုက်၏။

ထိုစဉ် အရိပ်တစ်ခု တွေ့ရပြီး

"ကြည့်လေ ထွက်လာပြီထင်တယ်"

လျှိုချန် ကြည့်နေရင်း ခြံအပေါ်မှ ခေါင်းတစ်လုံး ထွက်လာသည်။ သူ့ပုံစံမှာ ကလေးကဲ့သို့ ဖြစ်ပြီး အသက် (၁၀) နှစ်ခန့်ဝန်းကျင် ရှိလောက်သည်။
သူ့မျက်နှာမှာ မည်းကြုတ်လျက် အနံ့ဆိုးများလည်း ထွက်နေသည်။

ထိုကလေးပုံမှာ ကုန်းရုန်းလျက် တွယ်တက်လာပြီး အမူအရာကလည်း ပျက်နေ၏။ ထို့နောက် အံကြိတ်၍

"ငါ နတ်ဆိုးဘုရင် ကျိန်ဆိုတယ်။ မင်းတို့အားလုံးကို သတ်ပစ်မယ်။ အင်မော်တယ်နှိမ်နင်းဂိုဏ်းက အကုန်လုံးကိုရောပဲ။ ဘယ်သူမှ အလွတ်မပေးဘူး"

သူပြောနေရင်း ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအင်များ ပျံ့လွင့်လာ၏။

"နတ်ဆိုးကျင့်ကြံသူလား"

လျှိုချန်နှင့် ကျောက်ယွမ်တို့ မှင်တက်နေလေ၏။

နတ်ဆိုးကျင့်ကြံသူ တကယ်ရှိနေတာပဲ။
နောက်ပြီး အင်မော်တယ်နှိမ်နင်းဂိုဏ်းက အကုန်လုံးကို သတ်မယ်တဲ့။

ကြောက်စရာကောင်းလိုက်တာ။

"ဘယ်လိုလုပ်ကြမလဲ"

ကျောက်ယွမ် တုန်ရီနေ၏။

"သူ့ကို တိုက်ခိုက်ဖို့ကတော့ ငါတို့ မဖြစ်နိုင်ဘူး။ ဂိုဏ်းကို မြန်မြန်ပြန်ပြီး အကြီးအကဲတွေကို တင်ပြမှပဲ"

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now