အပိုင်း 48

756 22 0
                                    

Chapter 48

စုရင်မှာ ဝူယွမ်၏ ဆရာဦးလေးဖြစ်သောကြောင့် ချန်ယုအဆင့်မှာ မြေးတပည့်ဖြစ်ပါသည်။ ယခု တွေ့ရသော ကလေးမှာတော့ ဂိုဏ်ထဲ ရောက်သည်မှာ ကြာသေးပုံ မပေါ်ဘဲ အသက်လည်း ငယ်၍ မြစ်ဟု ခေါ်ဆိုခြင်း ဖြစ်လေ၏။

“ကျွန်တော်…”

နတ်ဆိုးဘုရင် တုန်တုန်ယင်ယင်ဖြင့် ပြန်ပြောလိုက်၏။

“မြေးတပည့်လောက်ဆို မရဘူးလား”

နတ်ဆိုးဘုရင်တစ်ယောက်က အဲ့လောက်အဆင့်ဆိုရင် ဘာသိက္ခာရှိဦးမှာလဲ။

“မရဘူးလေ။ မင်း ဘယ်သူ့တပည့်လဲပေါ် မူတည်ပြီး ခေါ်ရတာ”

စုရင် ပြန်ရှင်းပြနေ၏။

“ဘယ်သွားသွား စီနီယာအစဉ်က အရေးအကြီးဆုံးပဲ။ အဲ့တာကို သွားမရှုပ်နဲ့။ ရှက်နေမှာစိုးလို့ မင်းအဆင့်ကို သေချာမမေးတာတောင် ကံကောင်းတယ်မှတ်”

“ရှက်တယ်လား”

နတ်ဆိုးဘုရင် ငိုချင်လာသည်။

ဒီလို မြစ်တပည့်လို့ ခေါ်နေပြီး ရှက်မှာစိုးလို့ မမေးဘးတဲ့လား။

ဘယ်လို အရှက်ခွဲချင်သေးလို့လဲ။

သူ တိတ်ဆိတ်နေသည်အား ကြည့်၍ စုရင်က

“ငါ ဂိုဏ်းကို အရင်က မရောက်ဖူးပေမဲ့ မင်းလိုအသက်မျိုး လက်ခံလေ့ မရှိတာတော့ သိတယ်။ အဲ့တော့ တချို့တပည့်ရဲ့ တပည့်ပဲ နေမှာ။ အဲ့တာဆို ငါ့ရဲ့မြစ်ပေါ့။ ငါ့ကို အဘိုးလို့ ခေါ်”

ထိုအခါ နတ်ဆိုးဘုရင် လက်ယမ်းပြ၍

“ကျွန်တော် တပည့်အသစ်ပါ။ မြေးအဆင့်ပါပဲ။ မြစ်တပည့် မဟုတ်ပါဘူး”

ဘာပဲဖြစ်ဖြစ် မြေးလောက်အဆင့် ရအောင် လုပ်ရမယ်။

“ဪ”

စုရင် လက်ခံလိုက်ပြီးနောက်

“ဒါနဲ့ မင်းနာမည်ကရော”

“ကွမ်ကျီချွမ်ပါ။ သုခလို့ ခေါ်လည်း ရပါတယ်”

နတ်ဆိုးဘုရင် သူ့နာမည်အရင်းအတိုင်း ပြောပြလိုက်သည်။

“ဟုတ်ပါပြီ”

စုရင် ခေါင်းငြိမ့်ပြလိုက်၏။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now