အပိုင်း 7

557 46 0
                                    

စွမ်းအားကြီးလှသောဆရာဦးလေး
Chapter 7

လျှိုရိရီ ခြံထဲဝင်လာချိန်တွက် ကြက်တူရွေး၊ လိပ်နှင့် မြည်းတို့လည်း အဆောက်အအုံရှေ့ ရောက်နေလေပြီ။

“သူက ဘယ်သူလဲ”

မြည်းမှာ သူ့ကိုကြည့်၍ ကြောက်လန့်နေ၏။

“လက်ထဲမှာလည်း ဓားကြီးနဲ့။ သွေးတွေရောပဲ။ လူကောင်း မဟုတ်မယ့်ပုံကြီး…။ ငါ့ကို တစ်ခုခု လုပ်တော့မှာများလား”

“မဟုတ်ပါဘူး။ ဒီဂိုဏ်းက တပည့်ထင်ပါတယ်”

ကြက်တူရွေးက ပြန်ပြောလေ၏။

သူ ဂိုဏ်း၏ ယူနီဖောင်းကို မှတ်မိနေသေးသည်။

မြည်းက ဇက်လေးပုလျက်

“ဂိုဏ်းရဲ့ တပည့်တွေက အရမ်း အင်အားကြီးတာတဲ့။ မကောင်းဆိုးဝါး သားကောင်တွေကိုတောင် လွယ်လွယ်လေး သတ်ပစ်နိုင်တယ် ကြားဖူးတယ်။ လာပါ။ ပုန်းနေရအောင်”

“ပုန်းတာတော့ ကောင်းပေမဲ့ သူ့ကို မတားနိုင်ရင် သခင် ထိခိုက်မှာပေါ့။ သူက တစ်ခါမှ ကျင့်ကြံဖူးတာ မဟုတ်ဘူး”

ကြက်တူရွေးက ပြောလိုက်သည်။

သူတို့ စုရင်နောက်လိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ သူ့အကြောင်း ကောင်းကောင်းသိပါသည်။ သူ တစ်ချိန်လုံး လောကီပညာများသာ လေ့လာ၍ ကျင့်ကြံမှု သေချာ မပြုလုပ်ဖူးပါ။

အလွန်ဆုံး သာမာန်လူထက် အင်အားကြီးလျှင်ပင် ကျင့်ကြံသူကို မယှဉ်နိုင်ပါ။

“အဲ့တော့ ငါတို့ ဘယ်လိုလုပ်ကြမလဲ”

လိပ်က ပြန်မေးလိုက်၏။

သူတို့ ပုန်းနေလျှင် သခင် ထိခိုက်ကာ မပုန်းလျှင်လည်း သူတို့ အန္တရာယ်ကျမည်ဖြစ်၍ ရွေးချယ်ရန် ခက်နေသည်။

“ဒီလိုဆိုရင်ရော။ သူ ဘာလိုချင်လဲ မေးကြည့်လိုက်မယ်။ မဖြေရင် လူဆိုး။ ငါ အခု စကား သွားပြောနေမှာမို့လို့ မင်းတို့က သခင့်ကို ခေါ်ထုတ်သွားဖို့ စဉ်းစား”

လိပ်နှင့် မြည်းလည်း ခေါင်းငြိမ့်ပြလေသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now