အပိုင်း 73

118 15 0
                                    

Chapter 73

တစ်ဖက်လူမှာ နတ်ဆိုးဘုရင် ဟုတ်မဟုတ် မသိသော်လည်း ထိုသို့ ထအော်၍ ထူးဆန်းနေ၏။

ဘာလို့ အဲ့လိုဖမ်းခိုင်းတာလဲ။

ဝူယွမ်တို့လည် နားမလည်နိုင်ပေ။

မနေ့ညက နတ်ဆိုးဘုရင်ကို မတွေ့ခဲ့ရသော်လည်း နှစ်ကြိမ်ပင် တိုက်ခိုက်ခံရကာ ဆရာဦးလေးကိုလည်း သွေးများအန်ထားသည့်နှယ် ဖြူဖျော့၍ တွေ့ခဲ့၏။ နှိပ်စက်ခံရလွန်း၍ စကားလည်း မပြောနိုင်ပေ။

ထို့ကြောင့် ဒီနေ့ အသေအကျေတိုက်ခိုက်ရန် ပြင်လာကြသော်လည်း ယခုလို မျက်လုံးစည်း၊ ပါးစပ်တွင် ကြိုးနှင့် စုတ်ပြတ်နေသူက သူ့ကိုယ်သူ နတ်ဆိုးဘုရင်ဟု ဆိုနေ၏။

ဘာတွေဖြစ်ကုန်တာလဲ။
“ဘာဖြစ်ရမှာလဲ။ သေချာပေါက် အတုပေါ့”

အားလုံး စိတ်ရှုပ်နေစဉ် မိုယွမ်က ပြောလိုက်သည်။

“နတ်ဆိုးပါဆို အတုတစ်ယောက်လောက် လုပ်ဖို့ ဘာခက်မှာလဲ”

“ဟုတ်တယ်။ နတ်ဆိုးဘုရင်ဆိုတာ အရင် ဂိုဏ်းပေါင်းများစွာ ဝိုင်းဖမ်းတုန်းကတောင် တောင်းပန် အရှုံးပေးခဲ့တာ မဟုတ်ဘူး။ အဖမ်းခံရပြီးတာတောင် လုံးဝ မာနကြီးနေခဲ့တာ။ အခုမှ ဖမ်းပါလို့ ပြောနေတယ်တဲ့။ မှားနေပြီ”

“သူသာ တကယ့် နတ်ဆိုးဘုရင်ဆို ငါ ခေါင်းဖြတ်ခံလိုက်မယ်”

“ဒါ လှည့်ကွက်ပဲ။ အားလုံး ဂရုစိုက်ကြ”

အကြီးအကဲများ တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။

နတ်ဆိုးဘုရင်အစစ်မှာ ဤသို့ တောင်းဆိုမည် မဟုတ်ပေ။

ထို့အပြင် အလွန်လည်း သနားစရာ ကောင်းနေ၏။
“ကျွန်တော် တကယ် အစစ်ပါ…”

နတ်ဆိုးဘုရင် အားမလိုအားမရဖြစ်၍ မျက်ရည်များ စီးကျလာသည်။ တစ်ကိုယ်လုံးလည်း တုန်ရီလျက် နတ်ဆိုးချီများ စိမ့်ထွက်နေ၏။

“ကြည့်ပါလား။ ဒီလောက်သန့်စင်တဲ့ နတ်ဆိုးချီတွေကို။ ကျွန်တော် မလိမ်ပါဘူး။ နတ်ဆိုးဘုရင် လုံးဝအစစ်ပါဗျာ”

“ဒီလောက်နတ်ဆိုးစွမ်းအင်လေးနဲ့များ။ အားနည်းလိုက်တာ…”

အားလုံး ခေါင်းငြိမ့်ထောက်ခံကြလေသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now