အပိုင်း 17

233 26 0
                                    

Chapter 17: နတ်ဆိုးဘုရင်၏ ကုသခြင်း

ထိုအချိန်တွင် အားလုံး အိုးမည်းသုတ်ခံရသကဲ့သို့ ခံစားရလေသည်။

“အဲ့တာ ငါတို့ကို ခြိမ်းခြောက်နေတာပဲ။ သူကတော့ ထပ်ပျက်စီးမှာ မကြောက်ဘူး။ ငါတို့ပါ အတူ ဆွဲချမယ်ဆိုတဲ့ သဘောပဲ”

ချင်းဝမ်ထျန်း ဒေါသတကြီး လက်သီးဆုပ်လျက်

“အဲ့တော့ ယောက်ကျန်ကို သိသွားတာ ဖြစ်မယ်”

“ဟုတ်တယ်”

“သူ ယောက်ကျန် ကြားအောင် တမင်ဆိုပြတာ။ သွယ်ဝိုက် ခြိမ်းခြောက်လိုက်တာပဲ”
အခန်းထဲ၌ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အင်မော်တယ်နှိမ်နင်းဂိုဏ်းက အခြေအနေ ဒီလောက် ဆိုးနေတာကို အဲ့ဒီဆရာဦးလေးက ဘဝင်မြင့်နေသေးတယ်ပေါ့။

အကြီးအကဲများ ခဏစဉ်းစား၍ အဖြေတစ်ခု ရလာကြသည်။ ဤသည်မှာ တစ်ဖက်လူသည် အလွန် အင်အားကြီး၍ သူတို့အားလုံးကို ဖျက်ဆီးနိုင်သည် ဟူ၍ပင်။

“နတ်မြွေပျံနဲ့ ငါက ညီအစ်ကိုတွေလို နေခဲ့တာ။ သူ့အတွက် လက်စားချေပေးရမယ်”

အစိမ်းရောင်ဝတ်ရုံဖြင့် အကြီးအကဲက အံကြိတ်၍ ပြောလိုက်သည်။

“ငါတို့ စိတ်လိုက်မာန်ပါ လုပ်လို့တော့ မဖြစ်ဘူးနော်။ ယောက်ကျန် ဆက်စုံစမ်းပါစေဦး။ ဆရာဦးလေးရဲ့ ကျင့်ကြံမှု အရည်အချင်းကို သေချာသိမှ ဆုံးဖြတ်ကြတာပေါ့”

ချင်းဝမ်ထျန်းက ပြောလိုက်၏။
“သူက အခုတောင် မိသွားပြီကို ဘယ်လိုလုပ် ဆက်စုံစမ်းမှာလဲ။ ကျွန်တော်ကိုယ်တိုင်ပဲ သွားမယ်”

အကြီးအကဲမှာ ဆုံးဖြတ်ပြီးသည့်ပုံဖြင့် မတ်တပ်ထရပ်လေ၏။

ချင်းဝမ်ထျန်း မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေမိသည်။

ထိုအကြီးအကဲမှာ မိုဖုန် ဖြစ်ပါသည်။ သူ့စွမ်းရည်သည် ချင်းဝမ်ထျန်းအား မယှဉ်နိုင်သော်လည်း ကောင်းကင်နန်းတော် နောက်ဆုံးအဆင့် ရောက်နေပြီ ဖြစ်၏။ ထို့ကြောင့် လေမိုးကြိုးဂိုဏ်း၏ အရေးပါသူထဲ ပါဝင်သည်။ သူသာ တစ်ခုခု မှားသွားလျှင် ဂိုဏ်းစွမ်းရည် ကျနိုင်လေသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now