အပိုင်း 84

224 19 0
                                    

Chapter  84

အင်မော်တယ်နှိမ်နင်းဂိုဏ်း၏ လေ့ကျင့်ရေးကွင်း၌ တပည့်များစွာ ဓားသိုင်း လေ့ကျင့်နေကြသည်။

အားလုံး၏ ဓားစွမ်းအင်များကြောင့် ကောင်းကင်တွင် နဂါးပုံပေါ်လာကာ ချက်ချင်း ဟိန်းဟောက်မလို ထင်ရလေသည်။

“ဓားသိုင်းက မဆိုးပါဘူး”

လူအုပ်ကြားမှ လူငယ်လေးတစ်ဦးက ရေရွတ်လိုက်သည်။

သူသည် လွန်ခဲ့သော (၁၀) နှစ်က ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် ရှန်ဝမ် ဖြစ်ပါသည်။

တပည့်များမှာ ကျင့်ကြံမှုသာမက အန္တရာယ်များအတွက် ဓားသိုင်းကိုပါ လေ့ကျင့်ရ၏။

“ဒီနေ့တော့ ဒီလောက်ပဲ။ နားကြတာပေါ့…”

ထိုစဉ် နဂါးတစ်ကောင် ရောက်လာကာ လက်ထဲမှဓားများ လွတ်ကျကုန်လေသည်။

“ဘာဖြစ်တာလဲ”

“ဓားတွေကို ထိန်းချုပ်လို့ မရပါလား”

"“တစ်ယောက်ယောက်က ထိန်းထားသလိုပဲ”

“အဲ့တာ ထိန်းတာထက် အမိန့်ပေးနေတာ။ လက်နက်တွေရဲ့ ဝိညာဉ်က တစ်ခုခုကို အာရုံခံမိတဲ့ပုံပဲ”

အားလုံး ဆူညံပွက်လောရိုက်သွားကြသည်။

“ဂိုဏ်းထဲမှာ ဓားစွမ်းရည်ကြီး ပေါ်လာပြီ”

ရှန်ဝမ် မျက်မှောင်ကြုတ်၍ ဓားဦးရှိရာကို လှမ်းကြည့်လိုက်ပြီး အသားများ တဆတ်ဆတ် တုန်လာတော့သည်။

အင်မော်တယ်နှိမ်နင်းဂိုဏ်းထဲ၌ ရတနာများ မရေတွက်နိုင်အောင်ရှိပြီး ထိုထဲမှ အလယ်မှ ဓားတစ်လက်မှာ အတောက်ပဆုံး ဖြစ်လေသည်။

သူ့အရှိန်အဝါ ကြီးလွန်းသောကြောင့် အခြားရတနာများပင် အနားမကပ်ရဲကြပေ။

တိရစ္ဆာန်များမှ အန္တရာယ်နှင့် အကျိုးအမြတ် နားလည်သကဲ့သို့ ဖြစ်၏။

“အကြီးအကဲချန် ဒါ ခေါင်းဆောင် လင်းရွှမ် တစ်ခါသုံးဖူးတဲ့ တိမ်မိုးဓားမလား”

လူနှစ်ယောက် ရပ်နေကြပြီး တစ်ဦးမှာ လူငယ်လေး ဖြစ်၍ ဘေးမှ အကြီးအကဲကို ကြည့်၍ ပြောနေသည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now