အပိုင်း 45

304 24 0
                                    

Chapter 45

"ကျွန်တော့်ကို ခေါ်သွားမယ်လား"

စုရင် အံ့ဩတကြီး ပြောလိုက်သည်။

ဒီမှာ အဆင်ပြေနေတာကို ဘာလို့ သွားရမှာလဲ။

နောက်ပြီး လာခေါ်ရင်လည်း နေ့ခင်းဘက် လာလို့ ရတာကို။ ဘာလို့ ညသန်းခေါင်ကြီး ခိုးကြောင်ခိုးဝှက် လာတာလဲ။

သူ ငြင်းချင်သော်လည်း စကားပြောရန် အဆင်မပြေသေးသောကြောင့် ခေါင်းသာ ယမ်းပြလိုက်သည်။

ဝူယွမ် နတ်ဆိုးဘုရင်အား ဆဲဆိုရင်း စုရင် အမူအရာကို ကြည့်ကာ

"ဆရာဦးလေး ပြောချင်တာက... ကျွန်တော်တို့နဲ့ မလိုက်ဘူးလား"

ဘာလို့လဲ။

နတ်ဆိုးဘုရင်မှာ အင်အားကြီးသော်လည်း ကြိုးစား၍ တိုက်ထုတ်ချင်သည့် သဘောလား။

ဝူယွမ် နားလည်ကာ ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအမူအရာကြောင့် စုရင် စိတ်အေးသွားလေ၏။

"ဘာလို့လဲ"

ဝူယွမ် အံကြိတ်ကာ သေချာအောင် ထပ်မေးလိုက်သည်။

"..."

စုရင် မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေမိ၏။

ရူးနေကြလား။ ကျွန်တော် အပင်တွေလည်း စိုက်ပြီး အားလုံး ပြင်ဆင်ပြီးပြီကို ဘာလို့ ထွက်သွားရမှာလဲ။

ဂိုဏ်းမှာ ပြဿနာရှိနေလို့လား။ ဒါပေမဲ့... တကယ်ဆိုလည်း ငါ့မှာ ကျင့်ကြံမှုမှမရှိတာ။ ဘာလုပ်ပေးနိုင်မှာလဲ။

သူ ဂိုဏ်းအတွက် မကူညီနိုင်သည်ကိုတော့ အနည်းငယ် စိတ်မကောင်း ဖြစ်မိပါသည်။

ထားပါ။ ဘယ်တတ်နိုင်မလဲ။ သေကြတာပေါ့။

သူ့စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ကာ ဝူယွမ်

မျက်လုံးများရဲကာ အံကြိတ်လျက်

"ကျွန်တော် နားလည်ပါပြီ"

သူအနောက်သို့ လှည့်၍

"ပြန်ကြမယ်"

ထိုအခါ အားလုံး ခေါင်းငြိမ့်၍ ပျောက်ကွယ်သွားတော့သည်။

စွမ်းအားကြီးလှသော ဆရာဦးလေး Where stories live. Discover now